ကာကွယ်ဆေးထိုးထားသည့် နိုင်ငံခြားသားများ ထိုင်းနိုင်ငံသို့ လာမည့်လတွင် သွားရောက်လည်ပတ်နိုင်မည် 

 

ဘန်ကောက် စက်တင်ဘာ ၂၀   


ထိုင်းနိုင်ငံတွင် လွန်ခဲ့သော ၂၄နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ဖြစ်ပွားသူ ၁၂၇၀၉ ဦးရှိလာပြီး ၁၀၆ ဦး ထပ်မံသေဆုံးကြောင်း ကိုဗစ်-၁၉ စီမံခန့်ခွဲရေးစင်တာ (စီစီအက်စ်အေ)၏ စက်တင်ဘာ ၂၀ ရက် ဖော်ပြချက်အရ သိရသည်။ 
ထပ်မံဖြစ်ပွားသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားသူ များအနက် ၂၈၃၁ ဦးမှာ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားရာ ဗဟိုချက်နေရာဖြစ်သည့် ထိုင်းနိုင်ငံ ဘန်ကောက်မှ ဖြစ်သည်။
နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမည်
လာမည့်လတွင်  ကိုဗစ်-၁၉   ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသော နိုင်ငံခြားသားခရီးသွား များကို နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုမည်ဖြစ်သဖြင့် ထိုင်းနိုင်ငံသည် ကိုဗစ်-၁၉ ကာကွယ်ဆေးဖြန့်ဝေရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လျက် ရှိသည်။
ပြည်နယ်တစ်ခုချင်းစီအတွက် လူဦးရေအနည်း ဆုံး ၅၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ ပေးရန် အစိုးရက ရည်ရွယ်ထားပြီး ကာကွယ်ဆေးထိုး နိုင်သည့် အသက်အရွယ်အပိုင်းအခြားကိုလည်း အသက် ၁၂ နှစ်အထက်ထိ  တိုးမြှင့်ထားသည်။
ထို့ပြင်  ကာကွယ်ဆေး   နှစ်ကြိမ်ထိုးနှံထားသူ များကို    နောက်ထပ်  အပိုဆောင်း   ကိုဗစ်-၁၉ ကာကွယ်ဆေး    ထိုးနှံပေးရန်   အစိုးရက   စီစဉ် ထားသည်။   
လွန်ခဲ့သောနှစ်စပိုင်း ကိုဗစ်-၁၉ စတင်ဖြစ်ပွား ချိန်မှစကာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား သူပေါင်း ၁ ဒသမ ၄၈ သန်းရှိပြီး စုစုပေါင်းသေဆုံးသူ ၁၅၄၆၉ ဦးရှိလာပြီဖြစ်သည်။ 
ကာကွယ်ဆေး  အပြည့်အဝ ထိုးနှံပြီး
စက်တင်ဘာ ၁၉ ရက်အထိ စုစုပေါင်းကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ ၄၄ ဒသမ ၇၄ သန်းကျော်ရှိ လာခဲ့သည်။ ထိုင်းနိုင်ငံလူဦးရေ၏ ၂၁ ရာခိုင်နှုန်း ခန့်မှာ  ကိုဗစ်-၁၉  ကာကွယ်ဆေး  အပြည့်အဝ ထိုးနှံပြီးပြီဖြစ်သည်။ 
ယခုနှစ်ကုန်တွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး လွှမ်းခြုံထိုးနှံပေးနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။ 
            ဆင်ဟွာ