ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များကို ကမ္ဘာ့ခေါင်းဆောင်များ ပြန်လည်အလေးထားသွားမည် 


 

 

ဂျီနီဗာ   စက်တင်ဘာ   ၂၁


ကမ္ဘာ့ခေါင်းဆောင်များသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့   တက်ရောက်ရန်   နယူးယောက်သို့ လာရောက်နေကြသည်။ ပြီးခဲ့သည့်နှစ်အတွင်းက ကိုဗစ်-၁၉   ကူးစက်မှုများကြောင့်    ကုလသမဂ္ဂ အထွေထွေညီလာခံကို အွန်လိုင်းပေါ်မှသာ ကျင်းပနိုင် ခဲ့သည်။ 
ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနောက်လိုက်ရာတွင် မျှော်လင့်ချက်မဲ့သွားမည်မဟုတ် ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ပြောသည်။ 
၂၀၁၅ ခုနှစ် ကုလသမဂ္ဂ ရေရှည်ဖွံ့ဖြိုးတိုးတက် ရေး   ရည်မှန်းချက်များကို   ကိုယ်စားလှယ်များက ချမှတ်ခဲ့ကြသည်။ 
ရည်မှန်းချက်များထဲတွင်    ဆင်းရဲမွဲတေမှု ပပျောက်ရေး ၊ ရာသီဥတုပြောင်းလဲမှုကို တိုက်ဖျက် ရေးနှင့်    ငြိမ်းချမ်းပြီးအလုံးစုံပါဝင်သော လူ့အဖွဲ့ အစည်းများကို မြှင့်တင်ရန်တို့ပါဝင်သည်။  
သို့သော်လည်း  နိုင်ငံပေါင်း  ၁၀ နိုင်ငံတွင်သာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၇၃ ရာခိုင်နှုန်းထိုးရသေး သည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ အရာရှိ များက ပြောသည်။ 
လာမည့်နှစ်လယ်ပိုင်းတွင် ကမ္ဘာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးနိုင် ရေး    ကုလသမဂ္ဂထွေထွေအတွင်းရေးမှူးချုပ်က လိုလားလျက်ရှိသည်။                    အင်န်အိတ်ချ်ကေ