အစ္စရေးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယအကြိမ် ထိုးနှံမှုခံယူပြီးသူ သုံးသန်းကျော်ရှိ

ဂျေရုဆလင်   စက်တင်ဘာ   ၁၈ 


အစ္စရေးနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံမှုခံယူပြီးသူ သုံးသန်းကျော်ရှိပြီ ဖြစ်ကြောင်း   အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။ 


ကာကွယ်ဆေးတတိယအကြိမ်  ထိုးနှံပြီးသူ အရေအတွက်  ၃၀၀၈၅၁၁ ဦးရှိပြီး  အဆိုပါအရေ အတွက်သည်   နိုင်ငံလူဦးရေ၏   ၃၂ ရာခိုင်နှုန်းရှိ ကြောင်း သိရသည်။ 
အစ္စရေးနိုင်ငံက ကာကွယ်ဆေးတတိယအကြိမ် ထိုးနှံမှုအစီအစဉ်ကို   သြဂုတ် ၁ ရက်တွင် စတင်ခဲ့ သည်။ 


တတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းသည် ရောဂါကူးစက်မှုကို    ပိုမိုခုခံကာကွယ်နိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။ 
ကာကွယ်ဆေးတတိယအကြိမ် ထိုးနှံမှုခံယူသူ များသည် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူထားသူ နှင့် နှိုင်းယှဉ်ပါက   ရောဂါခုခံနိုင်စွမ်း   ဆယ်ဆပိုမို မြင့်မားကြောင်း တွေ့ရှိရသည်။ 


ကာကွယ်ဆေးပထမအကြိမ် ထိုးနှံမှုခံယူပြီးသူ ၆ ဒသမ ဝ၆ သန်းနီးပါး (နိုင်ငံလူဦးရေ၏ ၆၄ ဒသမ ၅ ရာခိုင်နှုန်း) ရှိပြီး ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှု ခံယူပြီးသူ ၅ ဒသမ ၅၇ သန်းရှိကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အောင်ကျော်ကျော်