စမ်းချောင်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကိုတိုက်ခိုက်ခဲ့သည့် တရားခံများအား ဖမ်းဆီးရမိ  ဖောက်ခွဲမှု ၁၂ ကြိမ်၊ မီးရှို့မှု တစ်ကြိမ်၊  အကြမ်းဖက်သတ်ဖြတ်မှု သုံးကြိမ်ကျူးလွန်ခဲ့သူများဖြစ်

 

 

နေပြည်တော်   စက်တင်ဘာ   ၂၁


၂၀၂၁  ခုနှစ်၊  စက်တင်ဘာလ  ၉  ရက်တွင်  စမ်းချောင်းမြို့နယ် သံတံတား ရပ်ကွက်၊   ဗဟိုလမ်းနှင့်   ဇလွန်လမ်းဆုံ၌  လှည့်ကင်းဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား   လက်ပစ်ဗုံး၊  လက်နက်ငယ်တို့ဖြင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်၍    တရားခံများဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိရာ    တာဝန်သိပြည်သူများ၏ သတင်းပေးပို့ချက်အရ  စက်တင်ဘာလ  ၁၅  ရက်တွင် ဗဟန်းမြို့နယ်၊ မြို့မရပ်ကွက်၊ ပိုက်လုံးလမ်း၊ တိုက်(၇၀) အခန်း(၄၁)သို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက    ဝင်ရောက်ရှာဖွေခဲ့ရာ  ကျော်စိုး လင်း  (ခ)  မိုက်ကယ်၊   ဇော်လင်း ထွန်း၊ စည်သူဖြိုး (ခ) ဇင်ကို တို့ သုံးဦးအား ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ    လှိုင်မြို့နယ်၊ ၄   ရပ်ကွက်၊   ဘုရင့်နောင်လမ်း၊ Super Luck လက်ဖက်ရည်ဆိုင်  သို့    လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်ရှာဖွေခဲ့ရာ  သဲမောင် မောင်နှင့်   အောင်ပြည့်   တို့အား MG-1    လက်ပစ်ဗုံး    တစ်လုံး၊ လက်လုပ်ဗုံး ငါးလုံး၊ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းများနှင့်     အတူ ဖမ်းဆီးရမိခဲ့သည်။
ထို့ပြင်    ကမာရွတ်မြို့နယ် (၅)   ရပ်ကွက်၊    အောင်ချမ်းသာ လမ်း၊  အမှတ် (၁၅၆)၊ (၆) လွှာသို့ ဝင်ရောက်ရှာဖွေခဲ့ရာ ဝေယံ  (ခ) ဝေယံပိုင်၊   ကျော်ကျော်ခန့်     နှင့် ရဲရင့်ကို (ခ) ရဲရဲ  တို့  သုံးဦးအား လည်းကောင်း၊    စမ်းချောင်းမြို့ နယ် စမ်းချောင်းလမ်း၊ (၃)လွှာ၌ လမင်းထွန်း(ခ)အမွန်း အား ၉ မမ ပစ္စတို  တစ်လက်၊  ၉  မမကျည်  ၆၈ တောင့်၊   MG1  လက်ပစ်ဗုံး တစ်လုံး၊ ဖုန်းမျိုးစုံ သုံးလုံးတို့နှင့် အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ဖောက်ခွဲရေးပစ္စည်းများ 
သိမ်းဆည်း
တရားခံ   လမင်းထွန်း   ၏ ထွက်ဆိုချက်အရ    တောင်ဥက္က လာပမြို့နယ် City Mart အနီးတွင် ဆက်စပ်တရားခံ ဘိုဘို (ခ) Y2B အား     ဖမ်းဆီးရမိခဲ့ပြီး    ၎င်း နေထိုင်ရာ  စမ်းချောင်းမြို့နယ် မြေနီကုန်းခုံးကျော်အနီးရှိ တိုက် အမှတ် (၂၅၄)၊ အခန်း(၇/က)အား  ရှာဖွေခဲ့ရာ   AK-47  တစ်လက်၊ ကျည်အိမ်  နှစ်ခု၊  ၅.၅၆  ကျည် အတောင့် ၆၀၊ MG 1 လက်ပစ်ဗုံး တစ်လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၂၅ လုံး၊   ဒီတိုနေတာ   နှစ်ချောင်းနှင့် ဖောက်ခွဲရေး ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပြီး   ကမာရွတ် မြို့နယ်    ခိုင်ရွှေဝါလမ်းထိပ်၌  စည်သူ (ခ) ဒန်းနစ်  အား  ထပ်မံ ဖမ်းဆီးရမိခဲ့သည်။
တရားခံ   လမင်းထွန်း    ၏ ထွက်ဆိုအချက်အရ ကမာရွတ်မြို့ နယ် (၇) ရပ်ကွက် ပြည်ရိပ်မွန် အိမ်ရာ၊ တိုက်အမှတ် ၂၂၊ အခန်း (၃၅) အား ဝင်ရောက်ရှာဖွေ ခဲ့ရာ အောင်သီဟဟိန်း၊ ချယ်ရီဘိုကြည် နိုင်၊    အာကာကျော်ထူး၊     ဝေယံ ထွန်းဦး  တို့   လေးဦးအား  SIG SAUER    ပစ္စတို     တစ်လက်၊ ကျည်အိမ်   နှစ်ခု၊   Luger  ကျည် ၁၉ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိခဲ့သည့်   တရားခံ ဝေယံထွန်းဦး ၏ ထွက်ဆိုချက်အရ ကမာရွတ်မြို့နယ် (၃) ရပ်ကွက်၊ အမှတ် (၂)  ဘောဂလမ်း၊  တိုက် အမှတ်(၂)၊   (၆)   လွှာရှိ   အာကာ ကျော်ထူး ၏ နေအိမ်အား ရှာဖွေ ခဲ့ရာ MK 12 သေနတ် တစ်လက်၊ ၁၂  ဗို့  ကျည်  ငါးတောင့်၊ ၉ မမ ကျည် ငါးတောင့်၊ ၉၁ လက်ပစ်ဗုံး တစ်လုံး၊   ကျည်အိမ်    အသေး တစ်ခုနှင့်   အကြီး  တစ်ခုတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။
တရားခံ    လမင်းထွန်း   ၏ ထွက်ဆိုချက်အရ စက်တင်ဘာလ ၁၆ ရက်တွင် ကမာရွတ်မြို့နယ် (၃)  ရပ်ကွက်၊   ခိုင်ရွှေဝါလမ်း၊ အမှတ်  (၁၁၇)  အား  ရှာဖွေခဲ့ရာ ပထမထပ်၌          မျိုးဝဏ္ဏမင်း၊ အေးမြတ်သွယ်နှင့် ရဲမြင့်အောင် တို့   သုံးဦးအား   FGC9   MK2 သေနတ် တစ်လက်၊ ၉ မမကျည် ငါးတောင့်၊ ဒရုန်း တစ်ခုတို့နှင့်အတူ  ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဉ်တွင်      တရားခံများ ဖမ်းဆီးရမိမှုအနေဖြင့် ကျား ၁၆ ဦး၊ မ နှစ်ဦး၊ ပေါင်း ၁၈ ဦး ဖမ်းဆီး ရမိခဲ့ပြီး သိမ်းဆည်းရမိ လက်နက် ခဲယမ်းများအနေဖြင့်   လက်နက် ငယ်မျိုးစုံ  ငါးလက်၊  ကျည်မျိုးစုံ ၁၆၆ တောင့် ၊ လက်ပစ်ဗုံးမျိုးစုံ လေးလုံး၊   ကျည်အိမ်မျိုးစုံ   ငါးခု၊ လက်လုပ်ဗုံး ၃၀ လုံး၊ ဒရုန်း တစ်ခု နှင့်    ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။
အကြမ်းဖက် သင်တန်းတက်
ဖမ်းဆီးရမိ        တရားခံများ အနက်   လမင်းထွန်း၊  ရဲရင့်ကို၊ ဝေယံပိုင်၊ စည်သူဖြိုး၊ ဇော်လင်း ထွန်း၊   ကျော်စိုးလင်း၊    ကျော်စွာ သိန်း၊ ရဲသူ၊ ငြိမ်းချမ်းနှင့် ကိုဇင် တို့ ၁၀ ဦးသည် KNLA တပ်မဟာ (၆)  နယ်မြေတွင်  အကြမ်းဖက် ဖောက်ခွဲရေး      သင်တန်းတက် ရောက်ခဲ့ကြောင်း သိရှိရသည်။
တရားခံများ         အနက်မှ ဇော်လင်းထွန်း၊ ဝေယံပိုင်၊ ရဲရင့်ကို၊ ကျော်စိုးလင်း၊     စည်သူဖြိုးနှင့် ကျော်ကျော်ခန့် တို့သည် Gene-ration Freedom Army (GFA)အား ဖွဲ့စည်း၍ မေလ ၉ ရက်တွင်  စည်သူဖြိုးနှင့် ကျော်စိုးလင်းသည် စမ်းချောင်းမြို့နယ်    ဗဟိုလမ်း၊ ရထားသံလမ်းအနီးရှိ      ရစဖရုံး အား လည်းကောင်း၊   မေလ  ၁၅  ရက်တွင်     စမ်းချောင်းမြို့နယ် မုန့်လက်ဆောင်း         (တောင်)ရပ်ကွက်၊ ကျွန်းတောလမ်းရှိ ရစဖ ရုံးအား လည်းကောင်း၊ ဇူလိုင်လ ၉ ရက်တွင် သီရိမင်္ဂလာဈေးထိပ်ရှိ ပညာရေးမှူးရုံးအား          လည်း ကောင်း၊           ဩဂုတ်လတွင် စမ်းချောင်းမြို့နယ်     ဗဟိုလမ်း ကောင်းသာ ဘီယာဆိုင်ရှေ့တွင် ထီရောင်းသည့်   ဟိုက်ဂျက်ကား အားလည်းကောင်း၊ စက်တင်ဘာ လ ၄ ရက်တွင် ကမာရွတ်မြို့နယ်  စည်ပင်   ရဲလိုင်းခန်းအားလည်း ကောင်း၊ စက်တင်ဘာလ ၆ ရက် တွင်   စမ်းချောင်းမြို့နယ်   မြေနီ  ကုန်း၊ Sprit စတိုးဆိုင်အနီး CCTV  Control    ပုံးအားလည်းကောင်း  လက်လုပ်ဗုံးဖြင့်      ဖောက်ခွဲခဲ့ ကြောင်း ဖော်ထုတ်သိရှိရသည်။
ဖောက်ခွဲမှုများ ပြုလုပ်
အလားတူ  ဆက်စပ်တရားခံ များမှ ဝေယံထွန်းဦးသည် ဇွန်လ ၈  ရက်တွင် NLD ပါတီမှ ၂၀၁၅ ခုနှစ်၊           ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာ သော်      (ဖမ်းဆီးရန်ကျန်)   နှင့် အိငုံဖူး(ခ)Holly (ဖမ်းဆီးရန်ကျန်)တို့၏   စေခိုင်းမှုအရ    ကမာရွတ် မြို့နယ်   မာလာမှတ်တိုင်အနီး၌ လည်းကောင်း၊ ဇူလိုင်လ ၁ ရက် တွင် မြေနီကုန်း ခုံးကျော်တံတား အောက်ရှိ ယာဉ်ထိန်းရဲအဆောက် အအုံအားလည်းကောင်း၊   ဘိုဘို၊ လမင်းထွန်းနှင့် ကိုဖြိုး (ဖမ်းဆီး ရန်ကျန်) တို့သည် ဩဂုတ်လ ၂၇ ရက်တွင် ဗဟန်းမြို့နယ် အလယ် ရွှေဂုံတိုင်ရပ်ကွက်၊     ရွှေဂုံတိုင် လမ်း၊  Delta Plaza ရှေ့ ဗာဒံပင် မှတ်တိုင်အနီး၌   လည်းကောင်း၊ ဒဂုံမြို့နယ် ပြည်လမ်းအနောက် ရပ်ကွက်၊   ဟယ်လ်ပင်မှတ်တိုင် အနီး၌လည်းကောင်း၊     ဘိုဘို၊ လမင်းထွန်း၊ ကိုဖြိုး (ဖမ်းဆီးရန် ကျန်)၊ ဇင်ယော် (ဖမ်းဆီးရန် ကျန်) တို့သည် ဩဂုတ်လ ၂၉ ရက်တွင် မင်္ဂလာဒုံမြို့နယ်       အတွင်းရှိ ပျဉ်းမပင်ကျေးရွာအုပ်စု မြသီတာ ရပ်ကွက်၊  မြသိန်းတန်ဘုန်းကြီး  ကျောင်းရှိ Mytel တာဝါတိုင်အား လည်းကောင်း၊  မင်္ဂလာဒုံမြို့နယ် သင်္ဃန်းကျွန်းကြီးကျေးရွာ၊ ကာယ  ၁၀  လမ်းရှိ  Mytel  တာဝါတိုင် တို့အား လက်လုပ်ဗုံးဖြင့် ဖောက်ခွဲ ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး မီးရှို့ ဖျက်ဆီးမှု အနေဖြင့် ဩဂုတ်လ ၄ ရက်တွင် GFA အဖွဲ့မှ စမ်းချောင်း မြို့နယ်           မုန့်လက်ဆောင်း (တောင်) ရပ်ကွက်၊ ရစဖရုံးအား မီးရှို့ခဲ့ကြောင်း ဖော်ထုတ်သိရှိရ သည်။
 ၎င်းအပြင်       အကြမ်းဖက် သတ်ဖြတ်မှုအနေဖြင့် ဩဂုတ်လ  ၁၃ ရက်တွင် သီရိမင်္ဂလာဈေးထိပ်ရှိ  ယာဉ်ထိန်းရဲ   တစ်ဦးအား  GFA အဖွဲ့မှ ဝေယံပိုင်၊ ဇော်လင်းထွန်း၊  ကျော်ကျော်ခန့်၊    ကျော်စိုးလင်း၊ စည်သူဖြိုးနှင့်     ရဲရင့်ကို   တို့က ကင်းထောက်၍ အောင်ချမ်းငြိမ်း (ဖမ်းဆီးရန်ကျန်)  က   ဓားဖြင့် ထိုးသတ်ခဲ့ကြောင်း၊ စက်တင်ဘာ လ ၂ ရက်တွင် လှိုင်မြို့နယ် (၁)ရပ်ကွက်နေ       အပြစ်မဲ့ပြည်သူ ဦးဂျူလိုင်မျိုးမင်း အား ဝေယံပိုင်၊ စည်သူဖြိုး၊ ဇော်လင်းထွန်းတို့က ကင်းထောက်၍ ကျော်စိုးလင်းက  ပစ္စတိုဖြင့်    နှစ်ချက်    ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း၊   စက်တင် ဘာလ ၉ ရက်တွင် စမ်းချောင်းမြို့ နယ်     သံတံတား   ရပ်ကွက်၌ လှည့်ကင်း    ဆောင်ရွက်ခဲ့သည့် လုံခြုံရေးယာဉ်     တစ်စီးအား အောင်ချမ်းငြိမ်း    (ဖမ်းဆီးရန် ကျန်)၊      ကျော်စိုးလင်းတို့က လက်နက်ငယ်ဖြင့်   ပစ်ခတ်ခဲ့ပြီး ရဲရင့်ကိုက လက်ပစ်ဗုံးဖြင့် ပစ်ခတ် ခဲ့ကြောင်းနှင့်     ဇော်လင်းထွန်း၊ သဲမောင်မောင်၊      စည်သူဖြိုး၊ အောင်ပြည့်တို့က   ကင်းထောက် ပေးခဲ့ကြောင်း    ဖော်ထုတ်သိရှိ ရသည်။
ဖမ်းဆီးရမိတရားခံများ အနေ ဖြင့်    ဖောက်ခွဲဖျက်ဆီးမှု    (၁၂) ကြိမ်၊  မီးရှို့ဖျက်ဆီးမှု တစ်ကြိမ်၊ အကြမ်းဖက်သတ်ဖြတ်မှု သုံးကြိမ် တို့ ကျူးလွန်ခဲ့သူများဖြစ်ကြောင်း ဖော်ထုတ် သိရှိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံ များအား ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး       ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  အကြမ်းဖက်မှု ဆောင်ရွက်နေသူ  များအား    ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက် စွာ သတင်းပေး  တိုင်ကြားနိုင်ပါ ကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီး ပေးသူများအား      ထိုက်တန်စွာ လျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်းနှင့်    မြို့ရွာ များ အမြန်ဆုံးအေးချမ်းတည်ငြိမ်ရေး အတွက်      ပြည်သူတစ်ရပ်လုံး  ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန်       မေတ္တာရပ်ခံအပ်ပါ ကြောင်း        အသိပေးသတင်း ထုတ်ပြန်ထားသည်။  သတင်းစဉ်