ဗန်းမော်မြို့၊ မြဝတီမြို့နှင့် ဝေါမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

နေပြည်တော် စက်တင်ဘာ   ၂၉  


မူးယစ်ဆေးဝါး    တားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့မှ   တပ်ဖွဲ့ဝင်များ ပါဝင်သော  ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၈ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ဗန်းမော်မြို့ မြို့မ ရပ်ကွက် ကမ်းနားလမ်းအနီးတွင် မီတုံမျိုးဆန့် မောင်းနှင်ပြီး   မီတုံ အေဒီဆိုင်းမိုင် လိုက်ပါလာသည့် ဆိုင်ကယ်ကိုစစ်ဆေးရန် ရပ်တန့် ခိုင်းစဉ်   မီတုံအေဒီဆိုင်းမိုင်မှာ ဆိုင်ကယ်ပေါ်မှခုန်ဆင်း၍ တာပိန် မြစ်အတွင်းသို့ ခုန်ချထွက်ပြေး သွားခဲ့သဖြင့်   မီတုံမျိုးဆန့်ကို ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၆၀ ကို လည်းကောင်း၊ အလား တူ စက်တင်ဘာ ၂၇ ရက် ညနေ ၅ နာရီတွင်    မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မြဝတီမြို့ အမှတ်(၃)ရပ်ကွက် ကရင်စာပေ (၅)လမ်း အနီးတွင် မသင်္ကာဖွယ်ရပ်တန့် ထားသည့် ဆိုင်ကယ်တစ်စီးနှင့် အတူ ကျော်နိုင်ကို တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁၄၅၀ ကိုလည်းကောင်း၊ ထို့အတူ စက်တင်ဘာ ၂၈ ရက် ညနေ ၄ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး    ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ဝေါမြို့နယ် ရန်ကုန်-မော်လမြိုင်သွား       ကားလမ်း၊ မိုင်တိုင်အမှတ်(၈၁/၄)၊ ဒိုက်ဦး-စစ်တောင်းဗျူဟာလမ်းဆုံပူးပေါင်း စစ်ဆေးရေး       စခန်းအနီးတွင် ဇင်မင်းဦး     မောင်းနှင်လာသည့် PROBOX ယာဉ်ကို စစ်ဆေးရှာဖွေ ရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိ ခဲ့သဖြင့်   ၎င်းတို့အား   မူးယစ် ဆေးဝါးနှင့်   စိတ်ကိုပြောင်းလဲ စေသော    ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။


သတင်းစဉ်