ရန်ကုန်မြို့အတွင်း တည်ငြိမ်အေးချမ်းမှုပျက်ပြားကာ အများပြည်သူ ထိခိုက်သေကျေစေရန်ရည်ရွယ်၍ ဖောက်ခွဲဖျက်ဆီးရေး ပြုလုပ်သူများကို ဖမ်းဆီးရမိ

 

နေပြည်တော်   စက်တင်ဘာ   ၂၂


ဩဂုတ်လ ၁၀ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်မြို့နယ် အမှတ် (၆) ရပ်ကွက် (၄၄) လမ်း တိုက်အမှတ် (၁၆) (၃) လွှာ၌ ဖောက်ခွဲဖျက်ဆီးရေးပစ္စည်းများ သိုဝှက်ထားကြောင်း  သတင်းအရ   လုံခြုံရေးတပ်ဖွဲ့ဝင်များက  ဝင်ရောက်ရှာဖွေရာ တိုက်ခန်းအတွင်းမှ  ဝေဖြိုးအောင်၊  သီဟကောင်းဆက်နှင့်  ပိုးကျော့ကျော့ခန့်   တို့ကို လက်လုပ်ဗုံးမျိုးစုံ ၁၆ လုံး၊  ယမ်းပျော့   နှစ်ချောင်း၊   ဗြောက်အိုးထုပ်များ၊ ဖောက်ခွဲရေး   ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့မှုဖြစ်စဉ်အား သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။


အဆိုပါဖြစ်စဉ်တွင် ပါဝင်ခဲ့သော တရားခံများ၏  ထွက်ဆိုချက်နှင့်  တာဝန်သိပြည်သူများ၏    သတင်းပေးပို့ချက်များအရ    လုံခြုံရေး တပ်ဖွဲ့ဝင်များသည်   စက်တင်ဘာ  ၁၅  ရက်တွင်  လသာမြို့နယ်  (၆) ရပ်ကွက် ၂၂ လမ်း  တိုက်အမှတ် (၃၆) (၆)လွှာအား  ဝင်ရောက် ရှာဖွေခဲ့ရာ သော်ဇင်စိုး၊ ကျော်နိုင်အောင် (ခ)  အဇဲနှင့်  မင်းဖြိုးသော်တို့  သုံးဦးကို   လက်လုပ်  သေနတ်နှစ်လက်၊ ၉ မမ ကျည် နှစ်တောင့်၊ ရှေ့ထွက်မိုင်း   တစ်လုံး၊   လက်လုပ်ဗုံးမျိုးစုံ ၁၂ လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး တစ်လုံး၊   အသံဗုံးမျိုးစုံ  ၁၆  လုံးနှင့်  ဆက်စပ်ပစ္စည်း  ၂၃  မျိုး တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။  


ဖမ်းဆီးရမိ   တရားခံများ၏ ထွက်ဆိုချက်အရ ညနေ ၄ နာရီ ခန့်တွင်      လမ်းမတော်မြို့နယ် (၇) ရပ်ကွက် လမ်းမတော်လမ်း  တိုက်အမှတ် (၅၃) ဘေးလမ်းကြား ၌   အောင်မျိုးသူ (ခ) သာဂိ ကို လက်ပစ်ဗုံး    သုံးလုံးနှင့်လည်း ကောင်း၊ လှိုင်မြို့နယ် ပါရမီလမ်း ပညာပါရမီရိပ်သာ  အခန်းအမှတ်  (၁၀၁) ၌ ထက်ဆွေဖြိုး၊ စိုးသီဟ မင်းနှင့် ဂျိုးဇက်ဗန်လျန်မှုန် (ခ) ဂျိုးဇက် တို့ သုံးဦးကို ၉ မမ ကျည် ၁၀    တောင့်၊   ၅.၅၆   ကျည်   တစ်တောင့်အပါအဝင် ဆက်စပ် ပစ္စည်းများနှင့်  လည်းကောင်း၊  နေသွေး၊ ကျော်ကိုကို၊ ကျော်မင်း ထွန်း တို့ သုံးဦးကို ဗဟန်းမြို့နယ် ရှိ ယုဇနဟိုတယ်၌ လည်းကောင်း၊     စက်တင်ဘာ     ၁၆     ရက်တွင်     မင်းမင်းစိုးနှင့် ဇော်ဇော်ဟန်တို့ နှစ်ဦးကို ရန်ကုန်မြို့ အမှတ် (၃) လမ်းဆုံ စစ်ဆေးရေးဂိတ်၌လည်း ကောင်း ထပ်မံဖမ်းဆီးရမိခဲ့သည်။


ဖမ်းဆီးရမိ


အထက်ပါ ဖမ်းဆီးရမိဖြစ်စဉ် များတွင်     အကြမ်းဖက်လုပ်ရပ် များ၌ ပါဝင်ပတ်သက်သူ စုစုပေါင်း  တရားခံ   ၁၂   ဦးကို   လက်လုပ် သေနတ် နှစ်လက်၊ ၉ မမကျည် ၁၂    တောင့်၊    ၅.၅၆    ကျည် တစ်တောင့်၊ ရှေ့ထွက်မိုင်း တစ်လုံး၊ လက်လုပ်ဗုံး   မျိုးစုံ   ၁၂    လုံး၊ လက်ပစ်ဗုံး လေးလုံး၊ အသံဗုံးမျိုးစုံ ၁၆ လုံး၊ ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ ခဲ့သည်။


ယင်းတို့အနက် အောင်မျိုးသူ သည်   KNLA   တပ်မဟာ   (၅)နယ်မြေအတွင်း၌        ဖောက်ခွဲ ဖျက်ဆီးရေး  သင်တန်းကိုလည်း ကောင်း၊ မင်းဖြိုးသော်၊ နေသွေး၊ ကျော်ကိုကို၊        မင်းမင်းစိုးနှင့် ဇော်ဇော်ဟန်   တို့သည်   မိုးဗြဲမြို့ အနီးရှိ     NLD     ပါတီဝင်များ ဦးဆောင်သော ကယားပြည်နယ် သပိတ်ကော်မတီမှ ဖွင့်လှစ်သည့်  ဖောက်ခွဲဖျက်ဆီးရေးသင်တန်းကို လည်းကောင်း    တက်ရောက်ခဲ့ ကြောင်း၊    အဆိုပါ   ဖမ်းဆီးရမိ တရားခံများမှ        မင်းဖြိုးသော်၊ နေသွေး၊ ကျော်ကိုကို၊ မင်းမင်းစိုး၊ ဇော်ဇော်ဟန်၊      သော်ဇင်စိုး၊ ကျော်နိုင်အောင်၊ အောင်မျိုးသူနှင့် ကျော်မင်းထွန်းတို့    ကိုးဦးသည် မင်းသက်နောင် (ခ) စဒမ်ကြီး (ခ)  မုတ်ဆိတ်ကြီး (ဖမ်းဆီးရန်ကျန်) ၏  စည်းရုံးမှုအရ   အကြမ်းဖက် လုပ်ငန်းများ          ဆောင်ရွက်ရန် ဖွဲ့စည်းထားသော ရန်ကုန်မြို့ပြ ပြောက်ကျား  တော်လှန်ရေးအဖွဲ့ (Yangon    Urban     Guerrilla Revolution-YUG) လက်အောက် ခံ    နွေဦးစစ်သည်    (Spring Soldier-SS)   အဖွဲ့ကို   ဖွဲ့စည်းခဲ့ ကြောင်း သိရှိရသည်။


ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်


တရားခံ        မင်းဖြိုးသော်၊ နေသွေး၊ မင်းမင်းစိုးနှင့် ဇော်ဇော် ဟန် တို့သည်  မေ ၁၀ ရက်တွင် မင်းသက်နောင်၏    စေခိုင်းချက် အရ မြေနီကုန်း(မြောက်)ရပ်ကွက်  အုပ်ချုပ်ရေးမှူးကို      လုပ်ကြံ သတ်ဖြတ်ရန်အတွက်   နေအိမ် ရှေ့တွင် လက်လုပ်ဗုံး နှစ်လုံးအား ဖုန်းဖြင့်    ချိတ်ဆက်ဖောက်ခွဲ၍ လည်းကောင်း၊ မင်းသက်နောင်၊ မင်းဖြိုးသော် နှင့် ကျော်ကိုကို တို့  သည်  ဩဂုတ်  ၂၈  ရက်တွင် လှိုင်မြို့နယ်   (၁၂)  ရပ်ကွက်၊ အင်းစိန်လမ်းရှိ  Idol  bar  အနီး မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံရှေ့ ပလက်ဖောင်းပေါ်တွင် လက်လုပ် ဗုံး တစ်လုံးအား ဖုန်းဖြင့်ချိတ်ဆက် ဖောက်ခွဲ၍      လည်းကောင်း ဖောက်ခွဲဖျက်ဆီးမှုများ ပြုလုပ်ခဲ့ ကြောင်း သိရှိရသည်။


ငွေကြေးထောက်ပံ့


ထိုသို့  အကြမ်းဖက်လုပ်ရပ် များ    ကျူးလွန်ရန်    ဖောက်ခွဲ ဖျက်ဆီးရေး    သင်တန်းများ တက်ရောက်နိုင်ရေးအတွက် NLD ပါတီမှ ၂၀၁၅ ခုနှစ် စမ်းချောင်းမြို့ နယ်   မဲဆန္ဒနယ်   အမှတ် (၂)တိုင်းဒေသကြီး          လွှတ်တော် ကိုယ်စားလှယ်ဟောင်း       ဖြစ်သူ သော်တာအောင်က    ချိတ်ဆက် ပို့ဆောင်ပေးခဲ့ခြင်း   ဖြစ်ကြောင်း၊ ထို့ပြင်    သော်တာအောင်သည် အဆိုပါ သင်တန်းဆင်းအဖွဲ့များ  ပြန်လည်ရောက်ရှိချိန်တွင်လည်း ရန်ကုန်မြို့တွင်း        တည်ငြိမ် အေးချမ်းမှု  ပျက်ပြားကာ  အများ ပြည်သူ ထိခိုက်သေကျေစေရန် ရည်ရွယ်၍ ဖောက်ခွဲဖျက်ဆီးရေး လုပ်ငန်းများ    လုပ်ဆောင်နိုင်ရန် အတွက် ငွေကြေးထောက်ပံ့ပေး မှုများ    ပြုလုပ်ခဲ့ကြောင်း    သိရှိ ရသည်။


စိုးသီဟမင်း၊ ထက်ဆွေဖြိုးနှင့် ဂျိုးဇက်ဗန်လျန်မှုန်     တို့သည် ကျော်ထက်အောင်  (ဖမ်းဆီးရန် ကျန်) နှင့်ပူးပေါင်း၍ အကြမ်းဖက် လုပ်ငန်းများ  ဆောင်ရွက်နိုင်ရေး အတွက်    လှိုင်မြို့နယ်     ပါရမီ လမ်းရှိ  စိုးသီဟမင်း၏ နေအိမ်၌ ဖောက်ခွဲရေးသင်တန်းဖွင့်လှစ်ကာ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းစသည့်      ဖောက်ခွဲဖျက်ဆီးရေး ပစ္စည်းများ ပြုလုပ်ခြင်း၊ လုပ်ကြံသတ်ဖြတ် ရာတွင်   အသုံးပြုရန်  လက်လုပ် သေနတ်ပြုလုပ်ခြင်းများ သင်ကြား လေ့ကျင့်ပေးခြင်းများ    ပြုလုပ်ခဲ့ ကြောင်း  သိရှိရသည်။


လုံခြုံရေးတိုးမြှင့်


အစွန်းရောက်    လူငယ်များ အနေဖြင့် အကြမ်းဖက်အဖွဲ့များ အဖြစ် ကြေညာထားသော CRPH၊ NUG အဖွဲ့များနှင့် NLD ပါတီဝင် များ၊     ၎င်းပါတီကို     ထောက်ခံ အားပေးသူများက    တရားမဝင် ဖွဲ့စည်းထားသည့်     အကြမ်းဖက် အဖွဲ့အစည်းများ၏ စေခိုင်းချက် အရ  မြို့နယ်အချို့တွင် ပြည်သူ  လူထုအား ထိခိုက်ပျက်စီးစေရန်၊ မြို့ရွာ     တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်နှင့်      လုံခြုံရေး တပ်ဖွဲ့ဝင်များ တာဝန်ထမ်းဆောင် ခြင်းမပြုနိုင်စေရန် ရည်ရွယ်ကာ  စက်ရုံ၊    အလုပ်ရုံများကို    မီးရှို့ ဖောက်ခွဲဖျက်ဆီးခြင်းနှင့် အုပ်ချုပ် ရေးမှူးများကို   အဓိကပစ်မှတ် ထား၍ သတ်ဖြတ်ခြင်းများပြုလုပ် လျက်ရှိကြောင်း၊         ထို့အပြင် တိုင်းရင်းသား     လက်နက်ကိုင် အဖွဲ့အချို့နှင့်       ချိတ်ဆက်၍ ဖောက်ခွဲဖျက်ဆီးရေး သင်တန်း များ တက်ရောက်ခြင်း၊ လက်နက်/ ခဲယမ်းများ စုဆောင်းခြင်း၊ အဖျက် လုပ်ငန်းများ      လုပ်ဆောင်ရန် လူစုဆောင်းခြင်းများကိုပါ ပြုလုပ် လာသောကြောင့် အကြမ်းဖက်  သူများ ခိုအောင်းနေထိုင်လှုပ်ရှားမှု မရှိစေရေးအတွက်     လုံခြုံရေး လုပ်ငန်းများကို     တိုးမြှင့်ဆောင် ရွက်လျက်ရှိသည်။ 


အထက်ပါ ဖမ်းဆီးရမိတရားခံ များကို ဥပဒေအရ ထိရောက်စွာ အရေးယူနိုင်ရေး     ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကြမ်းဖက်    ဆောင်ရွက်နေသူ များကို      ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ် တိုက်ဖျက်ကြ ရန်နှင့် ဆက်စပ်တရားခံများကို  အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့      ပုန်းခိုရာ   နေရာများ၊ လှုပ်ရှားသွားလာ       နေထိုင်မှု သတင်းများ ရရှိပါက သက်ဆိုင်ရာ သို့    လျှို့ဝှက်စွာ   သတင်းပေး တိုင်ကြားနိုင်ပါကြောင်း၊  သတင်း ပေးသူနှင့် ဖမ်းဆီးပေးသူများကို ထိုက်တန်စွာ  လျှို့ဝှက်၍  ဆုငွေ ချီးမြှင့်ပေးမည်    ဖြစ်ကြောင်းနှင့် မြို့/ရွာများ  အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက်   ပြည်သူ တစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်း ဆောင်ရွက်နိုင်ပါရန် မေတ္တာရပ်ခံ အသိပေးထားကြောင်း သတင်း ရရှိသည်။       


သတင်းစဉ်