တရုတ်နိုင်ငံမှ လှူဒါန်းသော ဆီနိုဖမ်းကာကွယ်ဆေး ဒုတိယအသုတ် ဘရူနိုင်းနိုင်ငံ လက်ခံရရှိ

 

ဘန်ဒါဆီရီဘီဂါဝမ်  စက်တင်ဘာ  ၁၃


တရုတ်နိုင်ငံအစိုးရက   ပေးပို့သော ဆီနိုဖမ်းကိုဗစ်- ၁၉ ကာကွယ်ဆေးအလုံးရေ ၁၀၀၀၀၀ မှာ ဘရူနိုင်းနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့   စက်တင်ဘာ ၁၂ ရက်  ညပိုင်းက   ရောက်ရှိခဲ့သည်ဟု သိရသည်။ 
လွန်ခဲ့သည့်နှစ်မှစတင်ကာ   ကိုဗစ်- ၁၉  ကပ်ရောဂါကို   ရင်ဆိုင်တိုက်ဖျက်ရာ၌   တရုတ်နိုင်ငံနှင့်   ဘရူနိုင်းနိုင်ငံတို့သည်  အတူတကွ  လက်တွဲလုပ်ဆောင်ခဲ့သည်ဟု  ဘရူနိုင်းနိုင်ငံဆိုင်ရာ  တရုတ်သံအမတ်ကြီး Yu Hong က ပြောသည်။ 
၂၀၂၁ ခုနှစ်  ဖေဖော်ဝါရီလအတွင်းကလည်း  တရုတ်နိုင်ငံထုတ်    ဆီနိုဖမ်းကာကွယ်ဆေးအလုံးရေ ၅၂၀၀၀ ကို  ဘရူနိုင်းနိုင်ငံက   လက်ခံရရှိခဲ့ပြီး ယခုတစ်ကြိမ်မှာ  ဒုတိယအကြိမ်  လက်ခံရရှိခြင်းဖြစ်ကြောင်း သိရသည်။                                                ဆင်ဟွာ