အီတလီနိုင်ငံတွင် တတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှုစတင် 


 

ရောမ  စက်တင်ဘာ   ၂၁


အီတလီနိုင်ငံတွင်  စက်တင်ဘာ ၂၀ ရက်မှ  စတင်ကာ ကိုဗစ်-၁၉ ကာကွယ်ဆေး  တတိယအကြိမ် ထိုးနှံပေးမှုများကို   စတင်နေပြီ ဖြစ်သည်။ တိုင်းပြည်၏   ဆေး အေဂျင်စီက မီးစိမ်းပြပြီးနောက် ယခုလို စတင်နိုင်ခဲ့ခြင်းဖြစ်သည်။ 
ကျန်းမာရေးဝန်ကြီး   ဌာန သည်    ယခုလအစောပိုင်းက ဖိုက်ဇာ  သို့မဟုတ်   မော်ဒါနာ ကာကွယ်ဆေးကို   ကိုယ်ခံအား နည်းသည့် လူများကို ထိုးပေးမည် ဟု ကြေညာခဲ့သည်။ 
သက်ကြီးရွယ်အိုများ၊ စောင့် ရှောက်ရေး     ဂေဟာများတွင် နေထိုင်နေရသူများနှင့်   ကိုယ် တွင်းအင်္ဂါ လဲလှယ်ထားသူများကို ထိုးပေးသွားမည်ဖြစ်သည်။ 
အေအိုင်အက်ဖ်အေမှ ထုတ် လုပ်ထားသည့်  လမ်းညွှန်မှုများ အပေါ်အခြေခံကာ   ကျန်းမာရေး လုပ်သားများကိုလည်း    အပို ဆောင်း၍    ကာကွယ်ဆေးထပ် ထိုးပေးမည်ဖြစ်သည်။ 
ကပ်ရောဂါ   စတင်ဖြစ်ပွား သည့် အချိန်မှစတင်ကာ အီတလီ နိုင်ငံတွင်   လူပေါင်း  ၄ ဒသမ ၆ သန်း ကိုဗစ်-၁၉   ကူးစက်ခံခဲ့ရ သည်။
ဆင်ဟွာ