
ဘန်ကောက် စက်တင်ဘာ ၁၄
ထိုင်းနိုင်ငံတွင် စက်တင်ဘာ ၁၄ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၁၁၇၈၆ ဦးရှိလာပြီး ၁၃၆ ဦး ထပ်မံသေဆုံး ကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲရေး စင်တာ (စီစီအက်စ်အေ) ၏ ဖော်ပြချက်အရ သိရသည်။
စနေနေ့က ကိုဗစ်-၁၉ ကူးစက် သူ ၁၅၀၀၀ ကျော် ရှိလာခဲ့ကြောင်း ဖော်ပြပြီးနောက် ထပ်မံကူးစက်ခံရသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ အရေ အတွက်မှာ သုံးရက်ဆက်တိုက် ကျဆင်း လာခဲ့သည်။ ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်သူများအနက် ၂၇၈၈ ဦးမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားရာ ဗဟိုချက်နေရာ ဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မှဖြစ်သည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှုမှ ကောင်းမွန်လာ ပြီး ဆေးရုံမှဆင်းလာသူ ၁၄၇၃၈ ဦး ရှိကြောင်း စီစီအက်စ်အေက ဖော်ပြ ခဲ့သည်။ အဆိုပါပမာဏသည် ကိုဗစ်-၁၉ ထပ်မံကူးစက်မှုပမာဏထက် ၃၀၀၀ ကျော်ရှိသည်။
လွန်ခဲ့သော နှစ်စပိုင်း ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစကာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၁၄၀၆၅၄၂ ဦးရှိပြီး စုစုပေါင်းသေဆုံးသူ ၁၄၆၂၁ ဦး ရှိသည်။
ဖေဖော်ဝါရီ ၂၈ ရက်မှ စက်တင်ဘာ ၁၃ ရက်အထိ စုစုပေါင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူ ၄၀ ဒသမ ၉ သန်းကျော်ရှိသည်။
ထိုင်းနိုင်ငံလူဦးရေ၏ ၁၈ ရာခိုင်နှုန်း ခန့်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးနှံပြီးပြီဖြစ်သည်။ ယခု နှစ်ကုန်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံထိုး ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရ သည်။
ဆင်ဟွာ