အီရန်နိုင်ငံ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၅ ဒသမ ၄ သန်းကျော်ရှိလာ

တီဟီရန်   စက်တင်ဘာ   ၁၈ 

အီရန်နိုင်ငံ၌ လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၂၈၄၇ ဦးအား   ထပ်မံတွေ့ရှိခဲ့ရာ   ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၅၄၀၈၈၆၀ ရှိလာ သည်။ 


သေဆုံးသူပေါင်း ၁၁၆၇၉၁ ဦးရှိလာ


အလားတူ   လွန်ခဲ့သော  ၂၄ နာရီ အတွင်း ၃၅၅ ဦး   ထပ်မံသေဆုံးခဲ့ရာ အဆိုပါရောဂါကြောင့် သေဆုံးသူပေါင်း ၁၁၆၇၉၁ ဦးရှိလာကြောင်း အီရန်ကျန်းမာ ရေးနှင့်     ဆေးပညာဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရ သိရသည်။ 


သို့သော်   ကိုဗစ်-၁၉  ရောဂါမှ ပြန်လည်       ကျန်းမာလာသူပေါင်း ၄၇၃၆၈၉၆ ဦးရှိသည်။ 
လူနာ ၆၈၃၆ ဦးသည်   အထူး ကြပ်မတ်ကုသဆောင်များတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူလျက်ရှိသည်။ 


လက်ရှိအချိန်အထိ       ပြည်သူ ၂၈၃၈၂၉၉၅ ဦးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ပြီး    ပြည်သူ ၁၃၆၂၀၈၆၈ ဦးသည် ကာကွယ်ဆေးနှစ်ကြိမ်    ထိုးနှံမှုခံယူ ပြီးဖြစ်သည်။


နိုင်ငံအတွင်း၌     ဒယ်လ်တာဗီဇ ပြောင်းဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်လျက် ရှိသည်။ 


ကိုးကား - ဆင်ဟွာ
ဘာသာပြန် - အောင်ကျော်ကျော်