
ဝါရှင်တန် အောက်တိုဘာ ၃
အမေရိကန်နိုင်ငံ၌ ယမန်နေ့အထိ နိုင်ငံတစ်ဝန်းတွင် ရောဂါကာကွယ်ဆေးအလုံး ရေ ၃၉၄၆၉၀၂၈၃ လုံးအထိ အသုံးပြုပြီး ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးအလုံးရေ ၄၇၈၃၆၂၀၄၅ လုံးအား နိုင်ငံ အတွင်း ဖြန့်ချိထားပြီးဖြစ်ကြောင်း အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ က ပြောကြားသည်။
အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးတစ်ကြိမ် ထိုးနှံပြီးသူစုစုပေါင်း ၂၁၄၈၇၀၆၉၆ ဦးရှိကြောင်းနှင့် ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း ၁၈၅၁၄၃၆၉၈ ဦးရှိကြောင်း သိရသည်။
အမေရိကန်နိုင်ငံသည် တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ဆုံးဖြတ်ခဲ့သည့် ဩဂုတ် ၁၃ ရက် နောက်ပိုင်းမှ စတင်ကာ Pfizer ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးနှင့် Moderna ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတို့ကို အပိုဆောင်းထိုးနှံပေးခဲ့ရာ လက်ရှိတွင် ပြည်သူ ၄ ဒသမ ၇၄ သန်းခန့်သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအပိုဆောင်း ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် ကူးစက်ခံရသူစုစုပေါင်း ၄၄ ဒသမ ၄၉ သန်း ကျော်ရှိကြောင်း၊ သေဆုံးသူစုစုပေါင်း ခုနစ် သိန်းကျော်ရှိကြောင်းနှင့် ပြန်လည်ကျန်းမာ လာသူစုစုပေါင်း ၃၃ ဒသမ ၉ သန်းကျော် ရှိကြောင်း သိရသည်။
ကိုးကား- စီအင်န်အေ
ဘာသာပြန်- အလင်းသစ်