
ဗန်ကောက် စက်တင်ဘာ ၁၁
ထိုင်းနိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူ ၁၅၁၉၁ ဦး ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့ရာ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ်ကူးစက် ခံရသူပေါင်း ၁ ဒသမ ၃၆ သန်း ရှိလာ ကြောင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာ စီမံကွပ်ကဲရေးစင်တာက ယနေ့ ပြောသည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီ အတွင်း ၂၅၃ ဦး ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူ ပေါင်း ၁၄၁၇၃ ဦးရှိလာသည်။
ရောဂါထပ်မံကူးစက်ခံရသူများ အနက် ၃၃၆၄ ဦးသည် မြို့တော် ဗန်ကောက်မှဖြစ်သည်။ နိုင်ငံအတွင်း ရှိ မြို့များအနက် မြို့တော် ဗန်ကောက် သည် ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ဆိုးရွားစွာ ခံစားနေရသည်။
လက်ရှိအချိန်အထိ ကာကွယ်ဆေး အလုံးရေ ၃၉ ဒသမ ၆၃ သန်း ထိုးနှံ ပေးပြီးဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၁၇ ရာခိုင်နှုန်းကျော်သည် ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးနှံမှုခံယူပြီးဖြစ် ကြောင်း သိရသည်။
ယခုနှစ်ကုန်ပိုင်းအထိ နိုင်ငံ လူဦးရေ ၇၀ ရာခိုင်နှုန်းအား ကာကွယ် ဆေးထိုးနှံပေးရန် အစိုးရက စီစဉ် ထားသည်။
ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်