စစ်ကိုင်းတိုင်းဒေသကြီး ပုလဲမြို့နယ်၌ လူနာတင်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်

 

နေပြည်တော်  စက်တင်ဘာ   ၃၀


စစ်ကိုင်းတိုင်းဒေသကြီး   ပုလဲမြို့နယ်၌  လူနာတင်ဆောင်လာသည့် လူမှုကူညီရေးယာဉ်အား PDF အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က မိုင်းထောင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ စက်တင်ဘာ ၂၉ ရက် ည ၁၀ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာ အနောက်သပြေကုန်း လမ်းခွဲထိပ် မိုင်တိုင်အမှတ် ၃၇ မိုင် အနီး၌ PDF အကြမ်းဖက်အဖွဲ့များက မော်တော်ယာဉ် တစ်စီးကို မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သတင်းအရ   လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက်စစ်ဆေးခဲ့ရာ မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်နေ ဦးအောင်မင်းနိုင် (၄၉နှစ်) (ဘ) ဦးဘိုကျင် မောင်းနှင်ပြီး သိန်းဝေဖြိုး(၂၅နှစ်) (ဘ)ဦးဝင်း ကြိုင် လိုက်ပါလာသည့် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းပိုင် HSE/2219 Super Custom မော်တော်ယာဉ်သည် ချင်းပြည်နယ် ဟားခါးမြို့နေ လူနာဖြစ်သူ ဦးဂျူလျှံရွှေ(စိစစ်ဆဲ)အား တင်ဆောင်ကာ နေပြည်တော်သို့ ထွက်ခွာလာစဉ် အခင်းဖြစ်နေရာအရောက် လမ်း၏ ယာဘက်ခြမ်းမှ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်၏ အရှေ့လေကာ မှန်၊ ယာဘက်ဘေးမှန်၊ ယာဉ်၏အရှေ့ခြမ်း မီးခွက် တစ်လုံးတို့ ပျက်စီး ခဲ့ကြောင်း သိရသည်။ 


အထက်ပါဖြစ်စဉ်တွင် လူနာတင်ဆောင်လာသည့် လူမှုကူညီရေး ယာဉ်အား    မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်   အကြမ်းဖက် လက်နက်ကိုင်အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူ များနှင့်ပူးပေါင်း၍ ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။                         

သတင်းစဉ်