
ဟနွိုင်း စက်တင်ဘာ ၁၆
ဗီယက်နမ်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီ အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀၄၈၉ ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ လက်ရှိအချိန်အထိ နိုင်ငံအတွင်း၌ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၆၅၆၁၂၉ ဦးရှိပြီး သေဆုံးသူပေါင်း ၁၆၄၂၅ ဦးရှိကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။
ထပ်မံကူးစက်ခံရ
အဆိုပါရောဂါ ထပ်မံကူးစက်ခံရသူ များအနက် ၁၀၄၈၂ ဦးသည် ပြည်တွင်းကူးစက်ခံရသူများဖြစ်ပြီး ကျန်ခုနစ်ဦး သည် နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာ သူများဖြစ်သည်။
ထို့ပြင် ယင်းကူးစက်ခံရသူအများစုကို နိုင်ငံ၏တောင်ဘက်ပိုင်းမှ အများဆုံး စစ်ဆေးတွေ့ရှိရသည်။ ဟိုချီမင်းစီးတီး၌ ၅၇၃၅ ဦး၊ ဘင်ဒေါင်ခရိုင်၌ ၂၉၉၈ ဦးနှင့် ဒေါင်နန်ခရိုင်၌ ၅၆၇ ဦးတို့ကို အသီးသီး တွေ့ရှိသည်။
သို့သော် လွန်ခဲ့သော ၂၄ နာရီအတွင်း ၁၀၉၀၁ ဦး ရောဂါမှ ပြန်လည်သက်သာလာ ခဲ့သည့်အတွက် ဆေးရုံများမှ ဆင်းသွားခဲ့ ရာ ကျန်းမာရေးအခြေအနေ ပြန်လည် ကောင်းမွန်လာသူပေါင်း ၄၂၃၅၅၁ ဦး ရှိလာသည်။
လက်ရှိအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၃၂ သန်းကျော် အား ထိုးနှံပေးပြီးဖြစ်သည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- အောင်ကျော်ကျော်
n