နိုင်ငံတော်အစိုးရ တာဝန်ယူမှု ခုနစ်လမြောက်၏ မှတ်တိုင်များ

Type
8

 

 

ကနောင်

 

ယမန်နေ့မှအဆက်

အကြမ်းဖက်မှုတွေကို     ပြည်သူ တစ်ရပ်လုံးက    ဝိုင်းဝန်းကာကွယ်တိုက် ဖျက်ကြဖို့နဲ့ အကြမ်းဖက်သမား၊ အကြမ်း ဖက်အုပ်စုများနဲ့    ပတ်သက်တဲ့သတင်း တွေ၊   အကြမ်းဖက်မှုဖြစ်စေဖို့ အင်တာ နက်၊   လူမှုကွန်ရက်တွေပေါ်မှာ   လုပ်ကြံ ဖန်တီးတဲ့    သတင်းမှားထုတ်လွှင့်နေသူ တွေကို ရဲစခန်း၊  လုံခြုံရေးအဖွဲ့အစည်း များထံ   သတင်းပေးဖို့ အသိပေးထား ချက်ပဲဖြစ်ပါတယ်။     သတင်းပေးသူ၊ ဖမ်းဆီးပေးသူများကို   အထူးလျှို့ဝှက် ထားပေးမှာဖြစ်ပြီး    သတင်းပေးသူရဲ့ လုံခြုံမှုနဲ့ ဆက်စပ်သူတွေရဲ့ လုံခြုံမှုတွေကို    တာဝန်ယူပေးမှာဖြစ်တဲ့အပြင် ထိုက်တန် စွာဆုချီးမြှင့်သွားဖို့အတွက် အကြမ်းဖက် မှုတိုက်ဖျက်ရေး   ဗဟိုအဖွဲ့က ယခုလ အတွင်း  အသိပေးထုတ်ပြန်ခဲ့ပါတယ်။ 
ပြည်တွင်းပုဂ္ဂလိကစက်ရုံ၊  အလုပ်ရုံ တွေကို   မရပ်နားဘဲ အလုပ်ရှင်၊   အလုပ် သမားတွေ      ထိခိုက်နစ်နာမှုမရှိစေဖို့ ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ စနစ် တကျစစ်ဆေးပြီးမှ    ဖွင့်လှစ်ခွင့်ပေးခဲ့ သလို အလုပ်သမားထုကြီးရဲ့ အခက်အခဲ တွေကိုဖြေရှင်းဖို့အတွက် အစိုးရ၊ အလုပ် ရှင်၊    အလုပ်သမားသုံးပွင့်ဆိုင်   ညှိနှိုင်း ဆွေးနွေးပွဲကိုလည်း ဩဂုတ်လ ၃ ရက်က ကျင်းပခဲ့ပြီး အလုပ်သမားတွေရဲ့ အခွင့် အရေးနဲ့အခက်အခဲတွေကို   ညှိနှိုင်းပေး ခဲ့ပါတယ်။ ထို့အတူ လူမှုဖူလုံရေးအဖွဲ့ကို ထည့်ဝင်ကြေးတွေ ပေးသွင်းရာမှာလည်း အလုပ်ရှင်၊ အလုပ်သမား   အခက်အခဲ များကို   ဖြေလျှော့ပေးတဲ့အစီအစဉ်အဖြစ် ခြောက်လ   နောက်ဆုတ်ပေးသွင်းခွင့်နဲ့ အဲဒီကာလတွေမှာ  ပျက်ကွက်ကြေးကို လည်း   ကင်းလွတ်ခွင့်ကို   ဩဂုတ်လ ၆ ရက်က   ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အာမခံအလုပ်သမားတွေအတွက်  လူမှု ဖူလုံရေး-ကဲဝဲလ်   အထွေထွေရောဂါကု ဆေးခန်းကို     ဒဂုံမြို့သစ်  (ဆိပ်ကမ်း) မြို့နယ်မှာ ဩဂုတ်လ ၂၇ ရက်က ဖွင့်လှစ် ပေးနိုင်ခဲ့တဲ့အပြင်      စက်မှုဇုန်များက အာမခံ   အလုပ်သမားများအပါအဝင် ယခုလအတွင်းမှာ  လူမှုဖူလုံရေးအကျုံးဝင်အာမခံအလုပ်သမား ၈၉၃၇၇၂ ဦးကို ကိုဗစ်-၁၉ ကာကွယ်ဆေးများ  ထိုးနှံပေး နိုင်ခဲ့ပြီဖြစ်ပါတယ်။
နိုင်ငံတော်အစိုးရရဲ့   ပြည်သူအကျိုး စီးပွားအတွက်   ဆောင်ရွက်ချက်တစ်ခု အနေနဲ့      ရေးဖွင့်ထားတဲ့အမှုတွေကို ဥပဒေနဲ့အညီ      ပိတ်သိမ်းပေးတာ၊   ရုပ်သိမ်းပေးမယ့်အကြောင်း   ဩဂုတ်လ ၃ ရက်က   သိရှိခဲ့ရပါတယ်။   လူသတ်၊ လုယက်၊   မီးရှို့၊    မိုင်းခွဲစတဲ့အကြမ်းဖက် လုပ်ရပ်တွေကို ပြည်သူ၊  လုံခြုံရေးတပ်ဖွဲ့ ဝင်တွေနဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံပိုင် လမ်း၊ တံတား၊ အဆောက်အအုံတွေအပေါ် လုပ်ဆောင်ခဲ့သူ၊ CDM  လှုပ်ရှားမှုတွေကို ကာယကံမြောက်   ထဲထဲဝင်ဝင်    လုပ် ဆောင်သူတွေမှအပ        စိုးရိမ်စိတ်နဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့       ဝန်ထမ်း တွေ၊     အသိပညာရှင်၊     အတတ်ပညာရှင် တွေနဲ့     ပြည်သူတွေကို    ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့ ဖြစ်ပါ တယ်။    တိုင်းဒေသကြီးနဲ့   ပြည်နယ် အသီးသီးမှာ  ဆက်သွယ်နိုင်တဲ့လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို  ဖော်ပြပေးပြီး လက်ခံ ခေါ်ယူခဲ့တာကြောင့်  ဩဂုတ်လ ၄ ရက်မှ ၁၂ ရက်အကြား ကျန်းမာရေး၊ ပညာရေးနဲ့ အလွှာစုံက  တိမ်းရှောင်နေသူ  ၂၂၇   ဦး ဆက်သွယ်လာခဲ့ပြီး     သတ်မှတ်ချက်နဲ့ ကိုက်ညီမှုရှိခဲ့တဲ့ ၁၅၀ ဦးရဲ့   အမှုတွေကို ပိတ်သိမ်းပေးခဲ့သလို  ကျန်ရှိအမှုတွေကို လည်း    အမြန်ပိတ်သိမ်းနိုင်ဖို့     စိစစ် ဆောင်ရွက်နေတာကို သိရှိရပါတယ်။
စီးပွားရေးအတွက် ခြေလှမ်းများစွာ
ကိုဗစ်-၁၉    ရောဂါ    ဖြစ်ပေါ်နေတဲ့ ကာလအတွင်း   မိမိတို့နိုင်ငံရဲ့   အခြေခံ စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့   စိုက်ပျိုးရေးနဲ့မွေးမြူရေးကဏ္ဍတိုးတက်မြင့်မားဖို့အတွက်  ကြိုးပမ်းဆောင်ရွက်ချက်တွေ ကို ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးသီးမှာ    အင်တိုက်အားတိုက်   လုပ်ဆောင်လာ တာကိုလည်း မြင်တွေ့ရပါတယ်။ 
အစိုးရ၊   တပ်မတော်နဲ့ ပုဂ္ဂလိကပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေကနေ ကုန်ထုတ်လုပ်မှု    ရာနှုန်းပြည့်တိုးတက် လာဖို့     တိုင်းဒေသကြီးနဲ့  ပြည်နယ် အသီးသီးက   ဝန်ကြီးချုပ်တွေ၊ တိုင်းမှူး တွေနဲ့    တာဝန်ရှိသူတွေက    လိုအပ်ချက် တွေကို   နေ့စဉ်လိုက်လံဖြည့်ဆည်းပေး လျက်ရှိတာကိုလည်း        အားတက်ဖွယ် မြင်တွေ့ရပါတယ်။  အစိုးရ၊ တပ်မတော်နဲ့ ပုဂ္ဂလိကပိုင်  မွေးမြူရေးခြံများနဲ့ စိုက်ပျိုး ရေးစခန်းတွေကို   သွားရောက်ကြည့်ရှုပြီး လိုအပ်တာတွေကို   ဖြည့်တင်းပေးနိုင်ဖို့၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ    သုတေသန လုပ်ငန်းများ  တွင်ကျယ်စေဖို့ ဆောင်ရွက် လျက် ရှိပါတယ်။
နိုင်ငံခြားရည်ညွှန်းငွေလဲလှယ်နှုန်း သတ်မှတ်ချက်နဲ့ပတ်သက်ပြီး လိုင်စင်ရ ဘဏ်တွေ၊ နိုင်ငံခြားသုံးငွေရောင်းဝယ်သူတွေနဲ့   မြန်မာနိုင်ငံတော်ဗဟိုဘဏ်တာဝန်ရှိသူတွေ  တွေ့ဆုံပြီး ရောင်းဈေး၊ ဝယ်ဈေးကွာခြားမှု      နည်းပါးစေဖို့၊ ဒေါ်လာဈေးမြင့်မားမှုကြောင့်   အခြား ကုန်စည်တွေ       ဈေးမြင့်တက်မှုကို တားဆီးနိုင်ဖို့      ဩဂုတ်လ ၃ ရက်က ညှိနှိုင်းအဖြေရှာခဲ့ကြတာကိုလည်း   တွေ့ မြင်ရပါတယ်။
စိုက်ပျိုးရေးသီးနှံတွေကို    ပြည်ပ တင်ပို့မှုအားကောင်းစေဖို့    ဆောင်ရွက် လျက်ရှိရာမှာ ပြီးခဲ့တဲ့  ဇွန်လက နှစ်နိုင်ငံ အကြား     မတ်ပဲနဲ့ပဲစင်းငုံရောင်းဝယ် မှု     ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို    အကောင် အထည်ဖော်တဲ့အနေနဲ့ အိန္ဒိယနိုင်ငံကို     မတ်ပဲနဲ့ပဲစင်းငုံ        သတ်မှတ်တန်ချိန်   ပြည့်မီအောင်တင်ပို့နိုင်ဖို့အတွက် ယခုလ အတွင်း      ညှိနှိုင်းဆောင်ရွက်မှုများ      စတင်နိုင်ခဲ့တာကို ဩဂုတ်လ ၉ ရက်က  မြင်တွေ့ရပါတယ်။ ကျေးလက်ဖွံ့ဖြိုးရေး လုပ်ငန်းများ  အားကောင်းစေဖို့  သမဝါ ယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန က    ကြိုးပမ်းလျက်ရှိနေပြီး     စံပြကျေးရွာ စီမံကိန်းလုပ်ငန်းများကိုလည်း  အရှိန် အဟုန်နဲ့ ဆောင်ရွက်လျက်ရှိပါတယ်။
ဩဂုတ်လအတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် အစိုးရရုံးများ၊ ဈေးများ၊ စာသင် ကျောင်းများကို      ပိတ်ထားခဲ့ရပေမယ့် ကမ်းဝေးငါးဖမ်းလုပ်ငန်းနဲ့    ရေထွက် ပစ္စည်း   ပြည်ပတင်ပို့တာတွေကို  အရှိန် အဟုန်မပျက်   ဆောင်ရွက်လျက်ရှိရာမှာ ဩဂုတ်လပထမပတ်အတွင်း   ပင်လယ် ကမ်းဝေးငါးဖမ်းရေယာဉ်  ၅၇၃ စင်းကို မူလခွင့်ပြုထားတဲ့ ၈၉၉ စင်းအပါအဝင် စုစုပေါင်း    ငါးဖမ်းရေယာဉ်  ၁၄၇၂ စင်းနဲ့ ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်းများ  ဆောင် ရွက်ခွင့်ရရှိခဲ့တာကိုလည်း     ဩဂုတ် ၉ ရက်က သိရှိရပါတယ်။ ဩဂုတ်လအတွင်း ကော့သောင်း-ရနောင်း နယ်စပ်ကုန်စည် ကူးသန်းရောင်းဝယ်မှု  သတ်မှတ်ချိန်တွေ ကို     တိုးမြှင့်ခွင့်ပြုပေးခဲ့တာကိုလည်း ဩဂုတ် ၁၃  ရက်က   တွေ့ရှိရပါတယ်။ မူလက  နေ့စဉ်နံနက်  ၆ နာရီက မွန်းလွဲ ၁နာရီအတွင်းသာ      ကုန်သွယ်မှုတွေ ဆောင်ရွက်ခဲ့ရသော်လည်း  ယခုမူ နံနက် ၆ နာရီမှ ညနေ ၆နာရီအထိ နေ့စဉ်တိုးမြှင့် ကုန်သွယ်မှုပြုနိုင်ခဲ့ပြီဖြစ်ပါတယ်။
အာဆီယံစီးပွားရေး    အသိုက်အဝန်း (အေအီးစီ) ၂၀၂၅   လုပ်ငန်းစီမံချက်မှာ ပါဝင်တဲ့      လုပ်ငန်းကော်မတီ   ၂၂   ခုရဲ့ လုပ်ငန်းညှိနှိုင်းမှုတွေကို ဩဂုတ်လ ၁၃ ရက်က        ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ထို့အတူ  စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေး ဇုန်နဲ့      စားသောက်ကုန်ထုတ်လုပ်မှု လုပ်ငန်းတွေကို ပိုမိုရင်းနှီးမြှုပ်နှံနိုင်စေဖို့အတွက် သက်ဆိုင်ရာဝန်ကြီးဌာနတွေ က  လိုအပ်တဲ့ပံ့ပိုးမှုတွေ   ပေးအပ်နိုင်ဖို့ အတွက်   အစည်းအဝေးတစ်ရပ်ကိုလည်း ဩဂုတ်လဒုတိယပတ်အတွင်းက ကျင်းပ ခဲ့ပါတယ်။       စီမံကိန်းတွေအတွက်   မြေနေရာ      သတ်မှတ်တာတွေကနေ ဝန်ဆောင်မှု၊ ထုပ်ပိုးမှု၊ သယ်ယူပို့ဆောင် မှု၊ သုတေသနစတဲ့ လုပ်ငန်းအောင်မြင် နိုင်ရေးကိစ္စရပ်တွေအတွက်  အဖြေရှာပူးပေါင်းဆောင်ရွက်ခဲ့ကြတာကိုလည်း မြင်တွေ့ရပါတယ်။
ယခုလအတွင်းမှာ အခြေခံစားကုန်နဲ့ အိမ်သုံးဆေးဝါးတွေကို  ရွေ့လျားဈေး ကားစနစ်နဲ့            ဈေးနှုန်းချိုသာစွာ လှည့်လည်ရောင်းချပေးနိုင်ခဲ့တဲ့အတွက် ကိုဗစ်ကြောင့် ဆေးလိုအပ်ချက်နဲ့ စားနပ် ရိက္ခာလိုအပ်ချက်ကို  ဖြည့်ဆည်းပေးနိုင် ခဲ့တာကြောင့်        ပြည်သူများအတွက် အဆင်ပြေလွယ်ကူခဲ့ပါတယ်။ 
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာတဲ့ စီးပွားရေး    သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း       ကော်မတီက ဦးဆောင်ရေးဆွဲတဲ့    မြန်မာနိုင်ငံစီးပွား ရေး   ပြန်လည်ဦးမော့လာစေရေးစီမံချက် ကို ဩဂုတ်လ  ၂၅ ရက်က    အပြီးသတ် ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။    စီမံချက် အတွင်း    လုပ်ငန်းအစီအစဉ်   ၁၀ ခု၊ မျှော်မှန်းချက် ၂၇ ခု၊   လုပ်ငန်းစဉ် ၄၀၇ ခုတို့    ပါဝင်ကြောင်း     သိရှိရပါတယ်။ ကော်မတီဝင်များက    စီမံချက်မူကြမ်း အပေါ် ဝိုင်းဝန်းဖြည့်စွက် ဆွေးနွေးခဲ့ကြ ပြီးဖြစ်တာကြောင့်   အတည်ပြုနိုင်ရေး ဆောင်ရွက်နေပြီဖြစ်ပါတယ်။
တတိယလှိုင်းကို အန်တု၊ အောင်မြင်စွာ ဖြတ်ကျော်
ကျန်းမာရေးဝန်ကြီးဌာနက ဩဂုတ် လအတွင်း ပြည်သူလူထုထံကို  အသိပေး ချက်များ   ထုတ်ပြန်ခဲ့ပါတယ်။ မြန်မာ နိုင်ငံအတွင်း     ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်ရေးနဲ့   အရေးပေါ်တုံ့ပြန်ရေး ကော်မတီရဲ့  ဦးဆောင်မှုနဲ့ ပြည်သူလူထု ကို  အခမဲ့ကာကွယ်ဆေး   ထိုးနှံပေးခဲ့ခြင်း၊ အရည်အသွေးကောင်းမွန်ပြီး   ဘေးကင်း စိတ်ချရတဲ့      ကာကွယ်ဆေးတွေဖြစ်ရန် လိုအပ်ခြင်းနဲ့        ဈေးကွက်အတွင်း ကာကွယ်ဆေးအတုအပများ    ရောင်းချ နေခြင်းမှာ ရောဂါကာကွယ်နိုင်ခြင်းမရှိတဲ့အပြင်  ဘေးအန္တရာယ်ပါဖြစ်စေနိုင်တဲ့ အတွက်     ကျန်းမာရေးဝန်ကြီးဌာနက တရားဝင်       အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေကိုသာ     ထိုးနှံကြဖို့ နိုင်ငံတော်အစိုးရက    တိုက်တွန်းခဲ့သလို တရားမဝင်ကာကွယ်ဆေး  အတုအပများ ဖြန့်ဖြူး    ရောင်းချနေမှုတွေကိုလည်း အရေးယူသွားမှာဖြစ်တယ်လို့   အသိပေးခဲ့ ပြီး ဆေး ဈေးကွက်အတွင်း  မှန်ကန်မျှတ တဲ့  ဈေးနှုန်းတွေကိုလည်း    နေ့စဉ်ထုတ် သတင်းစာတွေမှာ  ဖော်ပြပေးခဲ့ပါတယ်။
အများပြည်သူရုံးပိတ်ရက်တွေအဖြစ် ကြေညာခဲ့တဲ့      ကာလတစ်လျှောက် နယ်စပ်ကုန်သွယ်ရေးစခန်းတွေမှာ ပုံမှန် အတိုင်း ပို့ကုန်သွင်းကုန်လုပ်ငန်းတွေကို ရပ်ဆိုင်းထားခြင်းမရှိဘဲ     ဆောင်ရွက် ပေးနေသလို   ပို့ကုန်သွင်းကုန်လိုင်စင် လျှောက်ထားမှုတွေကိုလည်း  အွန်လိုင်း မှတစ်ဆင့်   ပုံမှန်ခွင့်ပြုပေးလျက်ရှိပါ တယ်။   ဒါကြောင့်   ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊     ကုသရေးနဲ့ဆိုင်တဲ့  ဆေးနဲ့ ဆက်စပ်ပစ္စည်းတွေကို  တင်သွင်းခွင့်ပြု ပေးခဲ့တာတွေကိုလည်း   နေ့စဉ်မြင်တွေ့ ခဲ့ရပါတယ်။
တိုင်းဒေသကြီးနဲ့ပြည်နယ်အသီးသီးမှာရှိတဲ့     ပြည်သူ့ဆေးရုံ၊    တပ်မတော် ဆေးရုံ၊   ကျန်းမာရေးဌာနတွေ၊ ကျန်းမာ ရေးဝန်ထမ်းတွေနဲ့       ကိုဗစ်စင်တာ တွေ၊     ပရဟိတအသင်းအဖွဲ့တွေထံကို အောက်ဆီဂျင်အိုးအပါအဝင်       ရောဂါ ကာကွယ်ရေးအထောက်အကူပြု  ပစ္စည်း တွေကို       ဖြန့်ဝေလှူဒါန်းခြင်းတွေကို ယခုလအတွင်း    အများဆုံးမြင်တွေ့ခဲ့ရပါ တယ်။     ကိုဗစ်အတည်ပြုလူနာများနဲ့ သီးသန့်         စောင့်ကြည့်ရမယ့်သူများ အတွက်   နေရာထိုင်ခင်း ကြိုတင်ပြင်ဆင် မှုတွေကိုလည်း        တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးမှာရှိတဲ့     တပ်မတော် ဆေးရုံတွေ၊   နယ်မြေခံသင်တန်းကျောင်း တွေ၊   စစ်ကြောရေးနဲ့တည်းခိုရေးစခန်း တွေမှာ စဉ်ဆက်မပြတ်  ကြိုတင်ပြင်ဆင် တာ၊   လက်ခံထားရှိတာတွေကို    လုပ် ဆောင်ခဲ့ပါတယ်။
ထို့အတူ     ကျန်းမာရေးဝန်ကြီးဌာန ကနေ   ဩဂုတ်လ ၂ ရက်မှာ  ပြည်သူသို့ အသိပေး    ပြန်ကြားချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။     Stay at Home ကာလ   စည်းကမ်းမလိုက်နာသူတွေကို အနယ်နယ်အရပ်ရပ်မှာ    အရေးယူတာ၊ အသိပညာပေးတာတွေကို    လုပ်ဆောင် လျက်ရှိပါတယ်။    အိမ်သုံးဆေးဝါးတွေနဲ့ ကျန်းမာရေးသုံးပစ္စည်းတွေကို  သိုလှောင် တာ၊    အမြတ်တင်ရောင်းချနေတာတွေ ကိုလည်း  ဖော်ထုတ်အရေးယူခြင်းများကို ဩဂုတ်လအတွင်း      လုပ်ဆောင်နိုင်ခဲ့ပါ တယ်။  ထို့အတူ နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်များ       ပျံသန်းဆင်း သက်ခြင်းကို    ယာယီကန့်သတ်ကာလ တိုးမြှင့်တာ၊      ကိုဗစ်-၁၉    ကာကွယ်၊ ထိန်းချုပ်၊    ကုသရေးဗဟိုကော်မတီက အသိပေးကြေညာချက်တွေ    ထုတ်ပြန် တာတွေကို ဆောင်ရွက်ခဲ့ပါတယ်။
ကိုဗစ်-၁၉   ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေကိုလည်း   ယခုလအတွင်း အများပြည်သူများရဲ့   လှူဒါန်းမှုမြင့်တက် လာခဲ့တာကို    ဝမ်းမြောက်ဖွယ်သိရှိရပါ တယ်။ ရန်ပုံငွေ  စီမံခန့်ခွဲမှုဆပ်ကော်မတီ ရဲ့      အသိပေးကြေညာချက်တွေအရ လှူဒါန်းရရှိမှုနဲ့  ကာကွယ်ဆေးဝယ်ယူမှု အခြေအနေတွေကိုလည်း      ပွင့်လင်း မြင်သာစွာသိရှိခွင့် ရခဲ့ပါတယ်။
ထို့အတူ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ များအတွက်  နောက်ဆက်တွဲလိုအပ်ချက် တစ်ခုဖြစ်တဲ့    အောက်ဆီဂျင်လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်ဖို့  တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက     ပြည်သူ့ဆေးရုံ တွေနဲ့          တပ်မတော်ဆေးရုံတွေမှာ အောက်ဆီဂျင်ထုတ်လုပ်တဲ့    စက်ရုံများ တည်ဆောက်လျက်ရှိရာ    ဩဂုတ်လ အတွင်း       ပြီးစီးသွားသည့်   စက်ရုံ များစွာ   ထွက်ပေါ်လာခဲ့ပြီ    ဖြစ်ပါတယ်။    ထို့အတူ       တိုင်းဒေသကြီးနဲ့    ပြည်နယ် အသီးသီးက       ပြည်သူတွေအားလုံး   သတ်မှတ်အုပ်စုများအလိုက် ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့အတွက်  ကာကွယ် ဆေးတွေကို      မြေပြင်အအေးလမ်း ကြောင်း        မော်တော်ယာဉ်တွေနဲ့ ဖြန့်ဖြူးပေးလျက်ရှိသလို၊   တပ်မတော် လေယာဉ်များ၊  ရဟတ်ယာဉ်များနဲ့လည်း ဖြည့်ဆည်း      ဖြန့်ဖြူးပေးနေတာကို မြင်တွေ့ရပါတယ်။
ဩဂုတ်လ ၈ ရက်က   တရုတ်ပြည်သူ့ သမ္မတနိုင်ငံကနေ        ဝယ်ယူထားတဲ့ ကိုဗစ်-၁၉    ရောဂါ      ကာကွယ်ဆေး တစ်သန်းရောက်ရှိလာခဲ့သလို  တရုတ် ပြည်သူ့လွတ်မြောက်ရေး  တပ်မတော်နဲ့ ပေကျင်းမြို့မှာရှိတဲ့          မြန်မာသံရုံး၊ စစ်သံရုံးတို့က   လှူဒါန်းတဲ့   ကာကွယ် ဆေးများနဲ့ ဆေးဘက်ဆိုင်ရာအထောက် အကူပစ္စည်းများ    ဩဂုတ်လ ၂၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုလည်းကောင်း၊   တရုတ်နိုင်ငံမှ   ဝယ်ယူ ထားတဲ့        ကာကွယ်ဆေး ၂ သန်းမှာ ဩဂုတ်  ၂၈ ရက်က     လည်းကောင်း ရောက်ရှိလာခဲ့ပါတယ်။ 
ကျန်းမာရေးဝန်ကြီးဌာန    ကနေ ကိုဗစ်- ၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွေကို       ပိုမိုထိရောက်စေဖို့ အတွက်    ဩဂုတ်လအတွင်း    မြင်းခြံ မြို့နယ်၊   ဘီးလင်းမြို့နယ်၊   ကျိုင်းတုံမြို့ နယ်၊ နေပြည်တော် တပ်ကုန်းမြို့နယ်၊ ထားဝယ်မြို့နယ်၊    မြိတ်မြို့နယ်၊ မိုးညှင်း မြို့နယ်၊ ဝိုင်းမော်မြို့နယ်၊ လွိုင်ကော်မြို့ နယ်၊ ကျွန်းလှမြို့နယ်၊  ချောင်းဆုံမြို့နယ် စတဲ့  မြို့နယ်တွေကို    Stay at Home မြို့နယ်များအဖြစ် သတ်မှတ်ခဲ့ပါတယ်။
သတင်းမှန်စီးဆင်းမှု မြန်ဆန်စေရေး
ကြိုးပမ်းလျက်ရှိ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ကို  ဩဂုတ်လ အတွင်း     ပြည်တွင်း၊   ပြည်ပသတင်း မီဒီယာများထံက   ဆက်သွယ်မေးမြန်းမှု များရှိခဲ့ပြီး    သတင်းမှန်ရရှိရေးအတွက် အချိန်နဲ့တစ်ပြေးညီ     ပြန်လည်ဖြေကြား ပေးလျက်ရှိတာကိုလည်း      မြင်တွေ့ရပါ တယ်။         တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့အမည်ကို  အလွဲသုံး၍ သတင်းမှားလွှင့်တင်ခြင်းကို    ဩဂုတ်လ ၁၁ ရက်က  ပြန်လည်ရှင်းလင်းထုတ်ပြန် ခဲ့ပါတယ်။ 
မီဒီယာကဏ္ဍ   တိုးတက်မြင့်မားရေး အတွက်     မြန်မာနိုင်ငံသတင်းမီဒီယာ ကောင်စီဝင်များကို  ရွေးချယ်တင်မြှောက် ခဲ့ပြီး     အသစ်ပြန်လည်ဖွဲ့စည်းမှုတွေကို ဩဂုတ်လအတွင်း   ဆောင်ရွက်ပေးနိုင်ခဲ့ ပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က    နိုင်ငံခြား သံရုံး  ကိုယ်စားလှယ်များ၊ သတင်းမီဒီယာ များနှင့်တွေ့ဆုံကာ(၈/၂၀၂၁)  သတင်းစာ ရှင်းလင်းပွဲကို ဩဂုတ် ၂၇ ရက်က ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ရေးနည်းလမ်း များနဲ့အညီ ပြုလုပ်ခဲ့ပါတယ်။  သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်  ဗိုလ်ချုပ် ဇော်မင်းထွန်းက   ရှင်းလင်းပြောကြားရာ မှာ နိုင်ငံတော်အစိုးရရဲ့   နိုင်ငံရေး၊ လူမှု ရေးနဲ့   လူမှုစီးပွားဘဝ  ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ       ဆောင်ရွက်ချက်များ၊ ကိုဗစ်-၁၉ ရောဂါ   ကာကွယ်၊  ထိန်းချုပ်၊ ကုသရေးဆိုင်ရာ   ဆောင်ရွက်ချက်များ၊ နိုင်ငံတော်အစိုးရ၏  ရှေ့လုပ်ငန်းစဉ်များ၊ ဦးတည်ချက်များကို   ချမှတ်အကောင်အထည်ဖော်နေမှုဆိုင်ရာများနဲ့    နိုင်ငံ တော်  တည်ငြိမ်အေးချမ်းရေး၊   လုံခြုံရေး စတဲ့ကိစ္စရပ်တွေကို     ဗီဒီယိုဖိုင်များနဲ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ထို့နောက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်အဖွဲ့ဝင်   ဦးခင်မောင်ဦးက ရွေးကောက်ပွဲဆိုင်ရာ စစ်ဆေးတွေ့ရှိ ချက်များ၊ ၂၀၂၀ ပြည့်နှစ်  ရွေးကောက်ပွဲ ပယ်ဖျက်ကြောင်း       ကြေညာချက် ထုတ်ပြန်ခဲ့မှုနဲ့   ကော်မရှင်ရဲ့   ရှေ့ဆက် ဆောင်ရွက်မယ့်      လုပ်ငန်းစဉ်တွေကို ရှင်းလင်းပြောကြားခဲ့ပြီး   တက်ရောက် လာကြသူတွေရဲ့          မေးမြန်းမှုတွေ ကို           သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်နဲ့             ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်  အဖွဲ့ဝင်တို့က ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။
နိဂုံးချုပ်တင်ပြရလျှင်   နိုင်ငံတော် အစိုးရဆိုတာ  နိုင်ငံနဲ့  ပြည်သူတွေကို အကျိုးစီးပွားဖြစ်ထွန်းစေဖို့၊   တည်ငြိမ် အေးချမ်းစေဖို့နဲ့   အခက်အခဲ၊  အကျပ် အတည်းတွေနဲ့     မှားယွင်းတိမ်းချော် မှုတွေကို           ပြန်လည်တည့်မတ်စေဖို့ ပေါ်ထွက်ခဲ့ရသူများဖြစ်ပါတယ်။  ပြည်သူ နဲ့အစိုးရအကြား အပြန်အလှန် ချစ်ခင် ရင်းနှီးစွာ၊  ယုံကြည်လေးစားစွာ ပူးပေါင်း ဆောင်ရွက်ကြခြင်းရဲ့     ရလဒ်အဖြစ် ကိုဗစ်တတိယလှိုင်းကို          လျော့နည်း ကျဆင်းအောင် ကြိုးပမ်းခဲ့တဲ့ ဩဂုတ်လ က    သက်သေတည်နေပြီဖြစ်ပါတယ်။ ရှေ့အနာဂတ်      ကာလများမှာလည်း ယခုထက်ပိုမိုတဲ့ သွေးစည်းညီညွတ်မှုကို အရင်းခံပြီး ဒီမိုကရေစီနိုင်ငံတော် သမိုင်း သစ်ကို အစိုးရ၊ ပြည်သူနဲ့  တပ်မတော် တို့        အတူတကွ         ထုဆစ်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။          ။