အကျပ်အတည်းစီမံခန့်ခွဲမှုနဲ့အတူ တိုးတက်ကောင်းမွန်လာမယ့် အင်ဒိုနီးရှားနိုင်ငံရဲ့ ခရီးသွားကဏ္ဍ

Type
0000


 

ထွန်းကျော်

 

အင်ဒိုနီးရှားနိုင်ငံမှာ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု အလားအလာ မကြာသေးမီက ကျဆင်းလာသလို ပီပီကေအမ်လို့ခေါ်တဲ့ ပြည်သူ့လှုပ်ရှားဆောင်ရွက် ချက်တွေအပေါ် ကန့်သတ်ချက်တွေ    ဖြေလျှော့ ပေးလိုက် ခြင်းက     အင်ဒိုနီးရှားနိုင်ငံသားတွေအတွက် အသက်ရှူချောင်စေပါတယ်။
စိတ်အားထက်သန်စွာစောင့်ဆိုင်း 
မိမိတို့ရဲ့ သုတေသနကို   အခြေခံပြီး  သိလိုက် ရတာက  အင်ဒိုနီးရှားနိုင်ငံသားတွေဟာ   နိုင်ငံခြား ခရီးသွားတွေ    လာရောက်လည်ပတ်လေ့ရှိတဲ့    အထင်ကရနေရာတွေ     ပြန်လည်ဖွင့်လှစ်ဖို့ကို စိတ်အားထက်သန်စွာနဲ့  စောင့်နေကြတယ်။  သူတို့ ခရီးတွေထွက်ဖို့ ဆန္ဒပြင်းပြနေတယ်လို့ အင်ဒိုနီးရှား ခရီးသွားလာရေးလုပ်ငန်းရဲ့    အတွင်းရေးမှူးချုပ် နူနမ်ရက်စ်မီရာတီက ပြောကြားလိုက်ပါတယ်။
ဒယ်လ်တာကူးစက်မြန်  ပြင်းထန် ကိုဗစ်-  ၁၉ ဗီဇပြောင်းမျိုးစိတ်သစ်ကြောင့် ကိုဗစ်- ၁၉ ကူးစက် ဖြစ်ပွားမှုတွေ မြင့်လာပြီးတဲ့နောက်မှာ  အင်ဒိုနီးရှား အစိုးရဟာ ပီပီကေအမ်ဆိုတဲ့ မူဝါဒကို   ဇူလိုင်လ အစောပိုင်းက   ချမှတ်အကောင်အထည်ဖော်ခဲ့ပါ တယ်။ 
အကောင်းဘက်ကို လက္ခဏာတွေစတင်ပြလာ 
သြဂုတ်လထဲ     ရောက်လာတဲ့အခါမှာတော့ အကောင်းဘက်ကို  လက္ခဏာတွေ    စတင်ပြလာ ပါတော့တယ်။ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှုနှုန်းတွေ ကျဆင်းလာပြီး ကာကွယ်ဆေးထိုးနှုန်းတွေ မြင့်လာ တာနဲ့အတူ ဂျာဗားနဲ့ဘာလီမှာရှိတဲ့  နေရာအတော် များများကို ကိုဗစ်- ၁၉ အတင်းကျပ်ဆုံး အဆင့် ၄ ကနေပြီး လျှော့ချလိုက်ပါတယ်။ 
ကိုဗစ်- ၁၉ အဆင့် ၃ ပြဋ္ဌာန်းထားတဲ့ မြို့တော် တွေရဲ့ တချို့ခရီးသွားဆွဲဆောင်ရာနေရာတွေကို ကာကွယ်ဆေးထိုးထားတဲ့    ကန့်သတ်လူဦးရေနဲ့ အတူ ပြန်လည်ဖွင့်လှစ်ခွင့်ပြုလိုက်ပါတယ်။ တစ်မြို့ မှ တစ်မြို့ အပန်းဖြေခရီးသွားလာမှုတွေကိုလည်း ခွင့်ပြုထားပါတယ်။
ခရီးသွားကဏ္ဍကို အသင့်ပြင်ဖို့လို  
စိုးရိမ်မှုတွေရှိနေသော်လည်း  ဒါဟာ  တကယ် တော့ စိတ်လှုပ်ရှားစရာကောင်းလှပါတယ်။ 
ခရီးသွားလာရေးနဲ့ စီးပွားရေးဖန်တီးမှုဆိုင်ရာ ဝန်ကြီး ဆန်ဒီယာဂါ ယူနိုက ရပ်ဆိုင်းထားတဲ့  ခရီး သွားလာမှုတွေ ပြန်လည်နိုးထလာမှုနဲ့  အတူလာ မယ့် ခရီးသွားကြွေးပြန်ဆပ်မယ့်ရာသီမှာ ခရီးသွား လာရေးကဏ္ဍကို အဆင်သင့်ပြင်ဆင်ထားဖို့လိုတယ် လို့ ပြောခဲ့ပါတယ်။ အထူးသဖြင့်ကတော့ ဂျကာတာ အနီးဝန်းကျင်ဒေသတွေ   ဖြစ်ပါတယ်လို့    သူက ပြောပါတယ်။
သတိလက်လွတ်မဖြစ်ဖို့လို 
ဂျာဗားနဲ့ ဘာလီတို့ရဲ့ နေရာအတော်များများမှာ ပီပီကေအမ်ကို ဖြေလျှော့ပေးလိုက်တာကို မိမိတို့ အနေနဲ့ ကြိုဆိုပါတယ်။ သို့သော်လည်း မိမိတို့အနေ နဲ့    သတိလက်လွတ်မဖြစ်ဖို့တော့   လိုပါတယ်။ ပြီးတော့လည်း တင်းကျပ်တဲ့  စည်းကမ်းတကျရှိတဲ့ ကျန်းမာရေး   လုပ်ထုံးလုပ်နည်းတွေကိုတော့ လုပ်ဆောင်ရမယ်လို့ ယူနိုက ပြောပါတယ်။ 
ကိုဗစ်- ၁၉ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်နဲ့အတူ စိုးရိမ်စိတ်တွေလည်း ကြီးထွားလာတယ်လို့   ခရီး သွားလာရေး   အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ အက်ဒီယာမင်က ပြောပါတယ်။ 
ကိုဗစ်-၁၉ စစ်ဆေးမှုတွေ စျေးကြီး 
ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားနိုင်ခြေဆက်လက် မြင့်နေသေးတယ်လို့        ကျွန်တော်ထင်တယ်။ ကပ်ရောဂါဖြစ်နေချိန်မှာ    ခရီးသွားလာခြင်းက ကုန်ကျစရိတ်ပိုများပါတယ်။ လေယာဉ်စီးဖို့ဆိုရင် မိမိတို့တွေ ပီစီအာရ် သို့မဟုတ် အန်တီဂျန် စစ်ဆေး မှုတွေကို ပထမဆုံး ပြုလုပ်ရမယ်။ အဲဒီကုန်ကျစရိတ် ဟာ  ဂျာဗားအပြင်ဘက်မှာဆိုရင်  အတော်လေး စျေးကြီးတယ်လို့ ယာမင်က ပြောပါတယ်။ 
ယာမင်က လွန်ခဲ့တဲ့နှစ်ဇူလိုင်မှာ နူဆာတန်ဂါရာ ကျွန်းကို သွားခဲ့တဲ့ သူ့ရဲ့ခရီးစဉ်နောက်ဆုံးအခေါက် ကို  ပြန်ပြောပြပါတယ်။   ကျွန်တော်နဲ့ကျွန်တော့် သူငယ်ချင်း ဂျကာတာကနေကျန်းမာရေးကောင်းကောင်းနဲ့  ထွက်ခဲ့တယ်။   ဒါပေမယ့်အိမ်ပြန်ချိန် ရောက်တော့ ကျွန်တော်တို့အများကြီး ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီး အီဒီမှာ အချိန်အတော်ကြာသောင်တင်နေခဲ့တယ်လို့ သူက ပြောပါတယ်။
ခံစားမှုရသတွေ ရောပြွမ်းခံစားရ
စပိန်နဲ့အီတလီမှာ  လွန်ခဲ့တဲ့ နွေရာသီမှာဖြစ်ခဲ့ သလို ခရီးသွားလာခြင်းကနေ ကိုဗစ်-၁၉ အစုလိုက်ကူးစက်မှုတွေအများကြီးဖြစ်ခဲ့တယ်။ခရီးသည်တွေဟာ  အပန်းဖြေပြန်လာရင်းနဲ့  ဗိုင်းရပ်စ်ပါသယ်ဆောင်လာခဲ့တယ်လို့   ဂရာဖစ်ဖ်တက္ကသိုလ်ရဲ့   ကူးစက် ရောဂါပြန့်ပွားခြင်းနဲ့    ကာကွယ်ခြင်းဆိုင်ရာ ပညာရှင် ဒစ်ကီဘူဒီမန်က ပြောပါတယ်။ 
ခရီးသွားလာရေးကဏ္ဍနဲ့သက်ဆိုင်နေတဲ့ စီးပွား ရေးလုပ်ငန်းတွေဟာ ရသတွေရောပြွမ်းပြီးခံစားရပါတယ်လို့ သူကပြောပါတယ်။
အဖြစ်မခံနိုင်
အစိုးရက   ကန့်သတ်ချက်တွေ   လျှော့ပေါ့ ပေးလိုက်တာကို ဝမ်းသာပါတယ်။     စွန့်ဦးတီထွင် စီးပွားရေးသမားတွေအနေနဲ့ ဒီအခွင့်အရေးကို အမိ အရ ဖမ်းဆုပ်ရမယ်။ သို့သော်လည်း တစ်ခါတစ်ရံမှာ တော့ ခရီးသွားတွေက သူတို့ကိုယ်သူတို့ ဂရုစိုက် ရတာကို   ပျော်နေတဲ့အပေါ်   ကျွန်တော်တို့ စိုးရိမ် မိတယ်လို့ ဘာလီမှာရှိတဲ့ ခရီးသွားလုပ်ငန်းပိုင်ရှင် တစ်ဦးဖြစ်တဲ့   အာစ်နဝီဘာဟာက   ပြောပါတယ်။ အစုလိုက်ကူးစက်မှုဖြစ်ရင်     ကျွန်တော်တို့ကို ပြည်သူတွေက အပြစ်မြင်ကြမယ်။ အဲဒီလိုမျိုးတော့ အဖြစ်မခံနိုင်ဘူးလို့ သူကဆက်ပြောပါတယ်။
ပျော်ပျော်ပါးပါးခရီးစဉ်ဖြစ်အောင် ခရီးသွားအဖွဲ့ တွေက  အဓိက  ပြင်ဆင်ဖြည့်ဆည်းနေပါတယ်။ ကိုဗစ်-  ၁၉ ကူးစက်ဖြစ်ပွားမှုအန္တရာယ်ကို အနည်း ဆုံး ဖြစ်ဖို့ဆိုရင် နိုင်ငံခြားခရီးသွားတွေကို  အနီးကပ် စောင့်ကြည့်ရမယ်လို့ အင်ဒိုနီးရှား ခရီးသွားလာရေး လုပ်ငန်းရဲ့ အတွင်းရေးမှူးချုပ် နူနမ်ရက်စ်မီရာတီက ပြောကြားလိုက်ပါတယ်။
ကျန်းမာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ ချမှတ်
မိမိတို့ဟာ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကို တင်းကျပ်တဲ့   ကျန်းမာရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းတွေ ချမှတ်ခိုင်းရမယ်။ ခရီးသွားမိသားစု ဦးရေကိုလည်း ဂရုစိုက်ဖို့လိုသလို ခရီးသွားအုပ်စု တွေဆိုရင်လည်း ၂၅ ဦးထက်မပိုအောင် ဂရုစိုက်ရ မယ်။ ပြီးတော့လည်း ကိုဗစ်- ၁၉ ခြေရာခံမှုတွေကို အလျင်အမြန်လုပ်ဆောင်နိုင်အောင် သက်ဆိုင်ရာ      လေကြောင်းလိုင်းတွေနဲ့လည်း  ပူးပေါင်းဆောင်ရွက် မှုတွေ လုပ်ဆောင်ရမယ်လို့ သူက ဆက်ပြောပါတယ်။
ဒစ်ဂျစ်တယ်ကို အခြေခံတဲ့ကျန်းမာရေးလုပ်ထုံး လုပ်နည်းတွေ      အကောင်အထည်ဖော်ခြင်းဟာ ကိုဗစ်-၁၉ ကာလမှာတွေ့ကြုံနိုင်တဲ့ အခက်အခဲတွေ ကို ကျော်ဖြတ်တဲ့နေရာမှာ အဓိက အရေးပါလာမှာပါ။
နိုင်ငံတိုင်းမှာ   ပြန်လည်ကုစားရေးအတွက် လမ်းပြမြေပုံရှိပါတယ်။ ကပ်ရောဂါက   ကျွန်တော် တို့ကို စီမံတာကို  စောင့်နေဖို့မလိုဘူး။ လာမယ့် အနာဂတ်မှာ ခရီးသွားလာရေးကဏ္ဍဟာ အကျပ် အတည်းစီမံခန့်ခွဲမှုနဲ့အတူ အကောင်းဆုံးဖြစ်လာ မှာဖြစ်ပါတယ်။    ကူးစက်ရောဂါနဲ့  သဘာဝဘေး ဒုက္ခဆိုင်ရာ   အကျပ်အတည်းလိုမျိုး    အနာဂတ် ခြိမ်းခြောက်မှုတွေကို လျင်လျင်မြန်မြန်   တုံ့ပြန်နိုင်တဲ့  စနစ်တစ်ခုကို တည်ဆောက်ဖို့လိုပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်မယ်ဆိုရင် အနာဂတ်ခရီးသွားကဏ္ဍ ဟာ    ပိုမိုတိုးတက်ကောင်းမွန်လာမှာ    ဖြစ်ပါ တယ်။    ။
ကိုးကား-ဆင်ဟွာ