အင်ဒိုနီးရှားနိုင်ငံတွင် ကိုဗစ်-၁၉ သေဆုံးသူ ၁၄၀၆၃၄ ဦးအထိရှိလာ


 

ဂျကာတာ စက်တင်ဘာ ၂၀ 


အင်ဒိုနီးရှားနိုင်ငံတွင် စက်တင် ဘာ ၂၀ ရက်က ကိုဗစ်-၁၉ ထပ်မံ ကူးစက်ဖြစ်ပွားသူ တစ်နေ့တည်း ၁၉၃၂ ဦး  တိုးလာမှုနှင့်အတူ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် ဖြစ်ပွားသူပေါင်း ၄၁၉၂၆၉၅ ဦး အထိ   ရှိလာခဲ့သည်။ 
ထို့အတူ ကိုဗစ်-၁၉ ကြောင့် ၁၆၆ ဦး ထပ်မံသေဆုံးမှုနှင့်အတူ စုစုပေါင်းကိုဗစ်-၁၉ သေဆုံးသူ ၁၄၀၆၃၄   ဦးအထိ    ရှိလာခဲ့ ကြောင်း ကျန်းမာရေးဝန်ကြီးဌာန က ဖော်ပြသည်။ 
လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုမှ  ပြန်လည်   ကောင်းမွန်လာပြီး ဆေးရုံမှဆင်းလာသူ ၆၇၉၉  ဦး ရှိလာသောကြောင့်  စုစုပေါင်း ကိုဗစ်-၁၉  ကူးစက်ဖြစ်ပွားမှုမှ ပြန်လည်      ကောင်းမွန်လာသူ ၃၉၉၆၁၂၅ ဦးအထိ  ရှိလာသည်။ 
ယနေ့အချိန်အထိ လူပေါင်း အနည်းဆုံး ၄၅ ဒသမ ၂၂ သန်း ကိုဗစ်-၁၉          ကာကွယ်ဆေး   နှစ်ကြိမ်    ထိုးနှံပြီးပြီဖြစ်ကြောင်း သိရပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်ကြိမ် ထိုးနှံပြီးသူပေါင်း ၇၉ ဒသမ ၆၅  သန်း  ရှိကြောင်း ကျန်းမာရေး      ဝန်ကြီးဌာနက သတင်းထုတ်ပြန်ကြေညာလိုက် သည်။ 
အစိုးရသည် ပြည်သူ ၂၀၈ ဒသမ ၂၆ သန်းကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန်  ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။
ဆင်ဟွာ