
မက်ဒရစ် စက်တင်ဘာ ၂၀
အတ္တလန္တိတ်သမုဒ္ဒရာ စပိန် နိုင်ငံ ကနေရီကျွန်းစုများထဲမှ ကျွန်း တစ်ကျွန်းတွင် မီးတောင်ပေါက်ကွဲ မှုဖြစ်ပွားခဲ့ပြီး နှစ်ပေါင်း ၅၀ အတွင်း ပထမဆုံးအကြိမ် မီးတောင်ပေါက်ကွဲမှု ဖြစ်သည်။
ဒေသခံများကို ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းကြရန်လည်း တိုက် တွန်းထားသည်။ စက်တင်ဘာ ၁၉ ရက်မှစတင်ကာ လာပါလ်မာ ကျွန်းပေါ်ရှိ Cumbre Vieja မီးတောင်ပေါက်ကွဲမှု စတင်ခဲ့ သည်ဟု မီဒီယာများတွင် ဖော်ပြ ကြသည်။
မီးတောင်မှ အနီရောင်ချော် ရည်များ စီးဆင်းလာပြီးလမ်းပေါ် တွင် ဖုံးလွှမ်းသွားသည်ကို ဗီဒီယို ဖိုင်တွင် တွေ့ရသည်။ ချော်ရည် များ စီးဆင်းလာမှုကြောင့် အဆိုပါ ဧရိယာ ဒေသတစ်ဝိုက်တွင် နေထိုင်ကြသူများ တခြားနေရာသို့ ရွှေ့ပြောင်းရန် အာဏာပိုင်များကတိုက်တွန်းထားသည်။
ကနေရီကျွန်းစု မီးတောင် သုတေသန အင်စတီကျုကလည်း မီးတောင်ပေါက်ကွဲနိုင်မှု အနေ အထားကို ဓာတ်ပုံရိုက်ကူးထား သည်။ တွစ်တာအကောင့်မှ တစ်ဆင့် သတင်းအချက်အလက် များကို တင်ပြခဲ့သည်။
ပေါက်ကွဲမှု နေရာအနီးအနား သို့ ပြည်သူများချဉ်းကပ်ခြင်းမပြုရန်လည်း တိုက်တွန်းထားသည်။
စပိန်ဝန်ကြီးချုပ် ပီဒရိုဆန် ချက်ဇ်သည် ကုလသမဂ္ဂအထွေ ထွေညီလာခံသို့ တက်ရောက်ရန် အမေရိကန်ပြည်ထောင်စုသို့ ခရီး သွားရန်ရှိသည်။ သို့သော်လည်း ခရီးစဉ်ကို ရွှေ့ဆိုင်းထားကြောင်း ပြောသည်။ အင်န်အိတ်ချ်ကေ