မြစ်ကြီးနား၊ လားရှိုးနှင့် တောင်ကြီးမြို့နယ်တို့တွင် ဘိန်းဖြူများ ဖမ်းဆီးရမိ

 

နေပြည်တော်  စက်တင်ဘာ  ၁၉  


မူးယစ်ဆေးဝါး   တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၁၈ ရက် မွန်းလွဲ ၂ နာရီတွင် မြစ်ကြီးနား မြို့ စီတာပူရပ်ကွက် ဂျပန်လမ်းမကြီးအနီးတွင် အေးနိုင်လင်း  မောင်းနှင် ပြီး မရူထု(ခ)အဘွတ်    လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၁၈ ကီလိုကို လည်းကောင်း၊ အလားတူ   ယင်းနေ့   ည ၇ နာရီတွင်  လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော   ပူးပေါင်းအဖွဲ့သည်     လားရှိုးမြို့နယ် လားရှိုး-မိုင်းယော်သွားကားလမ်း တာပုံကျေးရွာအုပ်စု   တာပုံကျေးရွာနီးတွင်   အိုက်ပွင့်  မောင်းနှင်လာသည့်   ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၀ ဒသမ ၂၂ ကီလိုကို လည်းကောင်း၊  ထို့အတူ စက်တင်ဘာ ၁၇ ရက် မွန်းလွဲ ၁ နာရီခွဲ တွင်     တောင်ကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော    ပူးပေါင်းအဖွဲ့သည်     တောင်ကြီးမြို့နယ် တောင်ကြီး - မိုင်းပျဉ်းသွားကားလမ်း    နန်းဟောင်းကျေးရွာအုပ်စု    နောင်ပယ်ကျေးရွာအနီးတွင် ဖြိုးဝေကျော် (ခ) အောင်ဖြိုးဝင်း မောင်းနှင် လာသည့် ဆိုင်ကယ်ကို   ရပ်တန့်ရှာဖွေရာ   စိတ်ကြွရူးသွပ်ဆေးပြား  ၁၁၀၀  ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ    အရေးယူထားကြောင်း သိရသည်။                                    

ရဲပြန်ကြား