
ဝါရှင်တန် စက်တင်ဘာ ၁၉
အမေရိကန်တွင် ကိုဗစ် -၁၉ ကြောင့် သေဆုံးသွားရသူများ အတွက် ရည်စူးကာ အလံဖြူ ခြောက်သိန်းကျော် ထောင်သည့် ပြပွဲအခမ်းအနားကို စက်တင်ဘာ ၁၇ ရက်တွင် ဝါရှင်တန် နေရှင် နယ်မောလ်တွင် ပြုလုပ်ခဲ့သည်။
ဂျွန်ဟော့ကင်းတက္ကသိုလ်၏ တွက်ချက်မှုများအရ အမေရိကန် သည် ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုနှုန်းတွင် ကမ္ဘာပေါ်တွင် အများဆုံးဖြစ်သည်။
စက်တင်ဘာ ၁၇ ရက်အထိ အမေရိကန်တွင် ကိုဗစ်- ၁၉ ကြောင့် သေဆုံးသူ ၆၇၂၀၀၀ ရှိပြီ ဖြစ်သည်။
အလံ တစ်တိုင်ချင်းစီမှာ သေဆုံးသွားသူတစ်ဦးချင်းစီကို ရည်စူးသည်။ အလံများသည် မြက်ခင်းပြင် စတုရန်းမီတာ ၈၀၀၀၀ ကို လွှမ်းခြုံသွားခဲ့သည်။
အမေရိကန် ပြည်ထောင်စု တွင် ဗီဇပြောင်းဒယ်လ်တာဗိုင်း ရပ်စ် ကူးစက်မှုများရှိနေပြီး မကြာသေးမီ ရက်ပိုင်းအတွင်း နေ့စဉ်သေဆုံးမှုနှုန်းမှာ ၂၀၀၀ ထိ ရှိခဲ့သည်။
ကာကွယ်ဆေး ထိုးပေးသည့် နှုန်းမှာလည်း ကိုဗစ် -၁၉ကူးစက် မှုများကို နှိမ်နင်းနိုင်သည်အထိ လွှမ်းခြုံနိုင်ခြင်း မရှိသေးချေ။
ဆင်ဟွာ