ကွန်ဟိန်းမြို့နယ်၌ ဘိန်းစိမ်းနှင့် စိတ်ကြွရူးသွပ်ဆေးပြားများ သိမ်းဆည်းရမိ

နေပြည်တော် စက်တင်ဘာ ၂၇ 


မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည်    စက်တင်ဘာ ၂၆ ရက်က    ကွန်ဟိန်းမြို့နယ် တာကော်ကျေးရွာအုပ်စု ဖန်လန်းကျေးရွာအနီးတွင် စိုင်းမန် မောင်းနှင် ပြီး လျန်းမွန်း လိုက်ပါလာသည့် ယာဉ်အား စစ်ဆေးရှာဖွေရာ  ယာဉ် အတွင်းမှ   ဘိန်းစိမ်း ၆၇ ဒသမ ၅ ကီလို  သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေး ပေါ်ပေါက်ချက်အရ   တာကော်ကျေးရွာအုပ်စု   ဖန်လန်းကျေးရွာ    ဘုန်းကြီးကျောင်းရှိ  စိုင်းမန်နေထိုင်သည့်  အခန်းအား   ဆက်လက် ရှာဖွေရာ  စိတ်ကြွရူးသွပ် ဆေးပြား ၁၆၅ ပြား  ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စိုင်းမန်နှင့် လျန်းမွန်းတို့အား  မူးယစ်ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရ သည်။                                                              

       သတင်းစဉ်