
တိုကျို စက်တင်ဘာ ၂၇
ဂျပန်တော်ဝင်မင်းသမီး မာကို၏ ချစ်သူ ကိုမူရိုကီသည် ဂျပန်နိုင်ငံ သို့ ပြန်လာရန် အမေရိကန် ပြည်ထောင်စုမှ ထွက်ခွာလာပြီ ဖြစ်သည်။ သုံးနှစ်အတွင်း ပထမ ဆုံးအကြိမ် အိမ်ပြန်လာခြင်း လည်း ဖြစ်သည်။
၎င်းနှင့် ဂျပန်အိမ်ရှေ့မင်းသား ၏သမီးဖြစ်သူ မင်းသမီး မာကို လက်ထပ်ပွဲအတွက် စီစဉ်မှုများ ပြုလုပ်ထားသည်။
ကိုမူရိုကီအား စက်တင်ဘာ ၂၆ ရက်က နယူးယောက်မြို့ ဂျွန်အက်ဖ် ကနေဒီ လေဆိပ်တွင် တွေ့ခဲ့ရသည်။ ၎င်းစီးလာသည့် လေယာဉ်မှာ တိုကျိုမြို့နာရီတာ လေဆိပ်သို့ စက်တင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် ရောက်ရှိမည်ဖြစ် သည်။
၂၀၁၈ ခုနှစ်တွင် ကိုမူရိုသည် အမေရိကန် ပြည်ထောင်စုသို့ ထွက်ခွာခဲ့ပြီး ဥပဒေကျောင်းတက် ကာ နယူးယောက်ပြည်နယ်တွင် လိုင်စင်ရရှိရန် သွားရောက်ခဲ့ခြင်း ဖြစ်သည်။
၎င်းမှာ သုံးနှစ်အတွင်း မင်းသမီး မာကိုနှင့် ပထမဆုံး အကြိမ် တွေ့ဆုံမည်ဖြစ်သည်။
ကိုဗစ်- ၁၉ ကန့်သတ်ချက် များကြောင့် ဂျပန်နိုင်ငံသို့ ရောက်လျှင်ရောက်ချင်း ၁၄ ရက် အသွားအလာ ကန့်သတ်စောင့် ကြည့်ခံရမည်ဖြစ်သည်။
၎င်းတို့နှစ်ဦးမှာ အောက်တို ဘာလအတွင်း လက်ထပ်ပွဲပြုလုပ် ဖွယ်ရှိသည်။
တော်ဝင်မိသားစု အေဂျင်စီမှ မကြာမီအချိန်အတွင်း ကြေညာ ချက် ထုတ်ပြန်မည်ဟု ခန့်မှန်း ထားကြသည်။
အင်န်အိတ်ချ်ကေ