
နေပြည်တော် စက်တင်ဘာ ၂၆
နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားထိခိုက်စေရန် ရည်ရွယ်၍ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နေ သော စစ်ကိုင်းတိုင်းဒေသကြီး မင်းကင်း မြို့နယ်ရှိ အကြမ်းဖက် PDF အဖွဲ့များကို ထောက်ပံ့မှုများပြုလုပ်ပေးနေသူ ပပလှိုင် အား စက်တင်ဘာ ၅ ရက် ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက် မင်္ဂလာလမ်း တွင် ဖမ်းဆီးရမိခဲ့သည်။
ခိုင်းစေချက်အရ
တရားခံ ပပလှိုင်၏ ထွက်ဆိုချက် အရ ၎င်းသည် တရားခံပြေး ကျော်မင်းထွဋ် (မင်းကင်းမြို့နယ် NLD ပါတီ ဥပဒေ အထောက်အကူပြုအဖွဲ့ဝင်)၏ ခိုင်းစေ ချက်အရ မင်းကင်းမြို့နယ်ရှိ အကြမ်း ဖက် PDF အဖွဲ့များကို ငွေကြေး လွှဲပြောင်းပေးပို့ခြင်း၊ ဆေးဝါးများ ပေးပို့ခြင်း၊ လက်လုပ်သေနတ်ပြုလုပ်ရန် ပစ္စည်းကိရိယာများ ဝယ်ယူရေးတို့ကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိ
တရားခံ ပပလှိုင်၏ ထွက်ဆိုချက် အရ စက်တင်ဘာ ၆ ရက်တွင် စစ်ကိုင်း တိုင်းဒေသကြီးအတွင်းရှိ အကြမ်းဖက် PDF အဖွဲ့များနှင့် ဆက်သွယ်၍ အကြမ်း ဖက်လုပ်ငန်းများ လုပ်ဆောင်နေသူ မင်းကင်းမြို့နယ် NLD ပါတီဝင် ကျော်မင်းထွဋ်၊ ကျော်မင်းအောင်နှင့် အကြမ်းဖက်အဖွဲ့ဝင်များကို လက်ခံ ထားရှိသူ အောင်မျိုးမင်းတို့အား စစ်ကိုင်း တိုင်းဒေသကြီး မုံရွာမြို့ မြဝတီရပ်ကွက် ရှိ နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။
တရားခံကျော်မင်းထွဋ်၏ ထွက်ဆို ချက်အရ ၎င်းသည် တရားခံပြေး အောင်ထွန်းလွင်(NLD) ပါတီဝင် မင်းကင်း မြို့နယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ် တော် ကိုယ်စားလှယ်ဟောင်း)နှင့် ဆက်သွယ်၍ မင်းကင်းမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့နှင့် အကြမ်းဖက် NUG ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဖြစ် မြောက်ရေးကော်မတီတွင် အဖွဲ့ဝင် အဖြစ်ပါဝင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တရားမဝင်ဖွဲ့စည်းထား သည့် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRSH)အဖွဲ့ဝင် တရားခံပြေး သန့်ဝေကျော် (ကလေးမြို့နယ် အမှတ်(၁) တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဟောင်း)၏ ခိုင်းစေချက်အရ အကြမ်းဖက် PDF အဖွဲ့များနှင့်ဆက်သွယ်၍ အကြမ်းဖက် လုပ်ငန်းများ လုပ်ဆောင်ရန် မင်းကင်း မြို့နယ်ကိုယ်စားလှယ်အဖြစ် လုပ်ဆောင် ခဲ့ကြောင်း သိရသည်။
တရားခံပြေးရည်မွန်နှင့်ချိတ်ဆက်
၎င်းအပြင် တရားခံကျော်မင်းထွဋ် သည် တရားမဝင်ဖွဲ့စည်းထားသော အကြမ်းဖက် အဖွဲ့အစည်းများဖြစ်သည့် CRPH၊ NUG အဖွဲ့ဝင် တရားခံပြေး ရည်မွန်နှင့် ချိတ်ဆက်ကာ Zoom Meeting များတက်ရောက်ခြင်း၊ မင်းကင်းမြို့နယ် အတွင်း လက်လုပ်သေနတ်စက်ရုံ ဆောက်လုပ်ရေးအတွက် အစီအစဉ်များ ချမှတ်ကာ ငွေကြေးတောင်းခံခြင်း၊ မင်းကင်းမြို့နယ် အကြမ်းဖက် PDF အဖွဲ့ဝင်များ၏ စာရင်းများကောက်ယူကာ တရားခံပြေး ရည်မွန်ထံ ပေးပို့ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့အပြင် တရားခံပြေးညွန့်အောင် (NLD ပါတီဝင် မုံရွာမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း)၊ တရားမဝင်ဖွဲ့စည်းထားသော အကြမ်းဖက် အဖွဲ့အစည်းဖြစ်သည့် NUG အဖွဲ့ဝင် ဝင်းမြတ်အေး၊ အမေရိကန်နိုင်ငံနေ Moe Cho Thinn၊ စင်ကာပူရောက်မြန်မာများ စုပေါင်းဖွဲ့စည်းထားသည့် Spring Revolution Support တို့နှင့် ဆက်သွယ်၍ တရားမဝင် ငွေကြေးကောက်ခံမှုများ လုပ်ဆောင်ခဲ့ပြီး မင်းကင်းမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများနှင့် အပြစ်မဲ့ ပြည်သူများကို ဒလန်အဖြစ် စွပ်စွဲသတ်ဖြတ် ခြင်းများ လုပ်ဆောင်နေသည့် မုဿာ ကျေးရွာ၊ တုံကျေးရွာနှင့် သံပေါက်ကျေးရွာ များရှိ PDF အဖွဲ့များနှင့် နယ်စည်းမခြား မိုးကြိုးမုန်တိုင်းအဖွဲ့ထံသို့ ဖြန့်ခွဲပေးပို့ခဲ့ ကြောင်း သိရသည်။
ဆန္ဒပြပွဲများ၌ ပါဝင်ခဲ့
တရားခံ ကျော်မင်းအောင်၏ ထွက် ဆိုချက်အရ ၎င်းသည် မင်းကင်းမြို့နယ် အတွင်း ဆန္ဒပြပွဲများ၌ပါဝင်ခဲ့ကာ ဓာတ်ပုံ များရိုက်ယူခဲ့ပြီး အင်တာနက် လူမှုကွန်ရက် ပေါ်တွင်ဖြန့်ဝေခြင်း၊ ပြည်သူလူထုအတွင်း ဆူပူအုံကြွဆန္ဒပြမှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခြင်း၊ တရားမဝင်ငွေကြေး ကောက်ခံ၍ မင်းကင်းမြို့နယ် လောင်းပြည့် ကျေးရွာ PDF ခေါင်းဆောင် ဝင်းမင်းစိုး ထံသို့ ပေးပို့ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
အထက်ပါ ဖမ်းဆီးရမိတရားခံများ အား ဥပဒေအရ ထိရောက်စွာအရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အကြမ်းဖက်မှုဆောင်ရွက် နေသူများကို ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ဆက်စပ်တရားခံများအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာ နေရာများ၊ လှုပ်ရှားသွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးတိုင်ကြားနိုင် ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီး ပေးသူများကို ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ချီးမြှင့်ပေးမည်ဖြစ်ကြောင်း နှင့် မြို့ရွာများ အမြန်ဆုံး အေးချမ်း တည်ငြိမ်ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက် နိုင်ပါရန် မေတ္တာရပ်ခံ အသိပေးထား ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
n