
ကဘူးလ် စက်တင်ဘာ ၁၅
တာလီဘန်အစိုးရသစ် ယာယီ နိုင်ငံခြားရေးဝန်ကြီး အာမာခန် မွတ်တာကီက စက်တင်ဘာ ၁၄ ရက်က နိုင်ငံတကာအသိုင်းအဝိုင်း အား အာဖဂန်ပြည်သူများကို ဆက်လက်ကူညီရန် တိုက်တွန်း ပြောကြားလိုက်သည်။
“အာဖဂန် ပြည်သူတွေကို လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ ဆက်လက် ကူညီပံ့ပိုးပေးဖို့ ကမ္ဘာကြီးကို မေတ္တာရပ်ခံပါတယ်။ အာဖဂန် နစ္စတန်နိုင်ငံမှာရှိတဲ့ ပြည်သူတွေ ဟာ ကမ္ဘာကြီးရဲ့ ပူးပေါင်းဆောင် ရွက်မှုနဲ့ အကူအညီကို ဆက်လက် လိုအပ်ပါတယ်” ဟု မွတ်တာကီ က ပြောသည်။
“အာဖဂန်နစ္စတန် နိုင်ငံကို ပညာရေး၊ ကျန်းမာရေး၊ ဒုက္ခသည် အရေးနဲ့ မိုးခေါင်ရေရှားမှု ကျော်လွှားရေး စတဲ့အရေးကိစ္စ တွေမှာ ကူညီနေတဲ့ နိုင်ငံတွေ ကို အာဖဂန်နစ္စတန်နိုင်ငံကို ဆက်လက်ကူညီပေးဖို့ အနူး အညွတ် မေတ္တာရပ်ခံပါတယ်” ဟု ယာယီနိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
အဆိုပါနိုင်ငံများ အနေဖြင့် လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာအရေးကိစ္စကို နိုင်ငံရေး ကိစ္စဖြင့် မရောနှောသင့်ကြောင်း မွတ်တာကီက ပြောသည်။
သြဂုတ် ၁၅ ရက်က မြို့တော် ကဘူးလ်ကို တာလီဘန်များ မသိမ်းမီ သို့မဟုတ် မကြာသေးမီ သီတင်းပတ်များအတွင်း နိုင်ငံ အတွင်းမှ ထွက်ခွာသွားသောနိုင်ငံ တကာအကူအညီ အလုပ်သမား များကိုလည်း အာဖဂန်နစ္စတန် နိုင်ငံကို ပြန်လည်လာရောက်ရန် တိုက်တွန်းပြောကြားလိုက်သည်။
အာဖဂန်နစ္စတန်တွင် စစ်ပွဲ များနှင့် ပဋိပက္ခများ မရှိတော့ ကြောင်း၊ သက်ဆိုင်ရာ အထောက် အထားများ ကိုင်ဆောင်ထွက်ခွာ သွားကြသော အာဖဂန်များ နှင့် နိုင်ငံခြားသားများအနေဖြင့် စိုးထိတ်မှုတစ်စုံတစ်ရာ မဖြစ်ဘဲ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက် နိုင်ကြောင်း၊ ၎င်းတို့အနေဖြင့် လုပ်ငန်းများကို ပြန်လည် လည်ပတ် လုပ်ကိုင်နိုင်ကြောင်း၊ နိုင်ငံတကာအကူအညီ အလုပ် သမားများအားလုံးအတွက် လုံခြုံ ရေးနှင့် ဘေးကင်းရေးတွင် စိတ်ချ ရကြောင်း မွတ်တာကီ က ပြောသည်။
ဆင်ဟွာ