
မက်ဒရစ် အောက်တိုဘာ ၄
လာပါးမားကျွန်းတွင် Cumbre Vieja မီးတောင်လှုပ်ခတ်မှု ဆက်လက် ဖြစ်ပွားနေသဖြင့် အဆိုပါဒေသတွင် အကူအညီပေး ရန်အတွက် ယူရို ၂၀၆ သန်းကို အကူအညီအဖြစ် ပေးအပ်သွား မည်ဟု စပိန်ဝန်ကြီးချုပ် ပီဒရို ဆန်ချက်ဇ်က အောက်တိုဘာ ၃ ရက်တွင် ကတိပြု ပြောကြားခဲ့ သည်။
အကူအညီပေးရေး အစီအစဉ် မှာ ရေပေးဝေမှု၊ ခရီးသွားကဏ္ဍနှင့် အခြေခံအဆောက်အအုံများတွင်အကူအညီပေးရန်အတွက် ရည် ရွယ်ထားခြင်းဖြစ်ပြီး အောက်တို ဘာ ၅ ရက်တွင် ပြုလုပ်မည့် အစိုးရ အဖွဲ့အစည်းအဝေးတွင် အတည်ပြုနိုင်ရေးအတွက် ရည် မှန်းထားသည်။ ဖြစ်နိုင်သမျှ မြန်မြန် လုပ်ဆောင်သွားမည်ဟု လည်း စပိန်ဝန်ကြီးချုပ်က ပြော သည်။
ကျွန်းသို့ အလည်လာသည့် ခရီးသွားများနှင့် ဒေသခံများ စိတ် ပိုင်းဆိုင်ရာ လုံခြုံရေးအတွက် ဆောင်ရွက် သွားမည်ဟုလည်း ၎င်းက ဆက်လက်ပြောကြား သည်။ စပိန်ဝန်ကြီးချုပ်သည် အဆိုပါကျွန်းသို့ အောက်တိုဘာ ၃ ရက်တွင် တတိယအကြိမ် အဖြစ် လာရောက်ခဲ့ပြီး မီးတောင် လှုပ်ခတ်နေသည်မှာလည်း ၁၅ ရက် ရှိနေပြီဖြစ်သည်။
မီးတောင်လှုပ်ခတ်မှုကြောင့်လူပေါင်း ၆၀၀၀ ဝန်းကျင်ကို ဘေး လွတ်ရာသို့ ပြောင်းရွှေ့ပေးခဲ့ရပြီး နေအိမ်ပေါင်း ၁၀၀၀ ကျော် ပျက်စီးခဲ့ရသည်။ မီးတောင် လှုပ်ခတ်မှု အခြေအနေများမှာ အောက်တိုဘာ ၂ ရက် ညပိုင်းတွင် ပိုမိုတိုးလာခဲ့သည်ဟုလည်း သိရ သည်။
ဆင်ဟွာ