
ကေကေစိုး
စက်တင်ဘာ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် အာဖရိကမှ ခေါင်းဆောင်များသည် ဒေသတွင်းကာကွယ်ဆေးပြတ်တောက်မှုနှင့် အသက်ကယ်ဆေးဖြစ်သည့် ကာကွယ်ဆေးကို ညီညီမျှမျှရရှိစေရေးအတွက် အချက်ပြပြောဆိုခဲ့ကြသည်။
မီးမောင်းထိုးပြ
ကိုဗစ် - ၁၉ ကာကွယ်ဆေးညီညီမျှမျှ ဖြန့်ဝေရေး နှင့် ပတ်သက်ပြီး မီးမောင်းထိုးပြခဲ့သည်။ တစ်ကမ္ဘာ လုံးအနှံ့ ကာကွယ်ဆေးရရှိရာတွင် မညီမျှမှုနှင့် ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံ တတိယမြောက်နေ့အစည်းအဝေးတွင် အာဖရိက ခေါင်းဆောင်များက ပြောဆိုခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နှင့် အစ္စရေးတို့ အပါအဝင် ချမ်းသာသည့်နိုင်ငံများသည် နှစ်ကြိမ်ကာကွယ်ဆေး ထိုးပြီးသူများကို တတိယအကြိမ်ကာကွယ်ဆေး ထိုးပေးရန် ပြင်ဆင်နေချိန် အာဖရိက နိုင်ငံအများစု တွင် ပထမအကြိမ် ကာကွယ်ဆေးထိုးပေးရန်ပင် အနိုင်နိုင်ဖြစ်နေရသည်။
ရည်မှန်းထား
အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ၏ အချက်အလက်များအရ အာဖရိကရှိလူဦး ရေ၏ ၄ ဒသမ ၀၆ ရာခိုင်နှုန်းသာ ကာကွယ်ဆေး အပြည့်ထိုးပြီးသည်ဟု သိရသည်။ အာဖရိကသို့ ကာကွယ်ဆေးတင်ပို့ပေးမှုမှာ အလုံးရေသန်း ၂၀ မှ သန်း ၁၅၀ အထိ တိုးမြှင့်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာလသို့ရောက်လျှင် ကာကွယ်ဆေး အပြည့်ထိုးပြီးသူ အရေအတွက် ၇၀ ရာခိုင်နှုန်းရှိလာ စေရန် ရည်မှန်းထားသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးကပြောသည်။ ကာကွယ်ဆေးရရှိမှုမညီမျှမှု မှာ အသားအရောင်ခွဲခြားသလိုပင် ဖြစ်သည်ဟု နမ်မီးဘီးယားသမ္မတ ဟိတ်ချ်ဂန်ဂေါ့ဘ်က ကုလ သမဂ္ဂ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ကာကွယ်ဆေးမျှဝေရန် တောင်းဆို
ကျွန်ုပ်တို့ နိုင်ငံအများအပြား၌ တစ်ကြိမ် ကာကွယ်ဆေးထိုးရန်ပင် စောင့်ဆိုင်းနေရချိန်တွင် အချို့သောတိုင်းပြည်များတွင်မူ နှစ်ကြိမ် အပြည့် ထိုးပြီးသည့်အပြင် နောက်ထပ်အပိုဆောင်း၍ ကာကွယ်ဆေးထပ်ထိုးရန်ပင် ပြင်ဆင်နေကြပြီဖြစ် သည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။ တန်ဇန်းနီးယားသမ္မတ ဆမီယာဆုလူဟု ဟတ်ဆန် ကလည်း ၎င်းတို့နိုင်ငံတွင် လူဦးရေ၏ ၂ ရာခိုင်နှုန်း ကိုသာ ကာကွယ်ဆေးထိုးရသေးချိန်တွင် အခြား သော နိုင်ငံများ၌မူ တတိယအကြိမ် ထိုးပေးရန်ပင် ပြုလုပ်နေကြပြီဟု ပြောသည်။ ယင်းအခြေအနေမှာ စိတ်ပျက်ဖွယ်ရာဖြစ်ပြီး ကာကွယ်ဆေးပိုလျှံကြသည့် နိုင်ငံများအနေဖြင့် အမှန်တကယ်လိုအပ်နေသည့် အခြားသောနိုင်ငံများနှင့် ကာကွယ်ဆေးမျှဝေရန် လည်း ၎င်းက တောင်းဆိုခဲ့သည်။
ကာကွယ်ဆေးသာတူညီမျှ ရရှိရေးအတွက် ပြောဆို
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အသိဉာဏ် ပညာ ဆိုင်ရာမူပိုင်ခွင့်တွင် ပြဋ္ဌာန်းချက်အချို့ကို ယာယီ ကင်းလွတ်ခွင့်ပေးရန်ကိုလည်း တောင်အာဖရိက သမ္မတရမ်မာဖိုဆာက တောင်းဆိုခဲ့သည်။ ဆင်းရဲပြီး ဝင်ငွေနိမ့်သည့် နိုင်ငံများတွင်လည်း ကိုဗစ် - ၁၉ ကာကွယ်ဆေးထုတ်လုပ်ခွင့်ပေးရန် တောင်းဆိုခဲ့ သည်။ အာဖရိကပြင်ပနိုင်ငံများမှလည်း ကာကွယ် ဆေး သာတူညီမျှရရှိရေးအတွက် ပြောဆိုခဲ့ကြသည်။ ဘိုလီဗီးယား သမ္မတ လူးဝစ်အဲဘတ်တို အက်ဆေး ကတ်တာကိုရာက တစ်ကမ္ဘာလုံးဆိုင်ရာ ကာကွယ် ဆေးရရှိမှု မညီမျှမှုကို ရှုတ်ချပြောဆိုခဲ့သည်။ ထို့နောက် ညီညီမျှမျှ ကာကွယ်ဆေးဖြန့်ဖြူးရရှိစေရေးအတွက် တောင်းဆိုခဲ့သည်။
အသက်ဆုံးရှုံးခဲ့ရ
နိုင်ငံတကာ ကုမ္ပဏီများအနေဖြင့်လည်း မူပိုင် ခွင့်ကို ကင်းလွတ်ခွင့်ပေးရန် တောင်းဆိုခဲ့သည်။ ကံမကောင်းစွာပင် အာဖရိက ၎င်းကာကွယ်ဆေးအပြည့်ထိုးပြီးသည့်အရေအတွက်မှာ ၃ ရာခိုင်နှုန်း သာရှိသေးသည်။ ထို့ကြောင့် အရွယ်ရောက်ပြီးသူ အများစုမှာ အကာအကွယ်မဲ့ဖြစ်နေရပြီး တိုင်းပြည် ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာလည်း ယိုင်လဲလုနီးနီးဖြစ်နေရသည်။ ကိုဗစ် - ၁၉ ကြောင့် အာဖရိကတိုက်တွင် လူပေါင်း ၂၀၀၀၀၀ ကျော်၏အသက်များဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
အကယ်၍ ယခုနှုန်းအတိုင်းသာ ကာကွယ်ဆေး ထိုးပေးနိုင်ပါက လူဦးရေအများအပြား ကာကွယ် ဆေးမထိုးရသေးဘဲ ဗီဇပြောင်းများဖြစ်ပေါ်လာနိုင် ကြောင်း ထိုအခါ အာဖရိကသည် ကမ္ဘာပေါ်တွင် ကိုဗစ် - ၁၉ ကူးစက်ရာဗဟိုချက် ဖြစ်လာနိုင်သည်ဟု လည်း သိရသည်။
ရာသီဥတုပြောင်းလဲမှုကို ဆွေးနွေး
ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့် ပတ်သက် ၍လည်း စက်တင်ဘာ ၂၃ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြသည်။ ပနားမား သမ္မတ လောရန်တီနို ကိုတာဇို ကိုဟင်က လည်း ရာသီဥတုဖောက်ပြန်ပြောင်းလဲမှု ပိုမိုဆိုးရွား လာသည်ကို နားလည်သဘောပေါက်ကြရန် ကမ္ဘာ့ ခေါင်းဆောင်များကို တိုက်တွန်းပြောဆိုခဲ့သည်။ ဂိုင်ယာနာသမ္မတ မိုဟာမက်အီဖန်အယ်လီကလည်း တစ်ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လုပ်မှု လျှော့ချ ရေးတွင်လည်း ညီမျှမှုမရှိဟု ပြောဆိုခဲ့သည်။
ညီညွတ်မှုရှိရန်ပြောကြား
ထိခိုက်လွယ်သည့် နိုင်ငံများကိုလည်း ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုနှင့် ပတ်သက်ပြီး အကူအညီ ပေးကြရန်လည်း ၎င်းက တောင်းဆိုခဲ့သည်။ အစိမ်း ရောင်စီးပွားရေးအဖြစ် ဖန်တီးရန် ကြိုးပမ်းနေသည့် အီရတ်နိုင်ငံ၏ လုပ်ဆောင်မှုကိုလည်း အီရတ်သမ္မတ ဘာဟမ်ဆာလာ့က ပြောကြားခဲ့သည်။ နိုင်ငံရေးနှင့် ပတ်သက်၍ အမြင်အမျိုးမျိုး ရှိကောင်းရှိနိုင်သော် လည်း ရာသီဥတုပြောင်းလဲမှုတွင်မူ ညီညွတ်မှုရှိရန် အီရတ်သမ္မတက ပြောကြားခဲ့သည်။
အာဖဂန်အရေးဆွေးနွေး
အာဖဂန်ပြဿနာသည်လည်း အစည်းအဝေး တွင် ဆွေးနွေးရမည့် အကြောင်းအရာဖြစ်ခဲ့သည်။ အာဖဂန်နစ္စတန်နှင့် ရှည်လျားသည့် နယ်နိမိတ်ချင်း ထိစပ်နေသည့် တာဂျစ်ကစ္စတန်နိုင်ငံမှ သမ္မတ အီမန်မာလီရာမွန်ကလည်း လတ်တလောဖြစ် ပေါ်လာသည့်ဒေသတွင် လုံခြုံရေးနှင့် တည်ငြိမ်မှု ကို ခြိမ်းခြောက်သည့်ပြဿနာကို ပြောကြားခဲ့သည်။ အာဖဂန်နစ္စတန်တွင် တာလီဘန်များ အာဏာရရှိ လာပြီးနောက် ဒေသတွင်း ပထဝီနိုင်ငံရေးအခြေအနေ မှာ ရှုပ်ထွေးလာကြောင်းနှင့် အာဖဂန်နိုင်ငံရေးနှင့် တိုင်းရင်းသားအုပ်စုများတွင် အလုံးစုံပါဝင်သည့် အစိုးရဖွဲ့စည်းရန် ကတိမှာလည်း ပျက်ပြားခဲ့ရ ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
တောင်းဆိုခဲ့
အာဖဂန်နစ္စတန် ပဋိပက္ခမှာ နိုင်ငံအတွင်းနှင့် ဒေသတွင်းတွင် လူမှုရေးနှင့် ပြည်သူများအတွက် ကပ်ဆိုးကြီးပင်ဖြစ်ကြောင်း အီတလီဝန်ကြီးချုပ် မာရီယိုဒရော့ဂီက ပြောသည်။ အယ်ကိုင်ဒါနှင့် ဆက်စပ်မှုရှိသည့် အဖွဲ့များ အာဖဂန်နယ်မြေ အတွင်းရှိနေခြင်းကြောင့် အာဖဂန်နစ္စတန်သည် အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအတွက် အန္တရာယ် တစ်ခုထပ်မံဖြစ်လာမည့်အရေးမှ တားဆီးနိုင်ကြရန် လည်း ၎င်းက တောင်းဆိုခဲ့သည်။ ။
ကိုးကား - ဆင်ဟွာ