မိန်းကလေးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်

 

နေပြည်တော်   စက်တင်ဘာ   ၂၂


မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သူ အား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။ 


အမှုဖွင့်


ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အော်ရာအုပ်စု ဝါးရှောင်ကျေးရွာ နေ   မတင်တင်နွယ်  (ခ) အိတုံက  မြစ်ကြီးနားမြို့  စီတာပူရပ်ကွက် မိုင်းနားဆိပ် အမှတ် (၇၅) လမ်းနေ မ- - -(၁၇ နှစ်)ကို  တရုတ်နိုင်ငံရှိ ရေမွှေးစက်ရုံတွင် အလုပ်လုပ်ကိုင်ပါက ဝင်ငွေကောင်းကြောင်း ပြောဆို စည်းရုံးပြီး တရုတ်အမျိုးသားထံ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့သဖြင့် မြစ်ကြီးနားမြို့မရဲစခန်း(ပ) ၄၄/၂၀၂၀၊ လူကုန်ကူးမှုတားဆီးကာကွယ် ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး မြစ်ကြီးနားခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ စက်တင်ဘာ  ၂၀ ရက်တွင် တရားခံ မတင်တင်နွယ်(ခ) အိတုံအား   လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ  ၂၄ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။  


သတင်းစဉ်