
ဂျကာတာ စက်တင်ဘာ ၁၄
အင်ဒိုနီးရှားနိုင်ငံတွင် စက်တင် ဘာ ၁၄ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်သူ ၄၁၂၈ ဦး တိုးလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၄၁၇၄၂၁၆ ဦး အထိရှိပြီး ကိုဗစ်-၁၉ ကြောင့် ၂၅၀ ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်း ကိုဗစ်-၁၉ သေဆုံးသူ ၁၃၉၄၁၅ ဦးအထိ ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဖော်ပြသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကောင်းမွန် လာပြီး ဆေးရုံမှ ဆင်းလာသူ ၁၁၂၄၆ ဦး ရှိသောကြောင့် စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်ကောင်းမွန်လာသူ ၃၉၄၂၄၇၄ ဦး ရှိသည်။ စက်တင် ဘာ ၁၄ ရက်က အင်ဒိုနီးရှားနိုင်ငံသည် ကိုဗက်အစီအစဉ်မှတစ်ဆင့် တရုတ်နိုင်ငံ ထုတ် အသင့်သုံးဆီနိုဗက် ကိုဗစ်-၁၉ ကာကွယ်ဆေး နောက်ထပ်တစ်သုတ်ကို ထပ်မံရရှိခဲ့သည်။
ယနေ့အချိန်အထိ လူပေါင်းအနည်းဆုံး ၄၂ ဒသမ ၅၆ သန်း ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးပြီဖြစ်ကြောင်းသိရပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးသူပေါင်း ၇၄ ဒသမ ၂၅ သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန် ကြေညာလိုက်သည်။ အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေး ထိုးပေးနိုင်ရန် ရည်မှန်းချက်ထား ဆောင်ရွက်လျက် ရှိသည်။
ဆင်ဟွာ