တီဟီရန် စက်တင်ဘာ ၁၃
အီရန်နိုင်ငံသည် နိုင်ငံအတွင်းရှိ နျူကလီးယားစက်ရုံများတွင် အပြည်ပြည်ဆိုင်ရာ အဏုမြူ စွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)၏ စောင့်ကြည့်ကင်မရာများ တပ်ဆင်ရန် ခွင့်ပြုပေးလိုက်သည်ဟု သိရသည်။
အိုင်အေအီးအေမှ အကြီးအကဲဖြစ်သူ ရာဖယ် ဂရော့စီနှင့် အီရန်နိုင်ငံ၏ အဏုမြူစွမ်းအင် အဖွဲ့အစည်းမှ အကြီးအကဲဖြစ်သူ မိုဟာမက် အက်စ် လာမီတို့ တွေ့ဆုံခဲ့ပြီးနောက် ယခုလိုသဘောတူညီ မှုကို ကြေညာခဲ့ခြင်းဖြစ်သည်။
အီရန်သမ္မတ အီဘရာဟင် ရိုင်စီ သမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်သည့် အချိန်မှစတင်ကာ အိုင်အေအီးအေမှအကြီးအကဲသည် အီရန်သို့ ပထမ အကြိမ်အဖြစ် လာရောက်ခဲ့ခြင်းဖြစ်သည်။
အီရန်နိုင်ငံသည် ကုလသမဂ္ဂ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့အစည်းနှင့် ဖေဖော်ဝါရီလ အတွင်းမှစတင်ကာ စောင့်ကြည့်ရေး မှတ်တမ်းများ ကို ထိန်းသိမ်းသွားရန် သဘောတူခဲ့သည်။ သို့သော် လည်း အိုင်အေအီးအေ၏အစီရင်ခံစာအရ ပစ္စည်း ကိရိယာများကို စောင့်ကြည့်ရန် ဝင်ခွင့်မရဟု သိရ သည်။
ယခုပူးတွဲထုတ်ပြန်သည့် ကြေညာချက်အရ အိုင်အေအီးအေမှ စုံစမ်းစစ်ဆေးသူများကို ပစ္စည်း ကိရိယာများ ဝန်ဆောင်မှုပေးရန်နှင့် သိမ်းဆည်း ထားသည့်ပစ္စည်းများကို အစားထိုးရန် ခွင့်ပြုပေး ခဲ့သည်။
အင်န်အိတ်ချ်ကေ