ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်နေသော်လည်း ကူးစက်ခံရသူရှစ်သန်းကျော်ရှိလာတဲ့ အာဖရိက

 

နှင်းမိုးအိမ်

စက်တင်ဘာ ၁၁ ရက်မွန်းလွဲပိုင်းအထိ အာဖရိကတွင် ကိုဗစ်- ၁၉ ကူးစက်ခံရသူပေါင်း ရှစ်သန်းကျော် (၈၀၀၈၈၀၂)ဦးအထိ ရှိလာသည်ဟု အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာရှိ စာရင်းဇယားများတွင် ဖော်ပြသည်။ အာဖရိကတစ်လွှား ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူစုစုပေါင်းမှာ ၂၀၂၅၃၄ ဦး ရှိပြီး ပြန်လည်ကျန်းမာလာသူ အရေအတွက်မှာမူ ၇၂၈၀၈၃၈ ဦးရှိသည်ဟု အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောသည်။ 
ထိခိုက်ခံစားရသည့် နိုင်ငံများ
တောင်အာဖရိက၊ မော်ရိုကို၊ တူနီးရှား နှင့် အီသီယိုးပီးယားနိုင်ငံတို့မှ အာဖရိက တွင် ကိုဗစ် - ၁၉ ဆိုးဆိုးရွားရွား ထိခိုက် ခံစားရသည့်နိုင်ငံများ ဖြစ်သည်။ ဩဂုတ် ၃၀ မှ  စက်တင်ဘာ ၅  ရက်အတွင်း ကိုဗစ်- ၁၉ လူနာပေါင်း ၁၄၇၆၆၉၃ ဦးကို ဆေးစစ်ပေးနိုင်ခဲ့သည်။ တောင်အာဖရိက နိုင်ငံသည်    အာဖရိကတွင်    ကိုဗစ် - ၁၉ ကူးစက်မှု   အများဆုံးနိုင်ငံဖြစ်ပြီး ကူးစက်ခံရမှုပေါင်း ၂၈၄၈၉၂၅ ဦးရှိသည်။ အာဖရိကမြောက်ပိုင်း မော်ရိုကိုနိုင်ငံတွင်  စက်တင်ဘာ ၁၁ ရက် မွန်းလွဲပိုင်းအထိ ၈၉၉၅၈၁ ဦးရှိသည်။ 
ကာကွယ်ဆေးထိုးပေး 
အာဖရိကတွင်      ကပ်ရောဂါကြောင့် ကြီးမားသည့်  သက်ရောက်မှုဖြစ်ပေါ်ပြီး အဖွဲ့ဝင်  ၅၃ နိုင်ငံသည်    ကိုဗစ်- ၁၉ ကာကွယ်ဆေး ၁၄၅ ဒသမ ၄ သန်း ရရှိ အောင် ကြိုးပမ်းခဲ့ကြသည်ဟု အာဖရိက ရောဂါထိန်းချုပ်ရေးနှင့်  ကာကွယ်ရေး စင်တာက   ပြောသည်။     ကိုဗစ်- ၁၉ ကာကွယ်ဆေးအလုံးရေ ၁၄၅ ဒသမ ၄ သန်းအနက်  အလုံးရေ ၁၁၁ ဒသမ ၃ သန်းကို    ထိုးနှံပေးခဲ့ပြီးဖြစ်သည်ဟု အာဖရိက   ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက   ပြောသည်။ မော်ရိုကို၊  တောင်အာဖရိက၊ အီဂျစ်၊ တူနီးရှားနှင့်   ဇင်ဘာဘွေနိုင်ငံတို့သည် ကိုဗစ် - ၁၉ ကာကွယ်ဆေးကို အများဆုံး ရယူခဲ့ပြီး ၎င်းတို့၏  လူဦးရေအချိုးအစား အတိုင်း ကာကွယ်ဆေးထိုးပေးခဲ့သည်။ 
ကူးစက်မှုအနည်းဆုံးဖြစ် 
အာဖရိက‌        မြောက်ပိုင်းဒေသရှိ မော်ရိုကိုတွင် ကိုဗစ် - ၁၉ ကာကွယ်ဆေး အလုံးရေ ၃၅ ဒသမ ၅ သန်းကို  ထိုးနှံပေး နိုင်ခဲ့ပြီး လူဦးရေစုစုပေါင်း၏ ၄၄ ဒသမ ၃၄ သန်းကို   ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ နေ့စဉ်ကူးစက်မှုများအရ တောင်အာဖရိက နိုင်ငံသည်    ကူးစက်မှုအများဆုံးဒေသ ဖြစ်သည်။   ယင်းနောက်တွင် အာဖရိက မြောက်ပိုင်းနှင့်   အရှေ့ပိုင်းဒေသတို့တွင် ကူးစက်မှုအများဆုံးဖြစ်သည်။      ဗဟို  အာဖရိကတွင်မူ   ကူးစက်မှု   အနည်းဆုံး ဖြစ်သည်ဟု  အာဖရိကရောဂါထိန်းချုပ် ရေးနှင့် ကာကွယ်ရေးစင်တာက  ပြော သည်။  အာဖရိကနိုင်ငံပေါင်း ၅၃ နိုင်ငံ တွင်   ယခုအချိန်အထိ  ကိုဗစ် -၁၉ ဆေးစစ်မှုပေါင်း ၆၈၂၁၃၈၉၆   ပြုလုပ် ပေးခဲ့ပြီးဖြစ်သည်။
လျော့နည်းနေသေး 
ဗီဇပြောင်းဒယ်လ်တာ    ဗိုင်းရပ်စ် ကူးစက်မှုမှာ အာဖရိကတွင် ခြိမ်းခြောက် မှု   ဖြစ်လာသည်ဟု   ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက  မကြာသေးမီက  သတိပေး ပြောကြားခဲ့သည်။     ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး၏       ပြောကြားချက်အရ    အာဖရိက၌    အပတ်စဉ်    ကိုဗစ်- ၁၉  ကူးစက်မှုမှာ  ၂၀    ရာခိုင်နှုန်းကျော် လျော့ကျလာပြီး ကိုဗစ် - ၁၉ ကပ်ရောဂါ သည် အရှိန်လျော့ကျလာသည်ဟု  သိရ သည်။ သို့သော်လည်း ယခင်လှိုင်းများအတွင်းကူးစက်မှုများ   လျော့ကျလာမှု နှင့်နှိုင်းယှဉ်လျှင်မူ   လျော့နည်းနေသေး သည်။ 
ဒယ်လ်တာကြောင့်ကူးစက်မှုမြင့် 
ကိုဗစ် - ၁၉ ကူးစက်မှုများလျော့နည်း နေသော်လည်း    လက်ရှိလျော့ကျလာ သည့်ပမာဏမှာ    စိတ်ကျေနပ်စရာ ကောင်းသည့်ပမာဏတော့ မဟုတ်ပေ။ ဗီဇပြောင်းဒယ်လ်တာ     ဗိုင်းရပ်စ်မှာ ကူးစက်မှုအလွန်    လျင်မြန်သည့်အတွက် ကြောင့်လည်း   ကူးစက်မှုနှုန်းလျော့ကျ ခြင်းမှာ ထင်သလောက်   မရှိခဲ့ခြင်းဖြစ် သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏  အာဖရိကဆိုင်ရာဒေသတွင်း ညွှန်ကြား ရေးမှူး မတ်ရှီဒီဆိုမိုတီက  ပြောသည်။ လက်ရှိ  ကိုဗစ်- ၁၉ တတိယလှိုင်းနှင့် ကြုံတွေ့နေရသည့်          နိုင်ငံအချို့မှာ   ဒယ်လ်တာဗိုင်းရပ်စ်ကြောင့်    ကူးစက်မှု နှုန်းမြင့်မားနေရခြင်းဖြစ်သည်။ 
ဆန့်ကျင်မှုများဖြစ် 
အာဖရိကနိုင်ငံပေါင်း ၃၁ နိုင်ငံတွင် ဒယ်လ်တာဗိုင်းရပ်စ်ကူးစက်မှု  ရှိနေပြီ ဖြစ်သည်။   ဗီဇပြောင်း      ဘီတာနှင့် အယ်လ်ဖာတို့ကိုလည်း   တွေ့ရှိရသည်။ ကိုဗစ် - ၁၉  ကာကွယ်ဆေးထိုးနှံမှုနှင့် ပတ်သက်၍လည်း    တောင်အာဖရိက တွင်သတင်းမှားများ    ပျံ့နှံ့မှုများကြောင့် ဆန့်ကျင်မှုများ ဖြစ်ပေါ်ခဲ့သည်။ ကိုဗစ်-၁၉ ကာကွယ်ဆေးများကို    မည်သည့် တရားဝင်အဖွဲ့အစည်းကမှ     ထောက်ခံ ပေးမထားကြောင်း၊ လုံခြုံစိတ်ချရမှုမရှိ သဖြင့်   ထောက်ခံချက်   မပေးခြင်း ဖြစ်ကြောင်း    အမျိုးသမီးတစ်ဦးက ဆန့်ကျင်ကန့်ကွက်ရင်း အက်စ်အေဘီစီ နှင့်အင်တာဗျူးတွင်  ပြောခဲ့သည်။ 
ပူးပေါင်းဆန္ဒပြ
ထို့ပြင် ၎င်းသည်  ကာကွယ်ဆေးများ မှာ လူများကိုမြုံစေသည်ဟုလည်း စွပ်စွဲ ပြောဆိုခဲ့ကာ   ကလေးများမှာလည်း ကိုဗစ်- ၁၉ ကြောင့် မသေနိုင်ဟု စွပ်စွဲ ပြောဆိုခဲ့သည်။ ထို့ပြင် ပီစီအာ ဆေးစစ်မှု မှာလည်း   လိမ်ညာမှုသာ    ဖြစ်သည်ဟု ပြောသည်။ အဆိုပါအမျိုးသမီးမှာ ကိတ်ပ်တောင်းမြို့   ဆေးရုံအပြင်ဘက် တွင် ဆန့်ကျင်ကန့်ကွက်   ဆန္ဒပြသူ များနှင့် အတူပူးပေါင်းဆန္ဒပြခဲ့သည်။ တောင်အာဖရိကမှာ ကိုဗစ်- ၁၉ ကူးစက် မှုဒဏ်ကို ဆိုးဆိုးရွားရွား  ခံစားနေရသည့် နိုင်ငံလည်းဖြစ်သည်။
ကာကွယ်ဆေး၏ လုံခြုံစိတ်ချရမှု 
ကာကွယ်ဆေးကို  ဆန့်ကျင်နေသူ များပြားသကဲ့သို့  တောင်အာဖရိကတွင် ထိုးပေးနေသည့်   ကာကွယ်ဆေးများမှာ စမ်းသပ်ဆဲဆေးများ      မဟုတ်ပေ။ ယခုအချိန်အထိ    အက်စထရာဇနီကာ၊  ဖိုက်ဇာနှင့်   Johnson &  Johnson ကာကွယ်ဆေးများကို တောင်အာဖရိက သမ္မတ   စီရယ်ရမ်မာဖိုဆာ  ကိုယ်တိုင် ခွင့်ပြုချက်    ပေးထားသည်။   ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကလည်း  အဆိုပါ ကာကွယ်ဆေးသုံးမျိုး၏ လုံခြုံစိတ်ချရမှု ကို တင်းတင်းကျပ်ကျပ်   စစ်ဆေးထား ကြောင်း  ပြောသည်။   ကိုဗစ်-  ၁၉ ကာကွယ်ဆေးများမှာ   အရေးပေါ်သုံးစွဲ ခွင့်အတွက် ခွင့်ပြုပေးထားသော်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သေချာ စစ်ဆေးထားပြီး ပြင်းထန်စွာ ဖျားနာခြင်း နှင့် သေဆုံးမှုတို့ကို  အကာအကွယ်ပေး ကြောင်း   သက်သေပြခဲ့ပြီးဖြစ်သည်ဟု ကုလသမဂ္ဂ   ကျန်းမာရေးအေဂျင်စီက ပြောသည်။ 
ရပ်နားခဲ့ရ 
အက်စထရာဇနီကာ ကာကွယ်ဆေး နှင့်ပတ်သက်၍     ဥရောပနိုင်ငံများတွင် ကျန်းမာရေး     ပြဿနာအချို့ကြောင့် သုံးစွဲမှုရပ်နားခဲ့ရသည်။ သွေးခဲမှုပြဿနာ ကြောင့်       ရပ်နားခဲ့ရခြင်းဖြစ်သည်။ သွေးခဲမှုဖြစ်စဉ်မှာ        ရှားပါးသည့် ဘေးထွက်ဆိုးကျိုးပြဿနာဟု မှတ်တမ်း တင်ထားရန် ဥရောပ ဆေးအေဂျင်စီက အကြံပြုခဲ့သည်။ ကိုဗစ်- ၁၉ ကာကွယ် ဆေးကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုး ထက်ကောင်းကျိုးက   ပို၍အလေးသာ သည်ဟု ပြောကြားခဲ့သည်။ အက်စထရာ ဇနီကာကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ကြီးက အရေးပေါ်   သုံးစွဲခွင့် အတွက်  ခွင့်ပြုပေးခဲ့ပြီး   တစ်ကမ္ဘာလုံး အနှံ့  နိုင်ငံပေါင်း ၁၄၂ နိုင်ငံတွင် ထိုးနှံပေး လျက်ရှိသည်ဟု သိရသည်။ 
ကိုးကား- ဆင်ဟွာ၊ အေအက်ဖ်ပီ