အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၈ ဒသမ ၃၂ သန်းကျော်ရှိလာ

အဒစ်အဘာဘာ အောက်တိုဘာ ၃

အာဖရိကတိုက်၌ ယနေ့မွန်းလွဲပိုင်း အချိန်အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၈၃၂၆၉၂၅  ဦးရှိလာကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။


အာဖရိကသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကျန်းမာ ရေးအေဂျင်စီများအား ကိုယ်စားပြုသည့် အာဖရိက ရောဂါထိန်းချုပ်ရေးနှင့်    ကာကွယ်ရေးစင်တာ၏ ပြောကြားချက်အရ      အာဖရိကတိုက်တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကြောင့်   သေဆုံးသူစုစုပေါင်း ၂၁၁၈၄၂ ဦးရှိလာကြောင်း သိရသည်။ လက်ရှိတွင် အာဖရိကတိုက်၌ ကိုဗစ်-၁၉ ရောဂါမှ ပြန်လည် ကျန်းမာလာသူစုစုပေါင်း ၇၆၆၄၈၈၆  ဦးရှိကြောင်း သိရသည်။


တောင်အာဖရိကနိုင်ငံ၊ မော်ရိုကိုနိုင်ငံ၊ တူနီးရှား နိုင်ငံနှင့် အီသီယိုးပီးယားနိုင်ငံတို့သည် အာဖရိက တိုက်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးနိုင်ငံ များဖြစ်ကြောင်း အာဖရိကရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာက ပြောကြားသည်။


အာဖရိကတိုက်၌ အာဖရိကတောင်ပိုင်းဒေသ သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးဒေသ ဖြစ်ပြီး အာဖရိကမြောက်ပိုင်းနှင့် အရှေ့ပိုင်းဒေသ တို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု  ဒုတိယ အများဆုံးဒေသများဖြစ်ကာ အာဖရိကအလယ်ပိုင်း ဒေသသည်   ကိုဗစ်-၁၉ ရောဂါ    ကူးစက်ခံရမှု အနည်းဆုံးဖြစ်ကြောင်း သိရသည်။        

          
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်