
ဆိုးလ် အောက်တိုဘာ ၄
မြောက်ကိုရီးယားနှင့် ဆက်သွယ်ရေးလိုင်းများကို တောင်ကိုရီးယား ဘက်မှ ယခင်အတိုင်း ပြန်လည်ထားရှိသည်ဟု တောင်ကိုရီးယား အစိုးရက ကြေညာခဲ့သည်။
ဆက်သွယ်ရေးလိုင်းများကို အောက်တိုဘာ ၄ ရက် နံနက် ၉ နာရီ တွင် ပြန်လည်ဖွင့်ပေးခဲ့သည်ဟု တောင်ကိုရီးယားနိုင်ငံ ပြန်လည် ပေါင်းစည်းရေးဝန်ကြီးဌာနက ပြောသည်။
မြောက်ကိုရီးယားဘက်မှလည်း ဆွေးနွေးမှုများ လျင်လျင်မြန်မြန် ပြန်လည်စတင်ရန်နှင့် ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုများကို ပိုမိုပြုလုပ်ရန်လည်း တိုက်တွန်းခဲ့သည်။
ဆက်သွယ်ရေးလိုင်းများကို ဇူလိုင်လအတွင်းက တစ်နှစ်နှင့်တစ်လ အတွင်း ပထမဆုံးအကြိမ်အဖြစ် ပြန်လည်ဖွင့်ခဲ့သော်လည်း နှစ်ပတ် အကြာတွင် အမေရိကန်-တောင်ကိုရီးယား ပူးတွဲလေ့ကျင့်မှုကြောင့် မြောက်ကိုရီးယားဘက်မှ လိုင်းများဖြတ်တောက်ခဲ့သည်။
ပြီးခဲ့သည့်သီတင်းပတ်အတွင်းက မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းသည် အောက်တိုဘာလအစောပိုင်းတွင် ဆက်သွယ်ရေး လိုင်းများ ပြန်လည်ဖွင့်ရန် ရည်ရွယ်ထားသည်ဟု ပြောသည်။
အင်န်အိတ်ချ်ကေ