
ဟနွိုင်း စက်တင်ဘာ ၁၇
ဗီယက်နမ်နိုင်ငံတွင် စက်တင်ဘာ ၁၇ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ ၁၁၅၂၁ ဦးရှိ လာကြောင်းဖော်ပြခဲ့ပြီး ပြည်ပ ကူးစက်ဖြစ်ပွားသူ ၁၅ ဦးနှင့် ပြည်တွင်း ကူးစက်ဖြစ်ပွားသူ ၁၁၅၀၆ ဦးဖြစ်ကြောင်း ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာသည်။
ကိုဗစ်-၁၉ ထပ်မံကူးစက် ဖြစ်ပွားမှုနှင့်အတူ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူပေါင်း ၆၆၇၆၅၀ အထိရောက် ရှိလာပြီး ၁၆၆၃၇ ဦး သေဆုံးခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီး ဌာနက ဆက်လက်သတင်း ထုတ်ပြန်ဖော်ပြခဲ့သည်။
ကိုဗစ်-၁၉ အစုလိုက် ကူးစက်မှုအများစုမှာ တောင်ပိုင်း ဒေသများမှဖြစ်ကာ ကိုဗစ်-၁၉ ကူးစက်ရာ ဗဟိုချက်နေရာဖြစ် သည့် ဟိုချီမင်းစီးတီးမှ ၅၉၇၂ ဦး၊ အနီးနားရှိ ဘင်ဒေါင်းပြည်နယ်မှ ၄၀၁၃ ဦးနှင့် ဒွန်နိုင်းပြည်နယ်မှ ၃၄၅ ဦးတို့ဖြစ်ကြသည်။
ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မှ ပြန်လည်ကျန်းမာလာသူ ၄၃၃၄၆၅ ဦးရှိလာပြီး နိုင်ငံ တစ်ဝန်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပြီးသူပေါင်းမှာလည်း ၃၃ သန်းကျော်လွန်လာပြီဖြစ်သည်။
စက်တင်ဘာ ၁၇ ရက်အထိ ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူပေါင်း ၆၆၃၂၃၂ ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
ဆင်ဟွာ