
ဝါရှင်တန် စက်တင်ဘာ ၁၉
အာဖဂန်နစ္စတန်တွင် အမေရိကန်၏ မှားယွင်းသောလေကြောင်းတိုက်ခိုက်မှုအတွင်း မိသားစုများ ဆုံးရှုံးခဲ့ရ သည့် အမျိုးသားတစ်ဦးသည် အဆိုပါတိုက်ခိုက်မှုအတွက် တာဝန်ရှိသူများကို အပြစ်ပေးမှု လိုလားသည်ဟု အမေရိကန်မီဒီယာတွင် ဖြေကြားခဲ့သည်။
အမေရိကန်ဘက်မှ မှားသွားပါသည်ဟု ပြောရုံမျှ ဖြင့် မလုံလောက်ဟုလည်း အီမဲလ်အာမက်ဒီက အင်တာဗျူးတွင်ဖြေကြားခဲ့သည်။ ဩဂုတ် ၂၉ ရက် ကဘူးလ်မြို့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားရသည့်အရပ်သား ၁၀ ဦးတွင် ၎င်း၏ သုံးနှစ်အရွယ် သမီးလည်း ပါဝင်သွားခဲ့သည်။
အီမဲလ် အာမက်ဒီ၏ အစ်ကိုဖြစ်သူ မောင်းနှင် လာသည့်ကားကို ဒုံးကျည်ထိမှန်ခဲ့သည်။ အကြမ်း ဖက်သမားများကို တင်ဆောင်လာသောကားကို ပစ်မှတ်ထားကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အမေရိကန်တပ်ဖွဲ့က ပြောသည်။ အမေရိကန် ဗဟိုကွပ်ကဲရေးဌာနကလည်း အဆိုပါ မှားယွင်း တိုက်ခိုက်မှုအတွက် စက်တင်ဘာ ၁၇ ရက်တွင် တောင်းပန်ခဲ့သည်။
အာမက်ဒီကမူ တောင်းပန်ရုံမျှဖြင့် ၎င်း၏ မိသားစုဝင်များကို ပြန်ခေါ်မပေးနိုင်ဟု ပြောကြား ခဲ့သည်။ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးရန်သာ တောင်းဆိုခဲ့ပြီး ၎င်းတို့ မိသားစုကို နစ်နာကြေး ပေးရန်လည်း အမေရိကန်အစိုးရကို ၎င်းက တောင်းဆိုခဲ့သည်။
အင်န်အိတ်ချ်ကေ