
ဂျီနီဗာ စက်တင်ဘာ ၁၁
အစားသောက်နှင့် အလုပ်အကိုင် ရှားပါးမှု အာဖဂန်နစ္စတန်တွင် အဓိက စိုးရိမ်ဖွယ်ရာ ဖြစ်လာသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ ဒေသတွင်းညွှန်ကြားရေးမှူးဖြစ်သူ အန်သာဝဘ်က စက်တင်ဘာ ၁၀ ရက်တွင် ပြောသည်။
ဆောင်းတွင်းရောက်တော့မည်ဖြစ်ပြီး စီးပွားရေး အခြေအနေမှာလည်း ပြိုလဲလုနီးနီး ဖြစ်နေသဖြင့် စိုးရိမ်ပူပန်မှုများ များလာရသည်ဟု ၎င်းက ပြောသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်၏ နောက်ဆုံးကောက်ယူထားသည့် လေ့လာမှုအရ အာဖဂန်နစ္စတန်ရှိ မိသားစုပေါင်း ၉၃ ရာခိုင်နှုန်းမှာ အစားအစာ လုံလောက်မှုမရှိခြင်းနှင့် ရင်ဆိုင်နေရ သည်ဟု သိရသည်။
ဩဂုတ် ၂၁ ရက်မှ စက်တင်ဘာ ၅ ရက်အတွင်း ကျပန်းဖုန်းခေါ်ဆိုမှုများပြုလုပ်ပြီး ပြည်နယ်များတွင် စုံစမ်းကြည့်ရာ မိသားစုလေးစုအနက် သုံးစုမှာ အစားအသောက်အတွက် ရာခိုင်နှုန်းလျှော့ချရခြင်း နှင့် ချေးငှားရခြင်းများ ပြုလုပ်နေရသည်ဟု ဖြေကြားခဲ့သည်။
ဈေးပေါသည့် အစားအစာများကိုသာ ဝယ်ယူနေ ရပြီး မိဘများသည်ကလေးများကို အသားဟင်းလျာ မကျွေးနိုင်ဟု ၎င်းက ဆက်ပြောသည်။ အာဖဂန် နစ္စတန်တွင် ဩဂုတ် ၁၅ ရက်မတိုင်မီမှစတင်ကာ အစားအသောက် ဖူလုံမှုမရှိခြင်းနှင့် စတင်ကြုံတွေ့ လာရသည်ဟု ၎င်းက ပြောသည်။ ဆင်ဟွာ