အင်အားပြင်း အပူပိုင်းမုန်တိုင်း “ချန်သူ” ဂျပန်နိုင်ငံ အနောက်ပိုင်းသို့ ဝင်ရောက်တိုက်ခတ်နိုင်

 

တိုကျို စက်တင်ဘာ ၁၆ 


အင်အားပြင်း အပူပိုင်းမုန်တိုင်း “ချန်သူ”သည်  ဂျပန်နိုင်ငံအနောက်ပိုင်းသို့    စက်တင်ဘာ  ၁၇ ရက်တွင်   ဝင်ရောက်နိုင်ကြောင်း   ဂျပန် မိုးလေဝသအရာရှိများက ပြောသည်။    
စက်တင်ဘာ   ၁၆   ရက်တွင်   မုန်တိုင်း လမ်းကြောင်းရှိ ပြည်သူများကို  သတိနှင့် နေထိုင်ကြရန်နှင့် ၎င်းတို့၏ ဘေးကင်းလုံခြုံရေး ကို   ဂရုစိုက်ရန်  မိုးလေဝသအရာရှိများက အကြံပေးထားသည်။ 
ချန်သူသည် အရှေ့တရုတ်ပင်လယ်ပြင် ပေါ်တွင်  ဖြစ်ပေါ်နေလျက်ရှိပြီး  မုန်တိုင်းနှင့် ပတ်သက်သည့် ခန့်မှန်းချက်မှာ ပြောင်းလဲနိုင် ကြောင်း မိုးလေဝသအေဂျင်စီမှ အရာရှိများက ပြောသည်။ 
ချန်သူသည် ဆူရှီမားရေလက်ကြားတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်    ပြောင်းလဲ ဖြစ်ပေါ်မည်ဟု အစောပိုင်းက ခန့်မှန်းခဲ့သော် လည်း စက်တင်ဘာ ၁၅ ရက်ညပိုင်းမှစကာ မုန်တိုင်းမှာ ခန့်မှန်းထားသည်ထက် အင်အား ပိုမိုကောင်းမွန်လာကြောင်းနှင့် လှိုင်းကြီးနိုင် ကြောင်း မိုးလေဝသအရာရှိများက ပြောသည်။ 
မုန်တိုင်းမှာ အရှေ့မြောက်ဘက်သို့  လမ်း ကြောင်း   တဖြည်းဖြည်းပြောင်းလာပြီးနောက် ဂျပန်နိုင်ငံ   အနောက်ပိုင်းသို့    ဝင်ရောက် တိုက်ခတ်နိုင်ကြောင်း မိုးလေဝသအရာရှိများ က ဆက်လက်ပြောကြားသည်။ 


အင်န်အိတ်ချ်ကေ