
ဟနွိုင်း စက်တင်ဘာ ၁၄
ဗီယက်နမ်နိုင်ငံတွင် စက်တင်ဘာ ၁၄ ရက်က ကိုဗစ်-၁၉ ထပ်မံကူးစက်သူ ၁၀၅၀၈ ဦး ရှိလာကြောင်း ဖော်ပြခဲ့ပြီး ပြည်ပကူးစက်သူ ၁၂ ဦးနှင့် ပြည်တွင်းကူးစက်သူ ၁၀၄၉၆ ဦး ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ သည်။
ကိုဗစ်-၁၉ ထပ်မံကူးစက်မှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၆၃၅၀၅၅ ဦး အထိရှိပြီး ၁၅၉၃၆ ဦး သေဆုံး ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်သတင်း ထုတ်ပြန်ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက် ကူးစက်မှုအများစုမှာ တောင်ပိုင်း ဒေသများမှဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက် နေရာဖြစ်သည့် ဟိုချီမင်းမြို့မှ ၆၃၁၂ ဦး၊ အနီးနားရှိ ဘင်ဒေါင်း ပြည်နယ်မှ ၂၁၇၈ ဦးနှင့် ဒွန်နိုင်းပြည်နယ်မှ ၇၇၇ ဦးတို့ ဖြစ်ကြသည်။
ကိုဗစ်-၁၉ ကူးစက်မှုမှ ပြန်လည်ကျန်းမာလာသူ ၃၉၈၄၆၁ ဦးရှိပြီး နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူ ပေါင်းမှာလည်း ၃၀ ဒသမ ၃ သန်း ကျော်လွန်လာပြီဖြစ်သည်။ စက်တင်ဘာ ၁၄ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၆၃၀၆၆၁ ဦးရှိကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဆင်ဟွာ