
တိုကျို စက်တင်ဘာ ၁၅
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုများ တိုးမြင့်လာသောကြောင့် ဂျပန် နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှုများ စက်တင်ဘာ ၁၅ ရက်က ဆက်လက်ကျဆင်း လာခဲ့သည်။
ကာကွယ်ဆေး ပိုမိုထိရောက်ရန် တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ် ဆေး အပိုဆောင်းထိုးနှံပေးသင့် မသင့်ကို အစိုးရက ဆုံးဖြတ်လျက်ရှိသည်။
ဂျပန်နိုင်ငံတစ်ဝန်း အာဏာပိုင်များ က စက်တင်ဘာ ၁၅ ရက်က ကိုဗစ်-၁၉ ကူးစက်သူ ၆၈၀၀ ရှိကြောင်း အတည်ပြု ခဲ့သည်။ နေ့စဉ်ကိုဗစ်-၁၉ ကူးစက်မှုသည် ခြောက်ရက်ဆက်တိုက် ၁၀၀၀၀ အောက် ကျဆင်းခဲ့သည်။
ကိုဗစ်-၁၉ ပြင်းထန်စွာ ကူးစက် ဖြစ်ပွားနေသူ ၁၈၃၄ ဦးရှိပြီး စက်တင်ဘာ ၁၄ ရက်ကထက် ၇၁ ဦး ပိုနည်းလာခဲ့သည်။
နိုင်ငံတစ်ဝန်းလူဦးရေ၏ ၅၂ ဒသမ ၁ ရာခိုင်နှုန်းရှိသော ပြည်သူများ ဒုတိယ အကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူပြီးနောက် ကိုဗစ်-၁၉ ကူးစက်မှု ကျဆင်းလာခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးက ကျွမ်းကျင် သူများကို တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး အပိုဆောင်းထိုးနှံပေးရန် လို မလို ယခုသီတင်းပတ်တွင် မေးမြန်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရ သည်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး လှုပ်ရှားဆောင်ရွက်မှုကို ပိုမိုအောင်မြင် အောင် လုပ်ဆောင်နိုင်သော နိုင်ငံများ သည် ယခင်က ကိုဗစ်-၁၉ ကူးစက် မှု မြင့်မားသည်ကို တွေ့ရှိရကြောင်း၊ နောက်ထပ် ကိုဗစ်-၁၉ လှိုင်းသစ်သည် ဆောင်းရာသီ ဝင်ရောက်လာချိန်တွင် ဖြစ်ပွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်ဟု တာမူရာ နိုရီ ဟီဆာက ပြောသည်။
အမေရိကန် ပြည်ထောင်စုတွင် စမ်းသပ်နေသော ရလဒ်ထွက်ပေါ်လာ ပြီးနောက်တွင် အသက် ၁၂ နှစ်အောက် ကလေးများကို ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးရန် အစိုးရက စဉ်းစားလျက် ရှိကြောင်း တာမူရာက ပြောသည်။
အစိုးရအကြံပေးအဖွဲ့ခေါင်းဆောင် က ကိုဗစ်-၁၉ ဆန့်ကျင်တားဆီးရေးဆောင်ရွက်ချက်များကို ကြိုတင်ဖြေလျှော့ ပေးခြင်းနှင့်ပတ်သက်ပြီး သတိပေးထား သည်။
အင်န်အိတ်ချ်ကေ