
တိုကျို စက်တင်ဘာ ၁၃
ဂျပန်နိုင်ငံတွင် လူဦးရေ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ် -၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပေး ပြီးပြီဟု သိရသည်။
ဂျပန်နိုင်ငံ၏ ကိုဗစ်- ၁၉ ကာကွယ်ဆေး ထိုးပေးနိုင်သည့် နှုန်းမှာ မကြာမီအချိန်အတွင်း ဗြိတိန်နှင့် ပြင်သစ်နိုင်ငံတို့ကို မီတော့မည်ဖြစ်ကြောင်း ကိုဗစ်-၁၉ ကြီးကြပ်ရေးဆိုင်ရာဝန်ကြီးက စက်တင်ဘာ ၁၂ ရက်တွင် ပြော သည်။ လက်ရှိနှုန်းထားဖြင့်သာကာကွယ်ဆေး ထိုးနှံမှုလုပ်ငန်း များ ဆက်လက်လုပ်ဆောင်နိုင်ပါ က ယခုလကုန်ပိုင်းတွင် ၆၀ ရာခိုင်နှုန်းကျော် ရှိလာမည်ဟု လည်း ယာဆူတိုရှီ နစ်ရှီမူရ က တီဗွီ အစီအစဉ်တွင် ပြောကြား ခဲ့သည်။
ဂျပန်နိုင်ငံသည် ကနဦးတွင် ကာကွယ်ဆေး ထိုးပေးရာ၌ အခြားသော စီးပွားရေးအင်အား ကြီးနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် နောက်ကျ ကျန်ရစ်ခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင် အရှိန် မြင့်လာနိုင်ခဲ့သည်။ အမေရိကန် ပြည်ထောင်စုတွင် ၅၃ ရာခိုင်နှုန်း အပြည့် ကာကွယ်ဆေးထိုးပေး ပြီး ဖြစ်သည်။
စင်ကာပူနိုင်ငံတွင်မူ လူဦးရေ ၏ ၈၀ ရာခိုင်နှုန်းကို နှစ်ကြိမ် ကာကွယ်ဆေး ထိုးပေးပြီးဖြစ် သည်။ ဂျပန်နိုင်ငံတွင် ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးပေးခြင်းကို ဖေဖော်ဝါရီလအတွင်းက စတင် ခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများကို ဦးစွာ ကာကွယ်ဆေးထိုးပေးခဲ့ သည်။ ထို့နောက် အသက် ၆၅ နှစ်နှင့်အထက်များကို ဧပြီလတွင် ကာကွယ်ဆေးထိုးပေးခဲ့သည်။
ဂျပန်နိုင်ငံတွင် ကူးစက်မြန် ဒယ်လ်တာကြောင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ အကျပ် အတည်းအောက်တွင် ရှိနေဆဲဖြစ် သည်။
တစ်နိုင်ငံလုံးအနှံ့ ကိုဗစ်-၁၉ ကူးစက်မှုမှာလည်း စက်တင်ဘာ ၁၂ ရက်တွင် ၇၂၀၀ ရှိသည်ဟု သိရသည်။
ကျိုဒို