ဆီနီဂေါနိုင်ငံက ဆရာများနှင့် ကျောင်းသားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်

ဒါကာ    စက်တင်ဘာ    ၁၁


ဆီနီဂေါနိုင်ငံသည် မိတ်ဖက်နိုင်ငံများနှင့် အဖွဲ့အစည်း များထံမှ လှူဒါန်းသော ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးများကို      လက်ခံရရှိခဲ့ပြီးနောက်    ဆီနီဂေါ ကျန်းမာရေးအာဏာပိုင်   အဖွဲ့အစည်းများက ကျောင်းများနှင့် တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်မည့် အောက်တိုဘာလမတိုင်မီ   ကာလအတွင်း   ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉  ရောဂါ ကာကွယ်ဆေးထိုးနှံပေးရန်  စီစဉ် လျက်ရှိကြောင်း ဆီနီဂေါကျန်းမာရေးနှင့်  လူမှုရေး ဝန်ကြီး  ဒီအော့ဖ်ဆာက စက်တင်ဘာ  ၁၀  ရက် တွင် ပြောကြားသည်။


အဆိုပါ    ကိုဗစ်-၁၉   ရောဂါ  ကာကွယ်ဆေး လှူဒါန်းမှုများကြောင့်   နိုင်ငံအတွင်း   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး    ထိုးနှံခြင်းမဟာဗျူဟာကို   တိုးမြှင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့်  ဆီနီဂေါ နိုင်ငံအတွင်းရှိ   ဒေသအားလုံး  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးလက်ခံရရှိမည်ဖြစ်ကြောင်း ဆီနီဂေါ  ကျန်းမာရေးနှင့်  လူမှုရေးဝန်ကြီး  ဒီအော့ဖ်ဆာက ပြောကြားသည်။


ဆီနီဂေါကျန်းမာရေးနှင့်   လူမှုရေးဝန်ကြီး၏ ပြောကြားချက်အရ    ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့်  ကျောင်းသားများအတွက်   လိုအပ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထောက်ပံ့ ပေးနိုင်ရန်အတွက်    တက္ကသိုလ်များ၊   ပညာရေး  စင်တာများနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ဆီနီဂေါနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွား ခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လမှစတင်ကာ  လက်ရှိ အချိန်အထိ ရောဂါကူးစက်ခံရသူစုစုပေါင်း  ၇၃၃၉၁ ဦးရှိကြောင်း၊ ပြန်လည်ကျန်းမာလာသဖြင့်  ဆေးရုံ အသီးသီးမှ  ဆင်းခွင့်ရရှိသူ စုစုပေါင်း ၆၆၀၁၅ ဦး ရှိကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူ ၁ ဒသမ ၂ သန်း နီးပါးရှိကြောင်း သိရသည်။                          

   ကိုးကား- ဆင်ဟွာ 
ဘာသာပြန်- အလင်းသစ်