ကဘူးလ်မြို့၌ ပေါက်ကွဲမှုကြောင့် အရပ်သား ငါးဦးထက်မနည်း သေဆုံး

 

 

ကဘူးလ်  အောက်တိုဘာ ၄


 အာဖဂန်နစ္စတန်နိုင်ငံမြို့တော် ကဘူးလ်တွင် အောက်တိုဘာ ၃ ရက် မွန်းလွဲပိုင်းက ပေါက်ကွဲ မှုဖြစ်ပွားခဲ့ရာ   အရပ်သားငါးဦးထက်မနည်းသေဆုံးခဲ့ရသည်ဟု မီဒီယာများတွင်  ဖော်ပြကြ သည်။   ကဘူးလ်မြို့လယ်ရှိ   ဘာသာရေး အဆောက်အအုံ ဝင်ပေါက်အနီးတွင် ပေါက်ကွဲ မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

တာလီဘန်ပြောရေးဆိုခွင့်ရှိသူ   ဇာဘိုင် ဟူလာ မာဂျာဟစ်၏  မိခင်ဖြစ်သူ  သေဆုံး သွားသည့်အတွက်     ဝတ်ပြုဆုတောင်းပွဲတစ်ခု ကျင်းပခြင်းဖြစ်သည်ဟု  မီဒီယာများတွင် ဖော် ပြကြသည်။ အဆိုပါပွဲသို့ တာလီဘန်များနှင့် ဒေသခံများ စုဝေးတက်ရောက်ခဲ့ကြသည်ဟု သိရသည်။       ဩဂုတ်လ   နှောင်းပိုင်းတွင် အမေရိကန်တပ်များ        အာဖဂန်မြေပေါ်မှ ရုပ်သိမ်းသွားပြီးနောက်      ပထမဆုံးအကြိမ် အဖြစ် မြို့တော်တွင်     တိုက်ခိုက်မှုအကြီးစား ဖြစ်ပွားခဲ့ခြင်းပင်ဖြစ်သည်။ 
အဆိုပါ ပေါက်ကွဲမှုမှာ   မည်သည့်  အဖွဲ့ အစည်း၏လက်ချက်ဖြစ်သည်ကိုမူ မသိရသေး ချေ။ ပြည်ထဲရေးဝန်ကြီးဌာနက စုံစမ်းစစ်ဆေး မှုများ ပြုလုပ်နေသည်ဟု တာလီဘန်နှင့် ဆက် သွယ်မှုရှိသည့် သတင်းအရင်းအမြစ်တစ်ခုက အင်န်အိတ်ချ်ကေသို့ ပြောသည်။   အာဖဂန် နစ္စတန်တွင် တာလီဘန်များ အာဏာရလာပြီး နောက်      အိုင်အက်စ်စစ်သွေးကြွများသည် တိုက်ခိုက်မှုများကို       အရှိန်မြှင့်လာခဲ့သည်။ ဩဂုတ် ၂၆ ရက်ကလည်း      ကဘူးလ်မြို့ လေဆိပ်အနီးတွင်    အသေခံဗုံးခွဲမှုကြောင့် လူပေါင်း ၁၀၀ ကျော်ထက်မနည်း     သေဆုံးခဲ့ ရသည်။                           အင်န်အိတ်ချ်ကေ