
တိုကျို စက်တင်ဘာ ၁၇
ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းကျွန်းတစ်ကျွန်းပေါ်တွင် စက်တင်ဘာ ၁၇ ရက်က မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားရာ မီးတောင်ဝနေရာမှ တစ်ကီလိုမီတာအကွာအထိ ကျောက်တုံးကြီးများ လွင့်စဉ်သွားခဲ့သည်။
မီးတောင်ပေါက်ကွဲရာ တောင်အနီးတစ်ဝိုက်သို့ ဝင်ရောက်ခွင့်ပိတ်ထားပြီး မိုးလေဝသအေဂျင်စီက လည်း သတိပေးမှုထုတ်ပြန်ထားသည်။ ကာဂိုရှီမာ ခရိုင် ဆူဝန်နိုဆီကျွန်းရှိ အိုတာကီတောင်တွင် မီးတောင်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဒဏ်ရာရရှိသူ အရေအတွက်ကို မသိရသေးပေ။ ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးမှုအဆင့်ကို အဆင့်သုံးအထိထုတ်ပြန်ထားပြီး လူများမီးတောင် အနီး သို့ ချဉ်းကပ်ခွင့်မပြုပေ။
ပေါက်ကွဲမှုအရှိန်ကြောင့် ကျောက်တုံးကြီးများ လွင့်စဉ်လာနိုင်မှုအခြေအနေကိုလည်း သတိပေးထား သည်။ စက်တင်ဘာ ၁၆ ရက်ကတည်းက မီးတောင် အဝတွင် ပေါက်ကွဲမှုများ ပေါ်ပေါက်ခဲ့သည်ဟု အေဂျင်စီက ပြောသည်။
ဝန်ကြီးချုပ်ရုံးတွင်လည်း ဆက်သွယ်ရေး အရာရှိရုံးကို တည်ထောင်ထားပြီး သတင်းအချက် အလက်များ စုဆောင်းလျက်ရှိသည်။ ဆူဝန်နိုဆီ ကျွန်းသည် မီးတောင်ကျွန်းဖြစ်ပြီး လူဦးရေ ၁၀၀ ထက်မနည်း နေထိုင်သည်။
ကျိုဒို