တက္ကသိုလ်များတွင် အမျိုးသားအမျိုးသမီး သီးခြားစီခွဲ၍  စာသင်ကြားမှုကို ခွင့်ပြုမည်ဟု တာလီဘန်များပြော


 

ကဘူးလ်  စက်တင်ဘာ  ၁၃


အာဖဂန်နစ္စတန်တွင်  အမျိုးသမီး များ    တက္ကသိုလ်၌   ဆက်လက် ပညာ   သင်ကြားနိုင်သော်လည်း စာသင်ခန်းအတွင်း    သင်ယူသည့် အခါ အမျိုးသားအမျိုးသမီး ခွဲခြား ၍       သင်ကြားသွားမည်ဟု တာလီဘန်အစိုးရအဖွဲ့       ခေတ္တ အဆင့်မြင့်   ပညာရေးဝန်ကြီးက ပြောသည်။ 
စက်တင်ဘာ    ၁၂    ရက် ကဘူးလ်မြို့တွင်     ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်   ခေတ္တ အဆင့်မြင့်ပညာရေးဝန်ကြီးအဗ္ဗဒူ ဘာကီ ဟတ်ကာနီက   ပြောသည်။ ပညာရေးနှင့်     ပတ်သက်သည့် ညွှန်ကြားချက်များကို ချပြခဲ့သည်။ ယခုလက်ရှိတွင် တည်ရှိနေသည့် အရာများအတိုင်း    တည်ဆောက် သွားမည်ဖြစ်ကြောင်း၊    သို့သော် လည်း   အာဖဂန်ယဉ်ကျေးမှုနှင့်ဆန့်ကျင်သည့်    အရာများကိုမူ ပြောင်းလဲသွားမည်ဟု   ၎င်းက ဆက်ပြောသည်။  
အမျိုးသားများသည်  အခြား သော       အဆောက်အအုံတွင် ပညာသင်ကြားရမည်      ဖြစ်ပြီး စာသင်ခန်းများကိုလည်း   အမျိုး သား   အမျိုးသမီးခွဲခြားထားမည် ဖြစ်သည်။        အမျိုးသမီးကို အမျိုးသမီး        ဆရာမများက သင်ကြားပေးရမည်ဖြစ်ပြီး   အမျိုး သားများကိုလည်း   အမျိုးသား ဆရာများကသာ  သင်ကြားပေးရ မည်ဖြစ်သည်။ 
 အမျိုးသားတက္ကသိုလ်များကိုပြန်လည်ဖွင့်လှစ်ရန်     ရည်ရွယ် ထားသည့်အတွက်  ဆရာများ လုပ်ငန်းခွင်ပြန်ဝင်ရန်  တောင်းဆို ခဲ့သည်။   
ကဘူးလ်     တက္ကသိုလ်မှ အမျိုးသမီးကျောင်းသူတစ်ဦးကမူ သူသိသမျှသော        ဆရာများ မှာ       အလုပ်မှ        ထွက်ကုန်ပြီး ကျောင်းသား  ကျောင်းသူများမှာ လည်း       အာဖဂန်နစ္စတန်မှ ထွက်သွားကြပြီ    ဖြစ်ကြောင်း အင်န်အိတ်ချ်ကေသို့ ပြောသည်။ 
၎င်းသည်လည်း    အာဖဂန် နစ္စတန်တွင်  အနာဂတ်မျှော်လင့် ချက်မရှိတော့သည့်အတွက်   နိုင်ငံ ခြားသို့     ထွက်သွားလိုကြောင်း ပြောသည်။
 အင်န်အိတ်ချ်ကေ