
မနီလာ စက်တင်ဘာ ၁၆
ဖိလစ်ပိုင်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၁၂၆၁ ဦး ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ရာ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၃၀၄၁၉၂ ဦးရှိလာကြောင်း ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
အလားတူ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် မှုကြောင့် ၂၇၇ ဦး ထပ်မံသေဆုံး ခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၃၆၀၁၈ ဦး ရှိလာ သည်။
စက်တင်ဘာ ၁၁ ရက်တွင် ဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၆၃၀၃ ဦးတွေ့ရှိပြီး အဆိုပါအရေအတွက် သည် နိုင်ငံအတွင်း ရောဂါစတင် ကူးစက်ပျံ့နှံ့သည့် အချိန်မှစပြီး နေ့စဉ်ကူးစက်မှု အရေအတွက် စံချိန်တင်အများဆုံးဖြစ်သည်။
လူဦးရေ သန်း ၁၁၀ ရှိသည့် ဖိလစ်ပိုင်နိုင်ငံတွင် ယမန်နှစ် ဇန်နဝါရီလမှစပြီး လက်ရှိအချိန် အထိ ပြည်သူ ၁၈ ဒသမ ၇ သန်း ကျော်အား ရောဂါ ရှိ၊ မရှိ စစ်ဆေး မှု ပြုလုပ်ပြီးဖြစ်သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်