
မုံရွာ-ပုလဲ-ဂန့်ဂေါလမ်း၊ မိုင် ၀/၀ မှ ၆၅/၀ အထိ (၆၅ မိုင် ၀ ဖာလုံ) သည် နိုင်ငံတကာဆက်သွယ် သည့်လမ်း အာရှလမ်းမကြီးများ၊ အာဆီယံလမ်းမ ကြီးများစာရင်းတွင်ပါဝင်ပြီး တမူး-မန္တလေး- မိတ္ထီလာ- ရန်ကုန်-ပဲခူး(ဘုရားကြီး)-သထုံ-မြဝတီ (AH1) အပိုင်းတွင်ပါဝင်သောလမ်း ဖြစ်ခြင်းကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ရေးဆွဲထားသော National Transport Master Plan နှင့် KIOCA အဖွဲ့အကူအညီဖြင့် ရေးဆွဲထား သည့် Master Plan For Arterial Road Network Development in Myanmar တို့ကိုအခြေခံ၍ လမ်းဦးစီးဌာနက ရေးဆွဲထားသော နှစ်ရှည် စီမံကိန်း (Master Plan) အရ ခုနစ်မီတာ အကျယ် ကတ္တရာကွန်ကရစ်လမ်း (AC) အဆင့် ရောက်ရှိအောင် ဆောင်ရွက်ရန် ရည်မှန်းထား သည်။
နှစ်စဉ်ရန်ပုံငွေ ခွင့်ပြုရရှိမှုအခြေအနေအရ လက်ရှိလုပ်ကိုင်နေသည့်လုပ်ငန်းမှာ မူလ ၁၂ ပေ အကျယ် ကတ္တရာလမ်းကို ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် လမ်းချဲ့ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး လမ်းလုပ်ငန်းအနေဖြင့် မူလ ၂၄ ပေအကျယ် ကတ္တရာလမ်းမှ ၂၄ ပေ အကျယ် ကွန်ကရစ်လမ်းအဖြစ် နှစ်မိုင် သုံးဖာလုံ၊ မူလ ၁၈ ပေအကျယ်မှ ၂၄ ပေနှင့်အထက်အကျယ် ကွန်ကရစ်လမ်းအဖြစ် သုံးမိုင် ၇ ဒသမ ၅ ဖာလုံ၊ မူလ ၁၂ ပေ အကျယ်မှ ၁၈ ပေအကျယ် ကတ္တရာ လမ်းအဖြစ် ၃၁ မိုင် ၀ ဒသမ ၉၄ ဖာလုံ၊ တံတား လုပ်ငန်းအနေဖြင့် ကွန်ကရစ်တံတား ပေ ၁၈၀ အောက် ငါးစင်း တိုးတက်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါသဖြင့် ချင်းပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးတို့မှ မြန်မာနိုင်ငံအနှံ့အပြားသို့ ဆက်သွယ်သွားလာ နိုင်မည်ဖြစ်သည်။
လက်ရှိလမ်းအခြေအနေမှာ ၂၄ ပေနှင့်အထက် ကွန်ကရစ်လမ်း လေးမိုင် နှစ်ဖာလုံ၊ ၂၄ပေနှင့်အထက် ကတ္တရာလမ်း ခြောက်မိုင် ၁ ဒသမ ၂၉၁ ဖာလုံ၊ ၁၈ပေ ကတ္တရာလမ်း ၄၆ မိုင် ၂ဒသမ ၆၇၉ ဖာလုံ၊ ၁၂ ပေ ကတ္တရာလမ်း ရှစ်မိုင် ၅ ဒသမ ၀၃ ဖာလုံဖြစ်သည်။
တိုင်းဒေသကြီးအတွင်း မြတ်နိုးသူကုမ္ပဏီသည် လက်ပံခြေပေါ် (ညောင်ဦး)-ပခုက္ကူ-လင်းကတော -မုံရွာလမ်း (ပုသိမ်-မုံရွာလမ်း) မိုင် ၄၂၄/၅ မှ ၄၅၀/၅ အထိ (၂၆ မိုင် သုညဖာလုံ) (ယခု ၃၉၀/၆ မှ ၄၁၆/၆ အထိ) ပုသိမ်-မုံရွာလမ်း (၂၆ မိုင် သုည ဖာလုံ) အား ၁-၈-၂၀၁၃ ရက်နေ့တွင် B.O.T စနစ်ဖြင့် စတင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ၁၂ပေအကျယ် ကတ္တရာလမ်းအား ၁၈ ပေအကျယ် ကတ္တရာလမ်း အဖြစ် ဆောင်ရွက်ပြီးစီးခဲ့သည်။
ထို့အပြင် ပုသိမ်-မုံရွာလမ်းအား ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်စတင်၍ ၁၂ ပေအကျယ် ကတ္တရာလမ်းမှ လမ်းချဲ့ခြင်းစတင်ဆောင်ရွက်ခဲ့ရာ ၂၀၂၁ ခုနှစ် မတ်လကုန်အထိ လမ်းအခြေအနေ မှာ ၄၈ ပေအကျယ် ကတ္တရာလမ်း သုညမိုင် လေး ဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်း သုညမိုင် သုံးဖာလုံ၊ ၁၈ ပေအကျယ် ကတ္တရာလမ်း ၂၅ မိုင် တစ်ဖာလုံ စုစုပေါင်း ၂၆ မိုင် သုညဖာလုံဖြစ်သည်။
၎င်းနောက် ညိုထွန်းလူကုမ္ပဏီသည် ချောင်းဦး-ပခုက္ကူလမ်း ၁၄ မိုင် တစ်ဖာလုံအား ၂၅-၉-၂၀၀၉ ရက်နေ့တွင် B.O.T စနစ်ဖြင့် စတင် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှ စတင်၍ ၁၈ ပေအကျယ် ကတ္တရာလမ်းမှ လမ်းချဲ့ခြင်း စတင်ဆောင်ရွက်ခဲ့ရာ (၃/၂၀၁၂) လကုန်တွင် ၂၄ ပေအကျယ် ကတ္တရာလမ်းအဖြစ် ၁၄ မိုင် တစ်ဖာလုံ ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။
ဆုထူးပန်ကုမ္ပဏီသည် မုံရွာ-ရေဦးလမ်း ၄၇ မိုင်ကို ၁-၁၂-၂၀၁၉ ရက်နေ့တွင် B.O.T စနစ် ဖြင့် စတင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ၁၇-၄-၂၀၂၁ ရက် နေ့တွင် (မိုင် ၈၄/၁ မှ ၁၀၅/၁ အထိ) ၂၁ မိုင် အားလည်းကောင်း၊ ၁-၄-၂၀၁၅ ရက်နေ့တွင် (မိုင် ၁၀၅/၁ မှ ၁၃၁/၁ အထိ) ၂၆ မိုင်အား လည်းကောင်း၊ ၁၂ ပေအကျယ် ကတ္တရာလမ်းမှ ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် တိုးချဲ့ ဆောင်ရွက်ခဲ့ပြီး ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှစတင်၍ ၁၂ ပေအကျယ် ကတ္တရာလမ်း လမ်းချဲ့ဆောင်ရွက် ခဲ့ရာ ၂၀၂၁ ခုနှစ် မတ်လကုန်တွင် ပေ ၆၀ အကျယ် ကတ္တရာလမ်း တစ်မိုင် သုညဖာလုံ၊ ပေ ၃၀အကျယ် ကတ္တရာလမ်း လေးမိုင် သုံးဖာလုံ၊ ၂၄ ပေအကျယ် ကတ္တရာလမ်း ၄၁ မိုင် ငါးဖာလုံ စုစုပေါင်း ၄၇ မိုင် သုညဖာလုံ ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။
C စာမျက်နှာ ၁၆ မှ
မုံရွာအုပ်စုကုမ္ပဏီသည် မုံရွာ-ယာကြီးလမ်း ၄၀ မိုင်အား ၁-၁၂-၂၀၀၉ ရက်နေ့တွင် B.O.T စနစ်ဖြင့် စတင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ၂၂-၄-၂၀၂၁ ရက်နေ့တွင် မိုင် (၀/၀ မှ ၂၀/၀အထိ) မိုင် ၂၀ အား လည်းကောင်း၊ ၁-၁၀-၂၀၁၄ ရက်နေ့တွင် မိုင် (၂၀/၀ မှ ၄၀/၀ အထိ) မိုင် ၂၀ အားလည်းကောင်း၊ ၁၈ ပေအကျယ် ကတ္တရာလမ်းအား အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးခဲ့သည်။
ရွှေတောင်ဟိုင်းဝေးကုမ္ပဏီသည် မန္တလေး-စစ်ကိုင်း- မုံရွာ-ရေဦးလမ်း (၇၄ မိုင် ၇ဖာလုံ) အား ၁၄-၃-၂၀၀၈ ရက်နေ့တွင် B.O.T စနစ်ဖြင့် စတင်လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ၁၈ ပေအကျယ် ကတ္တရာလမ်းအား ၂၄ ပေအကျယ် ကတ္တရာလမ်း အဖြစ် ဆောင်ရွက်ပြီးစီးခဲ့သည်။ မန္တလေး-စစ်ကိုင်း-မုံရွာ-ရေဦးလမ်းအား ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှစတင်၍ ၁၈ ပေအကျယ်ကတ္တရာလမ်းမှ လမ်းချဲ့ခြင်း စတင်ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် အောက်တိုဘာလကုန်တွင် ၄၈ ပေအကျယ် AC လမ်း ၃၁ မိုင် ၇ ဖာလုံ၊ ၄၈ ပေအကျယ်ကတ္တရာလမ်း ၃၆ မိုင် ၁ ဒသမ ၅ဖာလုံ၊ ၂၅ ပေမှ ၄၃ ပေအကျယ် ကတ္တရာလမ်း သုံးမိုင် ၃ ဒသမ ၅ ဖာလုံ၊ ၂၄ ပေ အကျယ် ကတ္တရာလမ်း သုံးမိုင် သုံးဖာလုံ စုစုပေါင်း ၇၄ မိုင် ခုနစ်ဖာလုံ ဆောင်ရွက်ပြီးစီးပြီးဖြစ်သည်။ ၄၈ ပေအကျယ် လေးလမ်းသွားနှင့်လျော်ညီစွာ တံတားကြီး/ ငယ်ပေါင်း ၁၅၃ စင်းကိုလည်း လေးလမ်းသွားတံတားများအဖြစ် တိုးချဲ့ ဆောင်ရွက်ပြီးဖြစ်သည်။ ဆက်လက်၍ ရွှေတောင် ဟိုင်းဝေးကုမ္ပဏီသည် မန္တလေး-စစ်ကိုင်း-ရွှေဘို လမ်း (အုန်းတော-ရွှေဘိုအပိုင်း) ၄၃ မိုင်အား ၁၄-၃-၂၀၀၈ ရက်နေ့တွင် B.O.T စနစ်ဖြင့် စတင် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး ၁၈ ပေအကျယ် ကတ္တရာလမ်း အား ၂၄ ပေအကျယ် ကတ္တရာလမ်းအဖြစ် ဆောင်ရွက်ပြီးစီးခဲ့ပြီး မန္တလေး-စစ်ကိုင်း - ရွှေဘို လမ်း (အုန်းတော-ရွှေဘိုအပိုင်း)အား ၂၀၀၈-၂၀၀၉ ဘဏ္ဍာနှစ်မှစတင်၍ ၁၈ ပေအကျယ် ကတ္တရာလမ်း မှ လမ်းချဲ့စတင်ဆောင်ရွက်ခဲ့ရာ (၁၁/၂၀၂၀)လကုန်တွင် ၄၈ ပေအကျယ် AC လမ်း တစ်မိုင် တစ်ဖာလုံ၊ ၄၈ ပေအကျယ် ကတ္တရာလမ်း တစ်မိုင် နှစ်ဖာလုံ၊ ၃၆ ပေအကျယ် ကတ္တရာလမ်း ၁၈ မိုင် ၆ ဖာလုံ၊ ၂၄ ပေအကျယ်ကတ္တရာလမ်း ၂၁မိုင် ခုနစ် ဖာလုံ စုစုပေါင်း ၄၃ မိုင် သုညဖာလုံ ဆောင်ရွက်ပြီးစီး ပြီးဖြစ်သည်။
ချင်းတွင်းတံတား (ဟုမ္မလင်း)
၂၇၆၂ ဒသမ ၆ ပေ
တံတားများကဏ္ဍတွင် ချင်းတွင်းတံတား (ဟုမ္မလင်း) သည် စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင် ဟုမ္မလင်းမြို့နယ် ချင်းတွင်းမြစ်ပေါ်ရှိ တံတား တစ်စင်းဖြစ်သည်။ ကက်သာ- အောင်ဇေယျလမ်း (ဟုမ္မလင်းမြို့) တွင် တည်ရှိပြီး အရှေ့ဘက်ကမ်း (ဟုမ္မလင်းမြို့)မှ သက္ကယ်ကျင်း - ဖောင်းပြင် - ဟုမ္မလင်း - ခန္တီးလမ်း၊ ယောင်ဟီး - ပင်လည်ဘူး လမ်းမှတစ်ဆင့် ရွှေဘို-မြစ်ကြီးနားလမ်း ကချင် ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့နှင့် ဆက်သွယ် သွားလာနိုင်သည်။ အနောက်ဘက်ကမ်း (ကက်သာ)မှ အိန္ဒိယနိုင်ငံနယ်စပ် တမူးမြို့၊ တမူးမှကလေး၊ ချင်းပြည်နယ်သို့လည်းကောင်း၊ ဂန့်ဂေါ-ကလေး လမ်းမှ မကွေးတိုင်းဒေသကြီးသို့လည်းကောင်း ဆက်သွယ်သွားလာနိုင်သည်။
တံတားအရှည်မှာ ၈၄၂ မီတာ၊ ၂၇၆၂ ဒသမ ၆ ပေ၊ ခန်းဖွင့်အကျယ် ၂၀ မီတာ x တစ်ခန်း+ ၁၂၀ မီတာ x လေးခန်း + ၆၀ မီတာ x နှစ်ခန်း + ၂၀ မီတာx ၁၁ ခန်း၊ တံတားအကျယ် ၁၀ ဒသမ ၂ မီတာ၊ ၃၃ ဒသမ ၅ ပေ၊ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာ၊ ၂၈ ပေ နှစ်လမ်းသွား၊ လူသွားလမ်းအကျယ် တစ်ဖက်လျှင် သုံးပေ၊ တံတားအမျိုးအစားမှာ အုတ်မြစ်သည် သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ် ဖြစ်ပြီး ကိုယ်ထည်မှာ သံကူကွန်ကရစ်ကမ်းကပ်ခုံနှင့် အပေါ်ထည်ပင်မတံတား သံမဏိသံပေါင်၊ ချဉ်းကပ် တံတား R.C Girder နှင့် သံကူကွန်ကရစ် ကြမ်းခင်း၊ လက်ရန်း၊ ချဉ်းကပ်လမ်းအရှည်မှာ ဟုမ္မလင်းဘက်ကမ်း တစ်မိုင် လေးဖာလုံနှင့် ကက်သာဘက်ကမ်း လေးဖာလုံ၊ တံတားခံနိုင်ဝန် AASHTO H.S-25 ၊ ရေလမ်းကင်းလွတ် အမြင့် ၁၂ မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၁၀၅ မီတာ၊ လုပ်ငန်းစတင်သည့်နေ့ ၂၁-၈-၂၀၁၆၊ စီမံကိန်း တန်ဖိုး ကျပ်သန်း ၂၃၃၁၃ ဒသမ ၈ သန်း ဖြစ်သည်။
ချင်းတွင်းတံတား(ခန္တီး) ၂၆၅၆ ပေ
ချင်းတွင်းတံတား (ခန္တီး) သည် စစ်ကိုင်းတိုင်း ဒေသကြီး ခန္တီးခရိုင် ခန္တီးမြို့နယ် ချင်းတွင်းမြစ်ပေါ်ရှိ တံတားတစ်စင်းဖြစ်သည်။ ခန္တီး-ဆင်သေ-လဟယ် လမ်း (ခန္တီး) မြို့တွင် တည်ရှိပြီး ခန္တီးတံတားမှတစ်ဆင့် ကချင်ပြည်နယ် ဖားကန့်မြို့၊ နာဂဒေသများဖြစ်သော လဟယ်မြို့၊ နန်းယွန်းမြို့များသို့ ဆက်သွယ်သွားလာ နိုင်သည်။
တံတားအရှည်မှာ ၈၀၉ ဒသမ ၅ မီတာ၊ ၂၆၅၆ ပေ၊ တံတားခန်းဖွင့် ပင်မတံတား ၁၁၂ မီတာ x လေး ခန်း၊ ချဉ်းကပ်တံတား(ခန္တီး) ၂၀ မီတာx ၁၁ ခန်း၊ ချဉ်းကပ်တံတား(ဆင်သေ) ၂၀ မီတာx ခုနစ်ခန်း၊ ချဉ်းကပ်လမ်း ဆင်သေဘက်ကမ်း တစ်မိုင် ငါးဖာလုံ နှင့် ခန္တီးဘက်ကမ်း နှစ်မိုင်၊ တံတားအကျယ် ကားလမ်း ၈ ဒသမ ၅ မီတာ၊ လူသွားလမ်းတစ်ဖက် လျှင် တစ်မီတာ၊ ရေလမ်းကင်းလွတ်အမြင့် ၁၀ မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၉၅ ဒသမ ၆ မီတာ၊ တံတားခံနိုင်ဝန် AASHTO HS-25၊ စီမံကိန်းတန်ဖိုး ကျပ်သန်း ၁၈၆၂၃ သန်း (ချဉ်းကပ်လမ်းမပါ) ဖြစ်ပြီး တံတားအမျိုးအစားမှာ အချင်း ၁ ဒသမ ၅ မီတာ၊ အချင်း ၁ ဒသမ ၂ မီတာ လွန်တူးပိုင်အုတ်မြစ်၊ တံတားအောက်ထည်ကို သံကူကွန်ကရစ်၊ တံတား အပေါ်ထည် ပင်မတံတားသည် သံမဏိသံပေါင် ဖြစ်သည်။
ချင်းတွင်းတံတား(ကလေးဝ) ၂၈၀၅ ပေ
ချင်းတွင်းတံတား (ကလေးဝ) သည် စစ်ကိုင်း တိုင်းဒေသကြီး ကလေးခရိုင် ကလေးဝမြို့နယ် ချင်းတွင်းမြစ်ပေါ်ရှိ တံတားတစ်စင်းဖြစ်သည်။ ရေဦး - ကလေးဝလမ်း (ကလေးဝ) မြို့တွင် တည်ရှိ ပြီး အရှေ့ဘက်ကမ်း(ကိုင်းရွာ) ရေဦး - ကလေးဝမှ တစ်ဆင့် မန္တလေးတိုင်းဒေသကြီးသို့ လည်းကောင်း၊ မုံရွာ-ရေဦး-ကလေးဝလမ်း၊ ရွှေဘို-မြစ်ကြီးနား လမ်းမှတစ်ဆင့် ကချင်ပြည်နယ်များသို့ လည်းကောင်း ဆက်သွယ်သွားလာနိုင်သည်။ အနောက်ဘက်ကမ်း (ကလေးဝမြို့မှ) ကလေးဝ-ကျီကုန်း-တမူးလမ်းအားဖြတ်၍ အိန္ဒိယနိုင်ငံ နယ်စပ် တမူးမြို့သို့လည်းကောင်း၊ ကလေး-ကျီကုန်း - တမူးလမ်း၊ ဂန့်ဂေါ - ကလေးလမ်းမှ တစ်ဆင့် မကွေးတိုင်းဒေသကြီးသို့လည်းကောင်း၊ ကလေးမြို့မှတစ်ဆင့် ချင်းပြည်နယ်သို့ လည်းကောင်း ဆက်သွယ်သွားလာနိုင်သည်။
တံတားအမျိုးအစားသည် သံကူကွန်ကရစ် ဘိုးပိုင်အုတ်မြစ်၊ သံကူကွန်ကရစ်ကပ်ခုံနှင့် ကိုယ်ထည်နှင့် အပေါ်ထည်မှာ သံမဏိသံပေါင် ဖြစ်သည်။ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာရှိ သံကူကွန်ကရစ်ကြမ်းခင်း၊ တံတားအရှည် ၈၅၄ ဒသမ ၈၈ မီတာ၊ ခန်းဖွင့်အကျယ် ၂၇ ဒသမ ၄၃ မီတာ x သုံးခန်း+ ၁၂၀ မီတာ x ငါးခန်း+ ၂၇ ဒသမ ၄၃ မီတာ x ခြောက်ခန်း၊ တံတားအကျယ် ၁၀ ဒသမ ၂ မီတာ၊ ချဉ်းကပ်လမ်းအရှည် ပေ ၈၅၂၀ (ကလေးဝ ဘက်ကမ်း) + ၁၄၃၉ ပေ (ရေဦးဘက်ကမ်း)၊ တံတား ခံနိုင်ဝန် AASHITO H.S-25 ၊ ရေလမ်းကင်းလွတ်အမြင့် ၁၂ မီတာ၊ ရေလမ်းကင်းလွတ်အကျယ် ၁၀၅ မီတာနှင့် စီမံကိန်းတန်ဖိုး ငွေကျပ်သန်း ၂၁၈၃၅ ဒသမ ၅ သန်းဖြစ်သည်။
တိုင်းဒေသကြီးအတွင်း တိုင်းလမ်းဦးစီး ဌာနက လမ်းတံတားများ အဆင့်မြှင့်ခြင်း လုပ်ငန်းများကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၆၇၅၃၃ ဒသမ ၈၁၆၄၇၄ သန်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေကျပ် ၅၅၃၉၃ ဒသမ ၂၇၂ သန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၆၄၁၉၆ ဒသမ ၀၅၇၄ သန်းတို့ကို သုံးစွဲ၍ လမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် တံတားများအဆင့်မြှင့်တင်ခြင်းကို တံတားပေ ၁၈၀ အထက်နှင့် ပေ ၁၈၀ အောက် စုစုပေါင်း ၁၁၇၂ စင်းတို့ကို ဆောင်ရွက်ခဲ့သည်ဟု သိရသည်။
အချုပ်အားဖြင့်တင်ပြရလျှင် စစ်ကိုင်းတိုင်း ဒေသကြီး လမ်းဦးစီးဌာနသည် မြန်မာနိုင်ငံအထက် ပိုင်းရှိ စတုရန်းမိုင်ပေါင်း ၃၅၈၈၅ ဒသမ ၂၇ မိုင် ကျယ်ဝန်းသော ဇေယျာရွှေမြေ (ခေါ်) စစ်ကိုင်း တိုင်းဌာနကို လမ်းတံတားများဖြင့် အလှဆင်နေ သော ဌာနကြီးတစ်ခုဖြစ်ပါတော့သည်။ ။
- Log in to post comments