ကျူးဘားနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၀၀၀ ကျော်ရှိ

ဟာဗားနား   စက်တင်ဘာ   ၁၈


ကျူးဘားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၂၉၁ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၇၈၄၄၁၆ ဦးရှိလာကြောင်း သိရသည်။


အဆိုပါတစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၈၂၉၁ ဦးအနက် ၈၂၆၀ သည် အစုလိုက်အပြုံလိုက်ကူးစက်ခံရခြင်းဖြစ်ကြောင်း ကျူးဘားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏    သန့်ရှင်းရေးနှင့်    ကူးစက်ရောဂါဗေဒဌာနမှ ညွှန်ကြားရေးမှူး ဖရန်စစ္စကိုဒူရန်က ပြောကြားသည်။


ကျူးဘားနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၅ ဦး ထပ်မံ တွေ့ရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့်သေဆုံးသူ စုစုပေါင်း ၆၆၇၆ ဦးရှိလာ ကြောင်း သိရသည်။


ကျူးဘားနိုင်ငံအစိုးရသည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံမှုအစီအစဉ်ကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက်ရှိရာ နိုင်ငံလူဦးရေ စုစုပေါင်း ၏ ၃၉ ရာခိုင်နှုန်းကျော်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီး ဖြစ်ကြောင်း သိရသည်။          

 

 ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်