အင်္ဂလန်နိုင်ငံက အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမည်

လန်ဒန်    စက်တင်ဘာ   ၁၄


အင်္ဂလန်နိုင်ငံသည် အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးတော့မည်ဖြစ်ကြောင်း ယနေ့သတင်းများအရ သိရသည်။

ပညာရေးအနှောင့်အယှက်ဖြစ်ခြင်း ကို   လျှော့ချနိုင်ရန်နှင့်   ဆောင်းရာသီ ကာလအတွင်း   ကိုဗစ်-၁၉  ရောဂါ ကူးစက်ပျံ့နှံ့ခြင်းမှ ကြိုတင်ကာကွယ်ရန် အတွက် အသက် ၁၂ နှစ်မှ ၁၅ နှစ်အရွယ် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်    ထိုးပေးသင့် ကြောင်း ဗြိတိန်ဆေးဘက်ဆိုင်ရာအကြီးအကဲများက  ယမန်နေ့တွင်  ပြောကြား သည်။


အဆိုပါ     အသက်အရွယ်ရှိသည့် ကလေးငယ်များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးပေးသင့်ကြောင်းနှင့် စပ်လျဉ်းသည့်    အကြံပြုချက်ကိုလည်း ဗြိတိန်ကျန်းမာရေးနှင့် လူမှုစောင့်ရှောက် ရေးအကြီးအကဲဖြစ်သူ   ဆာဂျစ်ဂျာဗစ် က   လက်ခံပါကြောင်း   ယမန်နေ့က    ထုတ်ပြန်သည့် ကြေညာချက်တစ်ရပ်တွင် ဖော်ပြထားသည်။


လာမည့်သီတင်းပတ်တွင် စတင်ထိုးနှံမည်
မိဘများ   သို့မဟုတ် အုပ်ထိန်းသူ များ၏ ခွင့်ပြုချက်ရရှိထားသည့် အင်္ဂလန် နိုင်ငံမှ   ကလေးငယ်များအား  လာမည့် သီတင်းပတ်မှ စတင်ကာ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည် ဖြစ်ကြောင်းနှင့်    ကိုဗစ်-၁၉   ရောဂါ ကာကွယ်ဆေးကို နှစ်ကြိမ်ထိုးနှံပေးရန် လိုအပ်မည်လားဆိုသည်နှင့် စပ်လျဉ်း၍ ယခုတိုင်    မဆုံးဖြတ်ရသေးကြောင်း သိရသည်။


အသက် ၁၂ နှစ်မှ အသက် ၁၅ နှစ် အရွယ်ကလေးငယ်များ     ၎င်းတို့၏ ကျန်းမာရေးအခြေအနေပေါ်   မူတည်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး သင့်ကြောင်း   ဗြိတိန်နိုင်ငံ၏  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ကာကွယ်ဆေးထိုးနှံရေးပူးတွဲကော်မတီက       ယခုလ အစောပိုင်းတွင် ပြောကြားသည်။


ကိုးကား - အင်န်အိတ်ချ်ကေ
 ဘာသာပြန် - အလင်းသစ်