လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ ဖော့စက်ရုံမီးလောင်မှုဖြစ်

 

နေပြည်တော်   စက်တင်ဘာ   ၂၂


ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၌ စက်တင်ဘာ  ၂၁ ရက်က  Jin  Shwe  Li  ဖော့စက်ရုံတစ်ရုံ   မီးလောင်မှုဖြစ်ပွား ခဲ့သည်။
စက်တင်ဘာ ၂၁ ရက် နံနက် ၃ နာရီ ၁၅ မိနစ်က လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်ရှိ စက်မှုဇုန်(၁) ဆိပ်ကမ်းသာလမ်းရှိ ဒေါ်အိမွန်ဇင် ပိုင်ဆိုင်သည့် Jin Shwe Li ဖော့စက်ရုံမီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊  မြောက်ပိုင်းခရိုင်  မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့က သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ မီးလောင်မှုကြောင့် သွပ်မိုး/ကာတစ်ထပ်ဂိုဒေါင် နှစ်လုံး၊ ဖော့ဖြတ်စက်နှစ်လုံး၊ ဖော့ပြားလိပ်များ မီးလောင်ဆုံးရှုံးခဲ့ ကြောင်း၊   စက်ရုံအတွင်းရှိ  ဖော့ဖြတ်စက်သို့  ဆက်သွယ်ထားသော ဘရိတ်ကာချို့ယွင်းပြီး အပူလွန်ကဲရာမှ မီးပွားထွက်၍    မီးစတင်လောင် ခြင်းဖြစ်ကြောင်း၊   စက်ပစ္စည်းထိန်းသိမ်းရေးတာဝန်ခံ စိုးပိုင်အောင်(ခ)ညီညီ(၃၅နှစ်)အား လှိုင်သာယာ(အရှေ့ပိုင်း) မြို့မရဲစခန်းက အရေးယူ ထားကြောင်း သိရသည်။       
     

ရဲပြန်ကြား