ကိုဗစ် -၁၉ အသွားအလာကန့်သတ်မှုအစား စနစ်ကျသည့် ကန့်သတ်မှုများအစားထိုးမည်ဟု အီရန်သမ္မတပြော

 

တီဟီရန်  အောက်တိုဘာ  ၃


အီရန်နိုင်ငံ၌       ကိုဗစ်- ၁၉ ကူးစက်မှုများကြောင့်    အသွား အလာ     ကန့်သတ်မှုများနှင့် ပိတ်ဆို့ကန့်သတ်မှုများ    အစား စနစ်ကျနသည့်      ကန့်သတ်မှု များကို     တဖြည်းဖြည်းချင်း အစားထိုးသွားမည်ဟု    အီရန် သမ္မတ   အီဘရာဟင်ရိုင်စီက အောက်တိုဘာ ၂ ရက်တွင် ပြောသည်။ 


အီရန်သမ္မတသည် အမျိုးသား ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေး ရေး အစည်းအဝေးတွင် ပြောကြား ခဲ့ပြီး အသက် ၁၂  နှစ်နှင့်အထက် ကလေးများကို         ကာကွယ်ဆေး ထိုးပေးရန်               ပညာရေးဌာနနှင့် ကျန်းမာရေးဌာနတို့    ပူးပေါင်း ဆောင်ရွက်ကြရန်    တောင်းဆိုခဲ့ သည်။ ကိုဗစ် - ၁၉ တိုက်ဖျက်ရေး အတွက် တစ်ကိုယ်ရေသန့်ရှင်းမှု အသိ    ကင်းမဲ့ခြင်းသည်   အလွန် အန္တရာယ်ကြီးကြောင်းနှင့်  ကျန်းမာ ရေးဆိုင်ရာ စည်းမျဉ်း   စည်းကမ်း များကို      တင်းတင်းကျပ်ကျပ် ချမှတ်သင့်ကြောင်း  ၎င်းက   ပြောသည်။ 


ကာကွယ်ဆေးထိုးခြင်းဖြင့် လူများအတွက်   အလုံးစုံ   စိတ်ချ သွားရသည်ဆိုသည့်   အတွေးမှာ မှားယွင်းသည့်    အယူအဆဖြစ် ကြောင်း   ၎င်းက ပြောသည်။ အောက်တိုဘာ ၁ ရက်အထိ အီရန် နိုင်ငံ၌ စုစုပေါင်း  ကူးစက်ခံရသူ ၅၆၀၁၅၆၅ ဦးရှိပြီး   သေဆုံးသူ အရေအတွက်မှာလည်း   ၁၂၀၆၆၃ ဦး ရှိသည်။ ပြီးခဲ့သည့်  သီတင်း ပတ်များမှစတင်ကာ   အီရန်နိုင်ငံ တွင်     ကိုဗစ် - ၁၉  နောက်ထပ် ကူးစက်မှုနှုန်းနှင့်   သေဆုံးမှုနှုန်းမှာ ကျဆင်းလာခဲ့သည်။     


 ဆင်ဟွာ