ကိုဗစ်- ၁၉ ကာကွယ်ဆေးအများစု ထိုးပေးပြီးဖြစ်၍ စာသင်ကျောင်းများ ပြန်ဖွင့်ဖို့ ကြိုးပမ်းလာတဲ့ ကမ္ဘောဒီးယားနိုင်ငံ

 

နှင်းမိုးအိမ်

ကမ္ဘောဒီးယားနိုင်ငံရှိ     အထက်တန်းနှင့် အလယ်တန်းကျောင်းများမှာ စက်တင် ဘာ ၁၅ ရက်မှစတင်ကာ  တဖြည်းဖြည်း ချင်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်သည်။ 
စာသင်ကျောင်းများပြန်ဖွင့် 
အရှေ့တောင်အာရှ   နိုင်ငံတစ်နိုင်ငံ ဖြစ်သည့်      ကမ္ဘောဒီးယားနိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအများစု  ထိုးနှံ ပေးပြီးဖြစ်၍        စာသင်ကျောင်းများ တဖြည်းဖြည်းချင်း  ပြန်လည်ဖွင့်လှစ် ခြင်းဖြစ်သည်။    မြို့တော် ဖနောင်ပင် ရှိ  ပရက်ယက် စစ်စဝစ်  အထက်တန်း ကျောင်းတွင်    ကျောင်းသားများမှာ နှာခေါင်းစည်းများ   တပ်ဆင်ကာ စာသင် ကျောင်းအတွင်းသို့   ဝင်ရောက်လာကြ သည်။ စာသင်ကျောင်းအတွင်းသို့မဝင်မီ အပူချိန်တိုင်းတာခြင်းနှင့်     လက်သန့် ဆေးရည်ဖြင့်    ဆေးကြောခြင်းတို့ကို ပြုလုပ်စေသည်။ 
လူဦးရေကန့်သတ်ထား 
ရောဂါကူးစက်မှု     ကာကွယ်ရေး နည်းလမ်းများကို   တင်းတင်းကျပ်ကျပ် လုပ်ဆောင်ထားကြောင်းနှင့်  စာသင်ခန်း အတွင်း  စာသင်ကြားမည့်  ကျောင်းသား ဦးရေကိုလည်း အများဆုံး ၁၅ ဦး အထိ သာ    သတ်မှတ်ထားကြောင်း    ဒုတိယ ကျောင်းအုပ်ကြီးဖြစ်သူ   ဆမ်ကမ်ဆန်က  ဆင်ဟွာသို့ ပြောသည်။  လူအချင်းချင်း ခပ်ခွာခွာနေရမည့်          စည်းကမ်းကို တင်းကျပ်ထားပြီး   စာသင်ခန်းအတွင်း ကျောင်းသားများမှာ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး  ၁ ဒသမ ၅ မီတာအကွာတွင်  ထိုင်ရမည်ဖြစ်သည်။
စိတ်သက်သာရာရ 
ကျောင်းဝတ်စုံနှင့် ပါးစပ်၊ နှာခေါင်း စည်း တပ်ဆင်ထားသည့်  ခွန်ဆော့ပ် ဟီခ်သည်    ကိုးတန်းကျောင်းသူတစ်ဦး ဖြစ်ပြီး      စာသင်ကျောင်းအတွင်းသို့ ပြန်လည်  ဝင်ရောက်ခွင့်ရသည့်အတွက် ဝမ်းသာကြောင်းပြောသည်။ ကိုဗစ်-၁၉ ကူးစက်မှုများကြောင့် စာသင်ကျောင်းကို ခုနစ်လနီးပါး  ပိတ်ထားခဲ့ရခြင်းဖြစ်သည်။ အွန်လိုင်းမှ   သင်ကြားခြင်းမဟုတ်ဘဲ စာသင်ခန်းအတွင်းသို့      ပြန်လည် ဝင်ရောက်ခွင့်ရသည့်အတွက်       စိတ် သက်သာရာရကြောင်း      အွန်လိုင်းမှ သင်ကြားခြင်းသည်  ဆရာနှင့်အနီးကပ် စာသင်ခန်းအတွင်း    သင်ကြားသည့်ပုံစံ မဟုတ်သည့်အတွက် ဖိအားများကြောင်း အသက်   ၁၅ နှစ်အရွယ်  ကျောင်းသူ တစ်ဦးက ဆင်ဟွာသို့ ပြောသည်။
လုံခြုံစိတ်ချရသည်ဟု ခံစားမိ
 အင်တာနက်မှ  ရံဖန်ရံခါ   လိုင်း မကောင်းသည့်   အခါမျိုးရှိသည့်အတွက် စကားဝိုင်းများ လွတ်သွားသည့်အခါမျိုး လည်းရှိကြောင်း   ၎င်းက   ဆက်ပြော သည်။    ၎င်းမှာ    တရုတ်နိုင်ငံထုတ် ဆီနိုဖမ်း ကိုဗစ် -၁၉ ကာကွယ်ဆေးကိုနှစ်ကြိမ်ထိုးထားပြီးဖြစ်ကြောင်း   ပြော သည်။ ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားပြီးဖြစ်သည့်အတွက် လုံခြုံစိတ်ချရသည် ဟုခံစားမိကြောင်း   ၎င်းက   ဆက်ပြော သည်။ 
ကာကွယ်ဆေးထိုးပြီးသည့်ပမာဏ 
ကမ္ဘောဒီးယားနိုင်ငံတွင် ဖေဖော်ဝါရီ လမှစတင်ကာ    အရွယ်ရောက်ပြီးသူ ၁၀ သန်းကို ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးပေးခဲ့ပြီး အသက် ၁၂ နှစ်မှ  ၁၈ နှစ် ကြား လူငယ်နှစ်သန်းနီးပါးကို   ဩဂုတ် လအတွင်း   ကာကွယ်ဆေးထိုးပေးနိုင်ခဲ့ ကြောင်း သိရသည်။ ယခုအချိန်အထိ အရွယ်ရောက်ပြီးသူ  ၉ ဒသမ ၇၇သန်း နှင့်   ဆယ်ကျော်သက် ၁ ဒသမ ၇၁ သန်းမှာ ပထမဆုံးအကြိမ် ကိုဗစ် -၁၉ ကာကွယ်ဆေး    ထိုးပေးပြီးဖြစ်သည်။ နိုင်ငံလူဦးရေ၏ ၇၁ ဒသမ ၈ ရာခိုင်နှုန်း ကို          ကာကွယ်ဆေးထိုးပြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ 
ကမ္ဘောဒီးယားနိုင်ငံတွင် တရုတ်နိုင်ငံ ထုတ်  ဆီနိုဗက်နှင့်   ဆီနိုဖမ်းကာကွယ် ဆေးများကို  အသုံးပြုကာ ကာကွယ်ဆေး ထိုးပေးခြင်းလုပ်ငန်းများကို လုပ်ဆောင် ခဲ့သည်။ 
ကာကွယ်ဆေးထိုးပြီးကြောင်း
လက်မှတ်ပြသရမည် 
တရုတ်နိုင်ငံ၏ အကူအညီ ထောက်ပံ့ မှုများမပါဘဲ   ပြည်သူများကို ကာကွယ် ဆေး လုံလုံလောက်လောက်ထိုးနှံပေးရန် မဖြစ်နိုင်ဟု   ကမ္ဘောဒီးယားဝန်ကြီးချုပ်  ဆမ်ဒက်တက်ချိုဟွန်ဆင်က  မကြာသေး မီက ပြောခဲ့သည်။ 
ကမ္ဘောဒီးယားနိုင်ငံ၏  ကိုဗစ်- ၁၉ တိုက်ဖျက်ရေးတွင်   တရုတ်နိုင်ငံထံမှ အကူအညီများ      ရရှိခဲ့သည်ဟုလည်း ၎င်းက  ဆက်ပြောသည်။ ကမ္ဘောဒီးယား နိုင်ငံတွင် ဆရာနှင့်ကျောင်းသားများမှာ ကိုဗစ် - ၁၉    ကာကွယ်ဆေးထိုးရမည် ဖြစ်ပြီး    စာသင်ခန်းအတွင်းသို့  ဝင်သည့် အခါ     ကာကွယ်ဆေးထိုးပြီးကြောင်း      လက်မှတ်ပြသရမည် ဖြစ်သည်။  
ကူးစက်မှုပေါ်ပေါက်ပါက ကျောင်းကို
ယာယီပိတ်မည် 
ကာကွယ်ဆေး    မထိုးထားသည့် ဆရာနှင့်ကျောင်းသားများကို  စာသင် ကျောင်း ပရိဝုဏ်အတွင်းသို့  လာရောက် ခွင့်ပြုမည်   မဟုတ်ပေ။   သို့သော်လည်း ၎င်းတို့သည်    အွန်လိုင်းပေါ်မှတစ်ဆင့် စာသင်ကြားခြင်းနှင့်  လေ့လာမှုများကိုပြုလုပ်နိုင်သည်ဟု    ပညာရေးဝန်ကြီး ဟန်ချူအွန်နာရွန်က     ပြောသည်။  အကယ်၍   ကူးစက်မှုများ    ပြန်လည် ပေါ်ပေါက်လာပါက   ကျောင်းများနှင့်စာသင်ခန်းများကို  ယာယီအားဖြင့်ပိတ် ထားမည်ဟု ၎င်းက  ဆက်ပြောသည်။ ထို့နောက်  သက်ဆိုင်ရာ  အာဏာပိုင် များက   လုပ်ဆောင်စရာရှိသည်များကို ချက်ချင်းဆောင်ရွက်မည်ဖြစ်သည်။
ကျောင်းများပြန်လည်ဖွင့်ခြင်းကိုကြိုဆို 
 ကမ္ဘာ့ကျန်းမာရေး    အဖွဲ့ကြီး၏ ကမ္ဘောဒီးယားဆိုင်ရာ  ကိုယ်စားလှယ်ဖြစ် သူ    လီအေလန်က     ကျောင်းများ တဖြည်းဖြည်းချင်း  ပြန်လည်ဖွင့်လှစ်ခြင်း ကို ကြိုဆိုကြောင်း ယင်းသို့ပြုလုပ်ခြင်းမှာ အချိန်အတိအကျနှင့်     အသိဉာဏ်ရှိရှိပြုလုပ်ခြင်းပင်ဖြစ်သည်ဟု   ပြောသည်။ 
ကလေးများမှာ  ကိုဗစ် -၁၉ ကူးစက် ခံရသော်လည်း    ဆိုးရွားပြင်းထန်သည့် ရောဂါလက္ခဏာ   ပြသခြင်းမျိုးနည်းပါး ကြောင်း    သေဆုံးမှုမှာလည်း   အရွယ် ရောက်ပြီးသူများနှင့်ယှဉ်လျှင်   နည်းပါး ကြောင်း ၎င်းက ဆက်ပြောသည်။
ဝန်ထုပ်ဝန်ပိုးဖြစ်စေ 
ကျောင်းများကို    ရေရှည်ပိတ်ထား ခြင်းမှာ  ဆိုးကျိုးသက်ရောက်မှု    ကြီးမား ကြောင်း၊      ကိုယ်လက်လှုပ်ရှားမှုများ နည်းပါးလာသည့်အပြင်  စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွင်လည်း  ဆုံးရှုံးမှုများရှိ ကြောင်း   အလုပ်လုပ်နေသည့်  မိဘများ အတွက်လည်း    ဝန်ထုပ်ဝန်ပိုးဖြစ်စေ ကြောင်း ၎င်းက ပြောသည်။ 
ဆက်လက်အကြံပြုထား 
စာသင်ကျောင်းများတွင်  ကူးစက်မှု လုံးဝမရှိဟု          မပြောနိုင်သော်လည်း   ကိုဗစ်-  ၁၉ ကူးစက်မှုများ ရှိလာပါက     စစ်ဆေးသိရှိနိုင်ပြီး     နောက်ထပ်     ကူးစက်မှုများမှလည်း    တားဆီးနိုင် ကြောင်း ၎င်းက ပြောသည်။  စာသင် ကျောင်းများ    ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မှာ အစိုးရက ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းများကို    အောင်အောင်မြင်မြင်   လုပ်ကိုင်နိုင်သည့်အတွက်     ဖြစ်ကြောင်း      ကုလသမဂ္ဂကလေးများ   ရန်ပုံငွေအဖွဲ့ ယူနီဆက်ဖ်မှ   ကမ္ဘောဒီးယားဆိုင်ရာ ကိုယ်စားလှယ်  ဖိုရု့ဖ် ဖိုရာဇာတ်က ပြော သည်။ အရင်ဆုံးကူးစက်နိုင်ခြေ နည်းပါး သည့်     နေရာများရှိ  စာသင်ကျောင်းများ ကို    ဦးစွာ   ဖွင့်လှစ်သင့်ကြောင်းနှင့်  စာသင်ခန်းအတွင်း လူဦးရေ ပမာဏကို လျှော့ချရန်နှင့်      ကူးစက်မှုများကို   ကာကွယ်နိုင်ရန်   လိုအပ်သည့်  ကာကွယ် ရေးအစီအမံများကို ပြုလုပ်ရန် လိုအပ် သည်ဟု   ၎င်းက   ဆက်လက်အကြံပြု ထားသည်။        ။    

ကိုးကား-ဆင်ဟွာ